Unicode

Apple iOS နဲ့ macOS Device အချင်းချင်း File Transfer ပြုလုပ်မယ်ဆိုရင် AirDrop က မပါမဖြစ် အဓိကလို့တောင် ပြောလို့ရပါတယ်။ ဒီလိုမျိုး Device အချင်းချင်း Third-party App ကို အသုံးပြုစရာမလိုဘဲ အလွယ်တကူ File Sharing လုပ်နိုင်တာက ဒီ Apple Ecosystem ရဲ့ အားသာချက်တစ်ခုလည်းဖြစ်နေပါတယ်။

ဒီလိုမျိုး Apple AirDrop ပုံစံ Feature တွေကို Android Device တွေကလည်း ပုံစံမျိုးစံုလိုက်လုပ်လာကြပြီး အခုနောက်ဆုံး Xiaomi ၊ OPPO နဲ့ Vivo တို့ကလည်း Cross-file Transfer Feature တစ်ခုကို ကြေညာထားလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း Android Device အကုန်လုံး အချင်းချင်းအသုံးပြုနိုင်တဲ့ File Transfer Service ကတော့ လက်ရှိအချိန်အထိ မရှိသေးပြန်ပါဘူး။

အဲ့ဒီအတွက် Google ကနေ ယခင်တုန်းက Fast Share လို့ နာမည်ပေးထားတဲ့ Android Beam အစားထိုး File Transfer Feature အသစ်ကို Android OS မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၀၁၉ ခုနှစ်ထဲက စတင်စမ်းသပ်နေခဲ့ပြီး မကြာခင်မှာ တရားဝင်မိတ်ဆက်လာဖို့များနေပါတယ်။ ဘာကြောင့်လဲဆိုရင် Google ကနေ Fast Share ဆိုတဲ့ နာမည်အစား Nearby Sharing ကို ပြန်လည် ပြောင်းလဲလိုက်တာကြောင့်ဖြစ်ပါတယ်။

အခု Fast Share တဖြစ်လဲ Nearby Sharing Feature ဟာ Device အချင်းချင်း Bluetooth ကနေ တစ်ဆင့်ရှာဖွေမှာဖြစ်ပြီး ရှာတွေ့ပြီဆိုတာနဲ့ Wi-Fi Direct ကို အသုံးပြုပြီးတော့ File Transfer ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး File တွေကို Share တဲ့နေရာမှာ Device Name ၊ Device Visibility တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်သလို Internet မလိုအပ်ဘဲ Transfer ပြုလုပ်နိုင်မှာပါ။

Google အနေနဲ့ အခု Feature ကို ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်သွားမလဲဆိုတာကိုတော့ တရားဝင်ပြောကြားခြင်းမရှိသေးပေမယ့် နီးကပ်နေပြီလို့ ယူဆရပါတယ်။

Ref – XDA Developers

Zawgyi

Apple iOS နဲ႔ macOS Device အခ်င္းခ်င္း File Transfer ျပဳလုပ္မယ္ဆိုရင္ AirDrop က မပါမျဖစ္ အဓိကလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဒီလိုမ်ိဳး Device အခ်င္းခ်င္း Third-party App ကို အသုံးျပဳစရာမလိုဘဲ အလြယ္တကူ File Sharing လုပ္ႏိုင္တာက ဒီ Apple Ecosystem ရဲ႕ အားသာခ်က္တစ္ခုလည္းျဖစ္ေနပါတယ္။

ဒီလိုမ်ိဳး Apple AirDrop ပုံစံ Feature ေတြကို Android Device ေတြကလည္း ပုံစံမ်ိဳးစံုလိုက္လုပ္လာၾကၿပီး အခုေနာက္ဆုံး Xiaomi ၊ OPPO နဲ႔ Vivo တို႔ကလည္း Cross-file Transfer Feature တစ္ခုကို ေၾကညာထားလိုက္ၿပီျဖစ္ပါတယ္။ ဒါေပမယ့္လည္း Android Device အကုန္လုံး အခ်င္းခ်င္းအသုံးျပဳႏိုင္တဲ့ File Transfer Service ကေတာ့ လက္ရွိအခ်ိန္အထိ မရွိေသးျပန္ပါဘူး။

အဲ့ဒီအတြက္ Google ကေန ယခင္တုန္းက Fast Share လို႔ နာမည္ေပးထားတဲ့ Android Beam အစားထိုး File Transfer Feature အသစ္ကို Android OS မွာ ၿပီးခဲ့တဲ့ ဇြန္လ ၂၀၁၉ ခုႏွစ္ထဲက စတင္စမ္းသပ္ေနခဲ့ၿပီး မၾကာခင္မွာ တရားဝင္မိတ္ဆက္လာဖို႔မ်ားေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ Google ကေန Fast Share ဆိုတဲ့ နာမည္အစား Nearby Sharing ကို ျပန္လည္ ေျပာင္းလဲလိုက္တာေၾကာင့္ျဖစ္ပါတယ္။

အခု Fast Share တျဖစ္လဲ Nearby Sharing Feature ဟာ Device အခ်င္းခ်င္း Bluetooth ကေန တစ္ဆင့္ရွာေဖြမွာျဖစ္ၿပီး ရွာေတြ႕ၿပီဆိုတာနဲ႔ Wi-Fi Direct ကို အသုံးျပဳၿပီးေတာ့ File Transfer ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဒီလိုမ်ိဳး File ေတြကို Share တဲ့ေနရာမွာ Device Name ၊ Device Visibility ေတြကို စိတ္ႀကိဳက္ျပင္ဆင္ႏိုင္သလို Internet မလိုအပ္ဘဲ Transfer ျပဳလုပ္ႏိုင္မွာပါ။

Google အေနနဲ႔ အခု Feature ကို ဘယ္အခ်ိန္မွာ တရားဝင္မိတ္ဆက္သြားမလဲဆိုတာကိုေတာ့ တရားဝင္ေျပာၾကားျခင္းမရွိေသးေပမယ့္ နီးကပ္ေနၿပီလို႔ ယူဆရပါတယ္။

Ref – XDA Developers