Google ကနေ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက Android Version 8.0 Oreo ကို ကြေငြာခဲ့ပြီး အခုအချိန်မှာတော့ စမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ Flagship ဖုန်းအတော်များများလည်း Android Oreo ကို Update ပြုလုပ်ပြီးပြီပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် Google ကနေ Android Version အသစ်ကို မကြာခင်ထပ်မံကြေငြာဖို့ ပြုလုပ်နေတယ်လို့သိရပါတယ်။ Google ရဲ့ အင်္ဂလိပ်စာလုံးအတိုင်းစီပြီး ခေါ်ဆိုနေတဲ့ပုံစံအရ ဒီတစ်ခါ Android Version ဟာလည်း စာလုံးအရ P နဲ့ စမှာဖြစ်ပါတယ်။ Version နံပါတ်အနေနဲ့တော့ Android Version 9.0 အထိဖြစ်လာပြီပဲဖြစ်ပါတယ်။

Google ရဲ့ Developer Conference Event ဖြစ်တဲ့ Google I/O 2018 ဟာ မေလ ၈ ရက်မှာ စတင်မှာဖြစ်တဲ့အတွက် Google ကနေ အဆိုပါ Event မှာပဲ Android P အကြောင်းကို ထုတ်ဖော်ကြေငြာသွားမယ်လို့ အစကတွေးထင်ထားကြပေမယ့် အခုအချိန်မှာတော့ Google ကနေ စောပြီးတော့ အခုမတ်လလယ်မှာတင် Android P Developer Preview ကို ထုတ်ပေးဖို့ရှိနေပါတယ်။

အခု Android P Developer Preview ကို Google ကနေ ထုတ်လုပ်ထားတဲ့စမတ်ဖုန်းတွေဖြစ်တဲ့ Google Pixel 1 နဲ့ Pixel 2 ဖုန်းတွေပဲ အရင်အသုံးပြုနိုင်ဦးမှာဖြစ်ပြီးတော့ Google ကနေ အခုအချိန်အထိတော့ ဘယ်လို Feature တွေအသစ်ပါဝင်လာမယ်ဆိုတာနဲ့ Android P ရဲ့ အရှည်ကောက်နာမည်က ဘာဖြစ်မလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Android Oreo တောင် Devices တွေအကုန်လုံးအသုံးမပြုနိုင်သေးတဲ့အချိန်မှာ Android P ဆိုတော့ Google ရဲ့ Android OS Update တွေဟာ တော်တော်လေးကို မြန်နေတယ်လို့ပြောရမှာပါ။