[Zawgyi]

Google ဟာ ထင္သေလာက္ ေအာင္ျမင္မႈမရခဲ့ဘူးလို႔ဆိုရမယ့္ Messaging service အခ်ိဳ႕ကို ႐ုပ္သိမ္းခဲ့ၿပီး Voice ကို အာ႐ုံစိုက္ေနခဲ့ၿပီ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္အေတာ္ၾကာကတည္းက ျပဳျပင္မႈေတြလုပ္ေနခဲ့တဲ့ Voice service ကို ၿပီးခဲ့တဲ့ ႏွစ္ဦးပိုင္းတုန္းက Beta version အျဖစ္ အထိုင္ခ်ႏိုင္ခဲ့ပါတယ္။

အခုေတာ့ VoIP (voice-over-IP) calling ေတြကို ထုတ္လႊတ္လိုက္ၿပီလို႔ သိရပါတယ္။ လက္ရွိထုတ္လႊတ္မႈက က်ယ္က်ယ္ျပန႔္ျပန႔္ မရွိေသးေပမယ့္ လာမယ့္ တစ္ပတ္၊ ဒါမွမဟုတ္ ႏွစ္ပတ္အတြင္းမွာ ပိုၿပီးမ်ားျပားတဲ့ Google Voice user ေတြဆီ ေရာက္ရွိသြားလိမ့္မယ္လို႔ သိရပါတယ္။

ဒီသတင္းကိုေတာ့ Google Voice ရဲ႕ Product lead က Twitter မွာ မွ်ေဝၿပီး အတည္ျပဳေပးသြားခဲ့တာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ Google အေနနဲ႔ ဒီဝန္ေဆာင္မႈကို လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဧၿပီလကတည္းက အသုံးျပဳသူေတြလက္ထဲကို ထည့္ေပးခ်င္ခဲ့ေပမယ့္ ၿပီးျပည့္စုံမႈမရွိေသးတာေၾကာင့္ အခုလို အခ်ိန္ၾကာျမင့္ခဲ့ရတာ ျဖစ္ေၾကာင္းကိုလည္း ေရးသားခဲ့ပါေသးတယ္။

ဒါေပမယ့္ အခုလို အခ်ိန္ၾကန႔္ၾကာေနရတဲ့ အေၾကာင္းအရင္းက ဘာေၾကာင့္လဲဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း ေရးသားေဖာ္ျပခဲ့ျခင္း မရွိတာကို ေတြ႕ရပါတယ္။ Google ရဲ႕ Messaging service တစ္ခုျဖစ္တဲ့ Hangouts ကလည္း ၂၀၂၀ မွာ ပိတ္သိမ္းသြားမွာမဟုတ္ဘဲ Hangouts Chat နဲ႔ Hangouts Meet ေတြကို အဆင့္ျမႇင့္တင္သြားဦးမွာ ျဖစ္တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါေသးတယ္။ ဒါေပမယ့္ အသုံးျပဳသူသန္းတစ္ဝက္နီးပါးရဲ႕ အခ်က္အလက္ေတြ ေပါက္ၾကားခဲ့တာေၾကာင့္ Google+ ကို ပိတ္သိမ္းေတာ့မွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

VoIP calling ကို ထုတ်လွှတ်လိုက်တဲ့ Google

Google ဟာ ထင်သလောက် အောင်မြင်မှုမရခဲ့ဘူးလို့ဆိုရမယ့် Messaging service အချို့ကို ရုပ်သိမ်းခဲ့ပြီး Voice ကို အာရုံစိုက်နေခဲ့ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက ပြုပြင်မှုတွေလုပ်နေခဲ့တဲ့ Voice service ကို ပြီးခဲ့တဲ့ နှစ်ဦးပိုင်းတုန်းက Beta version အဖြစ် အထိုင်ချနိုင်ခဲ့ပါတယ်။

အခုတော့ VoIP (voice-over-IP) calling တွေကို ထုတ်လွှတ်လိုက်ပြီလို့ သိရပါတယ်။ လက်ရှိထုတ်လွှတ်မှုက ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပေမယ့် လာမယ့် တစ်ပတ်၊ ဒါမှမဟုတ် နှစ်ပတ်အတွင်းမှာ ပိုပြီးများပြားတဲ့ Google Voice user တွေဆီ ရောက်ရှိသွားလိမ့်မယ်လို့ သိရပါတယ်။

ဒီသတင်းကိုတော့ Google Voice ရဲ့ Product lead က Twitter မှာ မျှဝေပြီး အတည်ပြုပေးသွားခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် Google အနေနဲ့ ဒီဝန်ဆောင်မှုကို လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလကတည်းက အသုံးပြုသူတွေလက်ထဲကို ထည့်ပေးချင်ခဲ့ပေမယ့် ပြီးပြည့်စုံမှုမရှိသေးတာကြောင့် အခုလို အချိန်ကြာမြင့်ခဲ့ရတာ ဖြစ်ကြောင်းကိုလည်း ရေးသားခဲ့ပါသေးတယ်။

ဒါပေမယ့် အခုလို အချိန်ကြန့်ကြာနေရတဲ့ အကြောင်းအရင်းက ဘာကြောင့်လဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။ Google ရဲ့ Messaging service တစ်ခုဖြစ်တဲ့ Hangouts ကလည်း ၂၀၂၀ မှာ ပိတ်သိမ်းသွားမှာမဟုတ်ဘဲ Hangouts Chat နဲ့ Hangouts Meet တွေကို အဆင့်မြှင့်တင်သွားဦးမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမယ့် အသုံးပြုသူသန်းတစ်ဝက်နီးပါးရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တာကြောင့် Google+ ကို ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။

Ref: GSMArena