[Unicode]

အစည်းအဝေးနဲ့ အင်တာဗျူးတွေမှာ အသံဖမ်းယူကြတဲ့ လူတွေအတွက် အထောက်အကူဖြစ်မယ့် လုပ်ဆောင်ချက် ၁ ခုကို Google က ဖန်တီးပေးတော့မှာ ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုမှာ ကျင်းပခဲ့တဲ့ ပွဲ ၁ ခုမှာ Translate App ရဲ့ Transcription လုပ်ဆောင်ချက် အသစ်ကို Google က ပြသခဲ့ပါတယ်။

The Verge က ဒီလုပ်ဆောင်ချက်ဟာ ဘာသာစကား ၁ ခုနဲ့ ပြောလိုက်တဲ့ စကားတွေကို တခြား ဘာသာစကား ၁ ခုအနေနဲ့ စာရေးသား မှတ်ထားပေးနိုင်တယ်လို့ ပြောပါတယ်။ အစောပိုင်းမှာ Live Recordings တွေကိုပဲ ထောက်ပံ့မှာ ဖြစ်ပြီး ကြိုတင်ဖမ်းယူထားတဲ့ အသံဖိုင်တွေကို မထောက်ပံ့သေးပါဘူး။ ဒီလုပ်ဆောင်ချက်မှာ Cloud အခြေပြု AI ကို အသုံးပြုထားပြီး Google က Android မှာ အစောဆုံး ထည့်သွင်းပေးမယ်လို့ သိရပါတယ်။

CNET ရဲ့ သတင်းအရ Google ဟာ ပြင်သစ်၊ ဂျာမနီနဲ့ စပိန် အပါအဝင် ဘာသာစကားများစွာအတွက် ဒီလုပ်ဆောင်ချက်ကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ Google က Pixel စမတ်ဖုန်းတွေရဲ့ Recorder App မှာ အလားတူ Transcription လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် စမတ်ဖုန်းမှာ ပါတဲ့ AI ကို အသုံးပြုထားတဲ့အတွက် စွမ်းရည် သိပ်မမြင့်မားသလို အင်္ဂလိပ် ဘာသာစကားကိုပဲ ထောက်ပံ့ပါတယ်။

Google က အဲဒီ လုပ်ဆောင်ချက်ကို Translate App မှာ ထည့်သွင်းပေးမယ့် အချိန်ကို မပြောသေးပါဘူး။ မကြာခင် ထည့်သွင်းပေးတော့မယ်လို့ ထင်ပါတယ်။ Google Translate App ဟာ ဘာသာခြား လူမျိုးတွေနဲ့ စကားပြောတဲ့အခါမှာ အရမ်းကို အထောက်အကူပြုပါတယ်။ အခုလုပ်ဆောင်ချက် အသစ်ကလည်း AI ကို သုံးထားတဲ့အတွက် အရမ်းကို အစွမ်းထက်မှာ သေချာပါတယ်။

Ref : tnw

[Zawgyi]

Google Translate မွာ Transcribe Recordings ပါလာေတာ့မည္

အစည္းအေဝးနဲ႔ အင္တာဗ်ဴးေတြမွာ အသံဖမ္းယူၾကတဲ့ လူေတြအတြက္ အေထာက္အကူျဖစ္မယ့္ လုပ္ေဆာင္ခ်က္ ၁ ခုကို Google က ဖန္တီးေပးေတာ့မွာ ျဖစ္ပါတယ္။ ဆန္ဖရန္စစၥကိုမွာ က်င္းပခဲ့တဲ့ ပြဲ ၁ ခုမွာ Translate App ရဲ႕ Transcription လုပ္ေဆာင္ခ်က္ အသစ္ကို Google က ျပသခဲ့ပါတယ္။

The Verge က ဒီလုပ္ေဆာင္ခ်က္ဟာ ဘာသာစကား ၁ ခုနဲ႔ ေျပာလိုက္တဲ့ စကားေတြကို တျခား ဘာသာစကား ၁ ခုအေနနဲ႔ စာေရးသား မွတ္ထားေပးႏိုင္တယ္လို႔ ေျပာပါတယ္။ အေစာပိုင္းမွာ Live Recordings ေတြကိုပဲ ေထာက္ပံ့မွာ ျဖစ္ၿပီး ႀကိဳတင္ဖမ္းယူထားတဲ့ အသံဖိုင္ေတြကို မေထာက္ပံ့ေသးပါဘူး။ ဒီလုပ္ေဆာင္ခ်က္မွာ Cloud အေျချပဳ AI ကို အသုံးျပဳထားၿပီး Google က Android မွာ အေစာဆုံး ထည့္သြင္းေပးမယ္လို႔ သိရပါတယ္။

CNET ရဲ႕ သတင္းအရ Google ဟာ ျပင္သစ္၊ ဂ်ာမနီနဲ႔ စပိန္ အပါအဝင္ ဘာသာစကားမ်ားစြာအတြက္ ဒီလုပ္ေဆာင္ခ်က္ကို စမ္းသပ္ေနတယ္လို႔ သိရပါတယ္။ Google က Pixel စမတ္ဖုန္းေတြရဲ႕ Recorder App မွာ အလားတူ Transcription လုပ္ေဆာင္ခ်က္ကို ထည့္သြင္းေပးထားပါတယ္။ ဒါေပမယ့္ စမတ္ဖုန္းမွာ ပါတဲ့ AI ကို အသုံးျပဳထားတဲ့အတြက္ စြမ္းရည္ သိပ္မျမင့္မားသလို အဂၤလိပ္ ဘာသာစကားကိုပဲ ေထာက္ပံ့ပါတယ္။

Google က အဲဒီ လုပ္ေဆာင္ခ်က္ကို Translate App မွာ ထည့္သြင္းေပးမယ့္ အခ်ိန္ကို မေျပာေသးပါဘူး။ မၾကာခင္ ထည့္သြင္းေပးေတာ့မယ္လို႔ ထင္ပါတယ္။ Google Translate App ဟာ ဘာသာျခား လူမ်ိဳးေတြနဲ႔ စကားေျပာတဲ့အခါမွာ အရမ္းကို အေထာက္အကူျပဳပါတယ္။ အခုလုပ္ေဆာင္ခ်က္ အသစ္ကလည္း AI ကို သုံးထားတဲ့အတြက္ အရမ္းကို အစြမ္းထက္မွာ ေသခ်ာပါတယ္။

Ref : tnw