[Zawgyi]

Android အတြက္ Google Translate ကေတာ့ ထပ္ၿပီး Update ေတြရရွိျပန္ၿပီ ျဖစ္ပါတယ္။ ဘာသာစကားေပါင္း ၆၀ ေက်ာ္ကို ထပ္မံထည့္သြင္းခဲ့တယ္လို႔ သိရပါတယ္။ အသစ္ထပ္မံေထာက္ပံ့မႈမွာေတာ့ ဘာသာစကားသစ္ေတြကို ကင္မရာကတစ္ဆင့္ ခ်က္ခ်င္းဘာသာျပန္ႏိုင္တဲ့ Feature လည္း ထည့္သြင္းခဲ့တာ ျဖစ္ပါတယ္။

ဒီလိုမ်ိဳး ကင္မရာဖြင့္ၿပီး ဘာသာျပန္ႏိုင္တာဟာ Google Lens က အခ်ိန္နဲ႔တေျပးညီ ဘာသာျပန္ႏိုင္တဲ့ Feature နဲ႔ ဆင္တူတယ္လို႔ ဆိုရပါလိမ့္မယ္။ အကယ္၍ Update သစ္ကို ရရွိၿပီးၿပီဆိုရင္ေတာ့ ဖုန္းကင္မရာကို အသုံးျပဳၿပီး အာရဗစ္၊ ဟိႏၵဴ၊ မေလး၊ ထိုင္းနဲ႔ ဗီယက္နမ္အပါအဝင္ အျခားဘာသာစကားေတြကို လြယ္လြယ္ကူကူ ဘာသာျပန္ဆိုႏိုင္ၿပီ ျဖစ္ပါတယ္။

ကင္မရာဖြင့္ၿပီး ဘာသာျပန္ႏိုင္တာဟာ App က မူရင္းဘာသာစကားရင္းျမစ္ကို အလိုအေလ်ာက္ စူးစမ္းရွာေဖြၿပီး Neural Machine Translation (NMT) နည္းပညာအကူအညီနဲ႔ ဘာသာျပန္လိုက္တာ ျဖစ္ပါတယ္။ ဒီဘာသာျပန္ျခင္းဟာ မူရင္းဘာသာစကားနဲ႔ တိုက္ဆိုင္ၾကည့္ရင္ အမွားအယြင္းျဖစ္မႈ ၅၅ ကေန ၈၅ ရာခိုင္ႏႈန္းထိ ေလ်ာ့က်သြားတယ္လို႔လည္း ဆိုပါတယ္။

ေနာက္ထပ္ အသုံးဝင္တဲ့ Feature ကေတာ့ ေထာက္ပံ့ထားတဲ့ ဘာသာစကား ၁၀၀ ကို အဂၤလိပ္ဘာသာစကားဆီ ထပ္မံ ျပန္ဆိုႏိုင္တာပါပဲ။ ဒါ့အျပင္ အသုံးျပဳရတာလည္း ပိုလြယ္လာတယ္လို႔ ဆိုပါတယ္။ အကယ္၍ စမ္းသပ္ၾကည့္ခ်င္တယ္ဆိုရင္ေတာ့ Play Store က Google Translate ေနာက္ဆုံးဗားရွင္းကို ေဒါင္းလုဒ္ဆြဲၿပီး စမ္းသပ္ႏိုင္မွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Update မှာ ဘာသာစကားပေါင်း ၆၀ ကျော် ထပ်ပါလာတဲ့ Google Translate

Android အတွက် Google Translate ကတော့ ထပ်ပြီး Update တွေရရှိပြန်ပြီ ဖြစ်ပါတယ်။ ဘာသာစကားပေါင်း ၆၀ ကျော်ကို ထပ်မံထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ အသစ်ထပ်မံထောက်ပံ့မှုမှာတော့ ဘာသာစကားသစ်တွေကို ကင်မရာကတစ်ဆင့် ချက်ချင်းဘာသာပြန်နိုင်တဲ့ Feature လည်း ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမျိုး ကင်မရာဖွင့်ပြီး ဘာသာပြန်နိုင်တာဟာ Google Lens က အချိန်နဲ့တပြေးညီ ဘာသာပြန်နိုင်တဲ့ Feature နဲ့ ဆင်တူတယ်လို့ ဆိုရပါလိမ့်မယ်။ အကယ်၍ Update သစ်ကို ရရှိပြီးပြီဆိုရင်တော့ ဖုန်းကင်မရာကို အသုံးပြုပြီး အာရဗစ်၊ ဟိန္ဒူ၊ မလေး၊ ထိုင်းနဲ့ ဗီယက်နမ်အပါအဝင် အခြားဘာသာစကားတွေကို လွယ်လွယ်ကူကူ ဘာသာပြန်ဆိုနိုင်ပြီ ဖြစ်ပါတယ်။

ကင်မရာဖွင့်ပြီး ဘာသာပြန်နိုင်တာဟာ App က မူရင်းဘာသာစကားရင်းမြစ်ကို အလိုအလျောက် စူးစမ်းရှာဖွေပြီး Neural Machine Translation (NMT) နည်းပညာအကူအညီနဲ့ ဘာသာပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီဘာသာပြန်ခြင်းဟာ မူရင်းဘာသာစကားနဲ့ တိုက်ဆိုင်ကြည့်ရင် အမှားအယွင်းဖြစ်မှု ၅၅ ကနေ ၈၅ ရာခိုင်နှုန်းထိ လျော့ကျသွားတယ်လို့လည်း ဆိုပါတယ်။

နောက်ထပ် အသုံးဝင်တဲ့ Feature ကတော့ ထောက်ပံ့ထားတဲ့ ဘာသာစကား ၁၀၀ ကို အင်္ဂလိပ်ဘာသာစကားဆီ ထပ်မံ ပြန်ဆိုနိုင်တာပါပဲ။ ဒါ့အပြင် အသုံးပြုရတာလည်း ပိုလွယ်လာတယ်လို့ ဆိုပါတယ်။ အကယ်၍ စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ Play Store က Google Translate နောက်ဆုံးဗားရှင်းကို ဒေါင်းလုဒ်ဆွဲပြီး စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။

Ref: GSMArena