ဒီနေ့ဒီအချိန်မှာတော့ Google ရဲ့ ဝန်ဆောင်မှုတွေကို လူသားသန်းပေါင်းများစွာက ရယူသုံးစွဲနေကြပါပြီ။ Google ရဲ့ ထုတ်ကုန်တွေဟာ လုပ်ငန်းခွင်ဝင်သူတွေ၊ ပညာရေ:နယ်ပယ်က ကျောင်းသူ၊ ကျောင်းသားတွေသာမက Developers တွေအတွက်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ထုတ်ကုန်အားလုံးဟာ လူတိုင်းအတွက် တစ်နည်းမဟုတ်တစ်နည်းတော့ အသုံးဝင်နေတယ်လို့ ဆိုနိုင်ပါတယ်။

Google ရဲ့ At a Glance widget ဟာ စီစဉ်ထားတဲ့ Event, ခရီးသွားဖို့ အစီအစဉ် စတာတွေအပြင် တစ်နေ့တာအတွက် အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ပေးနေတာလည်း ဖြစ်ပါတယ်။ At a Glance ကပေးပို့နေတဲ့ တစ်နေ့တာလုံးအတွက် အသုံးဝင်တဲ့သတိပေးချက်တွေထဲမှာ ရာသီဥတုဆိုင်ရာ သတိပေးချက်လည်းပါဝင်ပါတယ်။

At a Glance ဟာ ပြင်းထန်တဲ့ ဆောင်းမုန်တိုင်းတွေ၊ လျှပ်တစ်ပြက်ရေလွှမ်းမိုးမှုတွေလို အန္တရာယ်ရှိတဲ့ ရာသီဥတုအခြေအနေတွေကို သတိပေးခြင်းနဲ့ လူသားတွေဘေးကင်းစေဖို့ ကူညီပေးနေတာလည်း ဖြစ်ပါတယ်။ ဒီလိုသတိပေးတဲ့နေရာမှာ အခင်းဖြစ်ပွားမဲ့ ဒေသတွင်းကလူတွေတင်မကဘဲ ကမ္ဘာတစ်ဝန်းကသုံးစွဲသူအားလုံးဆီကိုပါ ပို့ဆောင်ပေးနေတာကို တွေ့မြင်ရပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက At a Glance widget ဟာ ဖိလစ်ပိုင်မှာ မုန်တိုင်းသတင်းတစ်ခုအကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီသတင်းကို ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေဆီကိုပါ ပို့ဆောင်လိုက်တာကို တွေ့နိုင်ပါတယ်။ ဒါဟာ ဒေသတွင်းလူထုအတွက်သာမက အားလုံးအတွက်ပါ အသုံးဝင်တဲ့ ထောက်ပံ့မှုလို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ Google ရဲ့ ဒီကြိုးပမ်းမှုဟာ ပြီးပြည့်စုံတဲ့အဆင့်တစ်ခုကို ရောက်ရှိသေးပုံမပေါ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မဝေးတော့တဲ့အချိန်ကာလတစ်ခုအတွင်းမှာ တိုးတက်လာမယ်လို့ ယုံကြည်ရပါတယ်။

Ref: Android Police