Zawgyi

စမတ္ဖုန္းအမ်ားစုမွာ AI Assistant ေတြကို ထည့္သြင္းလာၾကတယ္ဆုိေပမယ့္ တကယ္တမ္းမွာေတာ့ Google Assistant ၊ Apple Siri နဲ႔ Amazon Alexa တို႔ကပဲ လူသံုးအမ်ားဆံုးျဖစ္ေနဆဲပါ။ အခုအခ်ိန္မွာေတာ့ Research Firm တစ္ခုျဖစ္တဲ့ Loup Ventures ကေန ဒီ AI Assistant ေတြထဲမွာ ဘယ္ေကာင္ကအေကာင္းဆံုးလဲဆုိတာကို Semi-Annual Report တစ္ခုထုတ္ျပန္ခဲ့ပါတယ္။

Loup Ventures ရဲ႕ Report ဟာ Analyst ေတြျဖစ္တဲ့ Gene Muster နဲ႔ Will Thompson တို႔က Assistant တစ္ခုစီကို မတူညီတဲ့ Categories ၅ ခုေအာက္မွာ ေမးခြန္းေပါင္း ၈၀၀ ေမးျမန္းျပီးေတာ့ ဒီ AI Assistant ေတြရဲ႕ နားလည္ႏုိင္စြမ္းနဲ႔ Accuracy ကို စမ္းသပ္ခဲ့တာျဖစ္ပါတယ္။

အခုစမ္းသပ္ခ်က္အရ Google Assistant တစ္ခုထဲကပဲ ေမးသမွ် ေမးခြန္းတုိင္းကို 100% နားလည္ျပီးေတာ့ အေျဖမွန္ကို 92.9% အထိ ျပန္လည္ေျဖၾကားျပီးေတာ့ အေကာင္းဆံုး AI Assistant အျဖစ္ ရပ္တည္ေနဆဲျဖစ္ပါတယ္။ တဖက္မွာေတာ့ Apple ရဲ႕ Siri က ေမးခြန္းေတြရဲ႕ 99.8% အထိ နားလည္ျပီးေတာ့ အေျဖမွန္ကို 83.1% အထိပဲ ျပန္လည္ေျဖၾကားႏုိင္ခဲ့ပါတယ္။ ေနာက္ဆံုးမွာေတာ့ Amazon ရဲ႕ Alexa က ေမးခြန္းေတြရဲ႕ 99.9% အထိ နားလည္တယ္ဆိုေပမယ့္ အေျဖမွန္ကိုျပန္ေျဖႏုိင္စြမ္းကေတာ့ 79.8% ပဲရွိေနတာျဖစ္ပါတယ္။ ေျပာရမယ္ဆုိရင္ Google Assistant က ေမးခြန္း ၈၀၀ မွာ ၅၇ ခုပဲ မွားယြင္းေျဖၾကားေနတဲ့အခ်ိန္မွာ Amazon Alexa က ၁၆၂ ခုအထိ မွားျပီးေျဖေနတာပါ။

Categories အရၾကည့္မယ္ဆုိရင္လည္း Google Assistant က အမိန္႔ေပးခုိင္းေစတဲ့ Command မွာ Siri ကို ရႈံးခဲ့တာကလြဲျပီး က်န္တဲ့ Local ၊ Commerce ၊ Navigation နဲ႔ Information ပိုင္းေတြမွာ ထိပ္ဆံုးက ရပ္တည္ေနဆဲျဖစ္ပါတယ္။ ဒါက Google အေနနဲ႔ Assistant ကိုဘယ္ေလာက္ထိ ေကာင္းမြန္ေအာင္ ျပဳလုပ္ထားလဲဆုိတာ သိသာေနေစျပန္ပါတယ္။

ယခု Report မွာေတာ့ Google Assistant က ပထမေနရာကို ဆက္လက္ဗိုလ္စြဲထားတယ္ဆိုေပမယ့္ တျခားေသာ AI Assistant ေတြကလည္း ယခင္ကထက္ပိုျပီး တုိးတက္လာတယ္လုိ႔ Loup Ventures က သံုးသပ္သြားခဲ့ပါတယ္။ ဒါေပမယ့္ Google က လာမယ့္ ေအာက္တုိဘာလမွာ Pixel 4 စမတ္ဖုန္းနဲ႔အတူ Next Gen Google Assistant ကို မိတ္ဆက္လာမွာျဖစ္တဲ့အတြက္ အဲ့ဒီအခ်ိန္ၾကရင္ Siri နဲ႔ Alexa တုိ႔က လုိက္မွီပါဦးမလားဆုိတာက စိတ္ဝင္စားစရာပါ။

Ref – Mashable

Unicode

စမတ်ဖုန်းအများစုမှာ AI Assistant တွေကို ထည့်သွင်းလာကြတယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ Google Assistant ၊ Apple Siri နဲ့ Amazon Alexa တို့ကပဲ လူသုံးအများဆုံးဖြစ်နေဆဲပါ။ အခုအချိန်မှာတော့ Research Firm တစ်ခုဖြစ်တဲ့ Loup Ventures ကနေ ဒီ AI Assistant တွေထဲမှာ ဘယ်ကောင်ကအကောင်းဆုံးလဲဆိုတာကို Semi-Annual Report တစ်ခုထုတ်ပြန်ခဲ့ပါတယ်။

Loup Ventures ရဲ့ Report ဟာ Analyst တွေဖြစ်တဲ့ Gene Muster နဲ့ Will Thompson တို့က Assistant တစ်ခုစီကို မတူညီတဲ့ Categories ၅ ခုအောက်မှာ မေးခွန်းပေါင်း ၈၀၀ မေးမြန်းပြီးတော့ ဒီ AI Assistant တွေရဲ့ နားလည်နိုင်စွမ်းနဲ့ Accuracy ကို စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

အခုစမ်းသပ်ချက်အရ Google Assistant တစ်ခုထဲကပဲ မေးသမျှ မေးခွန်းတိုင်းကို 100% နားလည်ပြီးတော့ အဖြေမှန်ကို 92.9% အထိ ပြန်လည်ဖြေကြားပြီးတော့ အကောင်းဆုံး AI Assistant အဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။ တဖက်မှာတော့ Apple ရဲ့ Siri က မေးခွန်းတွေရဲ့ 99.8% အထိ နားလည်ပြီးတော့ အဖြေမှန်ကို 83.1% အထိပဲ ပြန်လည်ဖြေကြားနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Amazon ရဲ့ Alexa က မေးခွန်းတွေရဲ့ 99.9% အထိ နားလည်တယ်ဆိုပေမယ့် အဖြေမှန်ကိုပြန်ဖြေနိုင်စွမ်းကတော့ 79.8% ပဲရှိနေတာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Google Assistant က မေးခွန်း ၈၀၀ မှာ ၅၇ ခုပဲ မှားယွင်းဖြေကြားနေတဲ့အချိန်မှာ Amazon Alexa က ၁၆၂ ခုအထိ မှားပြီးဖြေနေတာပါ။

Categories အရကြည့်မယ်ဆိုရင်လည်း Google Assistant က အမိန့်ပေးခိုင်းစေတဲ့ Command မှာ Siri ကို ရှုံးခဲ့တာကလွဲပြီး ကျန်တဲ့ Local ၊ Commerce ၊ Navigation နဲ့ Information ပိုင်းတွေမှာ ထိပ်ဆုံးက ရပ်တည်နေဆဲဖြစ်ပါတယ်။ ဒါက Google အနေနဲ့ Assistant ကိုဘယ်လောက်ထိ ကောင်းမွန်အောင် ပြုလုပ်ထားလဲဆိုတာ သိသာနေစေပြန်ပါတယ်။

ယခု Report မှာတော့ Google Assistant က ပထမနေရာကို ဆက်လက်ဗိုလ်စွဲထားတယ်ဆိုပေမယ့် တခြားသော AI Assistant တွေကလည်း ယခင်ကထက်ပိုပြီး တိုးတက်လာတယ်လို့ Loup Ventures က သုံးသပ်သွားခဲ့ပါတယ်။ ဒါပေမယ့် Google က လာမယ့် အောက်တိုဘာလမှာ Pixel 4 စမတ်ဖုန်းနဲ့အတူ Next Gen Google Assistant ကို မိတ်ဆက်လာမှာဖြစ်တဲ့အတွက် အဲ့ဒီအချိန်ကြရင် Siri နဲ့ Alexa တို့က လိုက်မှီပါဦးမလားဆိုတာက စိတ်ဝင်စားစရာပါ။

Ref – Mashable