နည်းပညာကုမ္ပဏီကြီးတွေကတော့ သူတို့ကိုယ်တိုင်လည်း ဖန်တီးမှုတွေလုပ်ကြသလို အောင်မြင်ပြီးသား နည်းပညာကုမ္ပဏီအသေးလေးတွေကိုလည်း ဝယ်ယူသိမ်းပိုက်တာမျိုးလည်း ရှိပါတယ်။ အဲ့ဒီထဲကမှ Google ကတော့ Nokia ရဲ့ ကျမ်းမာရေးထုန်ကုန်တွေကို ထုန်လုပ်တဲ့အပိုင်းကို ဝယ်ယူဖို့အတွက် စိတ်ဝင်စားနေပါတယ်။

Nokia ကတော့ Withings ဆိုတဲ့ ကျန်းမာရေးပစ္စည်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီကို ၂၀၁၆ ခုနှစ်မှာဝယ်ယူခဲ့တာဖြစ်ပါတယ်။ Withings ကိုဝယ်ယူပြီးနောက်မှာတော့ Withings ဆီကနည်းပညာအချို့ကိုရယူပြီး Nokia ရဲ့ Smartwatch တွေမှာထည့်သွင်းအသုံးပြုခဲ့ပါတယ်။ Nokia ရဲ့ Fitness Tracking လုပ်ပေးတဲ့နာရီကလည်း ဈေးကွက်ထဲမှာအောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိခဲ့ပါတယ်။

Google အနေနဲ့လည်း သူတို့ရဲ့ Wear OS ကို ကျန်းမာရေးနဲ့ပတ်သက်တဲ့ Feature အသစ်တွေကို ထည့်သွင်းဖို့ အတွက်တာဆူနေတယ်လို့ ယူဆရပါတယ်။ Wear OS ကို ပိုကောင်းအောင် အဆင့်မြှင့်တင်မှုတွေလုပ်လာပြီး Apple ရဲ့ watchOS ကိုလိုက်ယှဉ်ပြိုင်နိုင်ဖို့ ဖြစ်လာနိုင်ပါတယ်။ Google အနေနဲ့တော့ Android Smartwatch တွေအတွက် ဈေးကွက်ကြီးကြီးမားမားတစ်ခုဖြစ်လာဖို့အထိ ရည်ရွယ်ချက်ရှိနေတာသေခြာပါတယ်။

နောက်ပိုင်းမှာ Google ရဲ့ Pixel ဖုန်းတွေမှာလည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ Feature တွေထည့်ပေးလာနိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ ကျန်းမာရေးကိစ္စတွေနဲ့ပတ်သက်လာရင်တော့ လက်ရှိအချိန်မှာ Apple ရဲ့ iOS နဲ့ watchOS က တော်တော်လေးကို ရှေ့ရောက်နေပါပြီ။ ဆေးရုံတွေက ဆရာဝန်တွေနဲ့ လူနာနဲ့ကြားမှာ iPhone တွေ၊ iPad တွေကိုသုံးပြီးတော့ပဲ ကျန်းမာရေးကိစ္စတွေ ဆောင်ရွက်လာနိုင်ခဲ့တာ အချိန်တစ်ခုကြာသွားခဲ့ပါပြီ။ Google နဲ့ Apple တို့ရဲ့ယှဉ်ပြိုင်မှုတွေကတော့ ဘယ်တော့မှပြီးဆုံးနိုင်မှာ မဟုတ်ပါဘူး။