[Zawgyi]

Google အေနနဲ႔ Stadia လို႔ေခၚတဲ့ Game Streaming ပလက္ေဖာင္းကို Game Developers Conference (GDC) 2019 မွာ မိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။ Stadia ဟာ သီးသန္႔ Hardware ေတြဝယ္ယူစရာမလိုဘဲ အသုံးျပဳႏိုင္မယ့္ Cross-platform Game Streaming Service တစ္ခုျဖစ္ၿပီး Game ေတြကို Android စမတ္ဖုန္းကစလို႔ Chromecast Devices ေတြအထိ၊ ပလက္ေဖာင္း အကုန္လုံးမွာ Stream လုပ္ႏိုင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Google ဟာ Stadia ကို Gamers, Creators နဲ႔ Developers ေတြရဲ႕ ပင္မအဖြဲ႕အစည္းႀကီးတစ္ခု ျဖစ္လာဖို႔ကိုလည္း ရည္႐ြယ္ေနပါတယ္။

Google ဟာ Stadia နဲ႔အတူ တြဲဖက္အသုံးျပဳႏိုင္မယ့္ Stadia Controller ကိုလည္း GDC 2019 မွာ မိတ္ဆက္ခဲ့ပါေသးတယ္။ Stadia Controller မွာ Google Assistant ခလုတ္နဲ႔ YouTube မွာ ဗီဒီယိုမွ်ေဝေပးႏိုင္မယ့္ Share ခလုတ္ေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။ Stadia Controller ကို သီးသန္႔ မဝယ္ယူခ်င္ဘူးဆိုရင္လည္း သာမန္ USB Controllers ဒါမွမဟုတ္ Keyboard နဲ႔ Mouse ေတြကို အသုံးျပဳႏိုင္ပါတယ္။

လက္ရွိ Stadia မွာ ေထာက္ပံ့ေပးထားတဲ့ ပထမဦးဆုံး Game ေတြထဲက တစ္ခုကေတာ့ DOOM Eternal ျဖစ္ၿပီး 4K Resolution ကို 60fps (frame per second) နဲ႔ ေဆာ့ကစားႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Game ေတာ္ေတာ္မ်ားမ်ားမွာ 8K Resolution ကို 120fps နဲ႔ ေဆာ့ကစားႏိုင္ေအာင္ လုပ္ေဆာင္ေပးဖို႔ ႀကိဳးစားေနတယ္လို႔ Google က ေျပာၾကားထားပါတယ္။

Google အေနနဲ႔ Stadia ကို စတင္အသုံးျပဳႏိုင္မယ့္ေန႔နဲ႔ ေစ်းႏႈန္းေတြကိုေတာ့ အတိအက် ထုတ္ေဖာ္ေျပာၾကားသြားျခင္း မရွိပါဘူး။ ဒါေပမယ့္ အေမရိကန္၊ ကေနဒါနဲ႔ ဥေရာပႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ စတင္ေရာက္ရွိလာႏိုင္ၿပီး ေစ်းႏႈန္းကိုေတာ့ သိပ္မၾကာခင္မွာ ေၾကညာသြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref : Xda-developer

[Unicode]

“Stadia” Game Streaming ပလက်ဖောင်းကို မိတ်ဆက်လိုက်တဲ့ Google

Google အနေနဲ့ Stadia လို့ခေါ်တဲ့ Game Streaming ပလက်ဖောင်းကို Game Developers Conference (GDC) 2019 မှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Stadia ဟာ သီးသန့် Hardware တွေဝယ်ယူစရာမလိုဘဲ အသုံးပြုနိုင်မယ့် Cross-platform Game Streaming Service တစ်ခုဖြစ်ပြီး Game တွေကို Android စမတ်ဖုန်းကစလို့ Chromecast Devices တွေအထိ၊ ပလက်ဖောင်း အကုန်လုံးမှာ Stream လုပ်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Google ဟာ Stadia ကို Gamers, Creators နဲ့ Developers တွေရဲ့ ပင်မအဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာဖို့ကိုလည်း ရည်ရွယ်နေပါတယ်။

Google ဟာ Stadia နဲ့အတူ တွဲဖက်အသုံးပြုနိုင်မယ့် Stadia Controller ကိုလည်း GDC 2019 မှာ မိတ်ဆက်ခဲ့ပါသေးတယ်။ Stadia Controller မှာ Google Assistant ခလုတ်နဲ့ YouTube မှာ ဗီဒီယိုမျှဝေပေးနိုင်မယ့် Share ခလုတ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ Stadia Controller ကို သီးသန့် မဝယ်ယူချင်ဘူးဆိုရင်လည်း သာမန် USB Controllers ဒါမှမဟုတ် Keyboard နဲ့ Mouse တွေကို အသုံးပြုနိုင်ပါတယ်။

လက်ရှိ Stadia မှာ ထောက်ပံ့ပေးထားတဲ့ ပထမဦးဆုံး Game တွေထဲက တစ်ခုကတော့ DOOM Eternal ဖြစ်ပြီး 4K Resolution ကို 60fps (frame per second) နဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Game တော်တော်များများမှာ 8K Resolution ကို 120fps နဲ့ ဆော့ကစားနိုင်အောင် လုပ်ဆောင်ပေးဖို့ ကြိုးစားနေတယ်လို့ Google က ပြောကြားထားပါတယ်။

Google အနေနဲ့ Stadia ကို စတင်အသုံးပြုနိုင်မယ့်နေ့နဲ့ စျေးနှုန်းတွေကိုတော့ အတိအကျ ထုတ်ဖော်ပြောကြားသွားခြင်း မရှိပါဘူး။ ဒါပေမယ့် အမေရိကန်၊ ကနေဒါနဲ့ ဥရောပနိုင်ငံတော်တော်များများမှာ စတင်ရောက်ရှိလာနိုင်ပြီး စျေးနှုန်းကိုတော့ သိပ်မကြာခင်မှာ ကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။

Ref : Xda-developer