Zawgyi

Google ကုမၸဏီဟာ သူတုိ႔ရဲ႕ ဗီဒီယိုဂိမ္းပလက္ေဖာင္းအသစ္ Stadia ကို လာမယ့္ႏုိဝင္ဘာလ ၁၉ ရက္ေန႔မွာ စတင္အသက္သြင္းေတာ့မွာျဖစ္ၿပီး ဂိမ္းေတြကို စတင္ဝယ္ယူႏုိင္ေတာ့မွာပါ။ Stadia ရဲ႕အားသာခ်က္က ဝယ္ၿပီးတာနဲ႔ ဘာ Download မွ လုပ္စရာမလုိဘဲ အင္တာနက္ရွိရုံနဲ႔ ဂိမ္းကို တန္းေဆာ့ႏုိင္မွာျဖစ္ပါတယ္။

Stadia ဟာ က်ယ္ျပန္႔လာတဲ့ ဗီဒီယုိဂိမ္းေစ်းကြက္ကို ထုိးေဖာက္ဖို႔ Google ရဲ႕အၾကံသစ္ပါ။ ဒီဝန္ေဆာင္မႈကို ဝယ္ယူသူေတြဟာ ကြန္ဆုိးဂိမ္းစက္ေတြနဲ႔ ပီစီကြန္ျပဴတာေတြနည္းတူ အေကာင္းစားဗီဒီယိုဂိမ္းေတြကို ရရွိႏုိင္မွာျဖစ္ၿပီး သူ႕ရဲ႕ အားသာခ်က္က Hardware သီးသန္႔မလိုအပ္ဘဲ လက္ပ္ေတာ့၊ ကြန္ျပဴတာ၊ တီဗီမ်က္ႏွာျပင္နဲ႔ သတ္မွတ္ထားတဲ့ တက္ဘလက္၊ စမတ္ဖုန္းေတြရဲ႕ Display ေပၚမွာ တိုက္ရုိက္ကစားႏုိင္မွာပါ။

နီးစပ္ရာ ဥပမာေပးရရင္ေတာ့ Netflix, Youtube တုိ႔ထဲက ဗီဒီယုိေတြကို သုံးစြဲသူေတြက ဘယ္ေနရာကမဆုိ ဝင္ၾကည့္လို႔ရသလိုပါပဲ။ Stadia သုံးစြဲသူေတြဟာ အြန္လုိင္းပလက္ေဖာင္းေပၚမွာ ဝယ္ယူလိုက္တဲ့ ဂိမ္းေတြကို ကိုယ့္စက္ထဲ Download ဆြဲထည့္စရာမလိုေတာ့ဘဲ အြန္လုိင္းေပၚမွာ တစ္ခါတည္း တန္းကစားႏုိင္မွာျဖစ္ပါတယ္။ ဒီအၾကံအစည္က အိမ္တြင္းေဖ်ာ္ေျဖေရးက႑အေပၚ ႀကီးမားတဲ့ေျပာင္းလဲမႈႀကီးတစ္ခုျဖစ္လာႏုိင္ပါတယ္။

ေလာေလာဆယ္ Founder’s Edition နဲ႔ Premiere Edition ဆုိၿပီး ႏွစ္မ်ဳိးေရာင္းခ်လ်က္ရွိကာ ဝယ္ယူသူေတြက Stadia Pro ဝန္ေဆာင္မႈသုံးလစာနဲ႔ Destiny 2: The Collection တုိ႔ကို ရရွိမွာျဖစ္ပါတယ္။ လစဥ္ေၾကးေပးသြင္းမယ့္ Pro Subscribers ေတြအတြက္ Sony ရဲ႕ PSN ဝန္ေဆာင္မႈလုိမ်ဳိး လစဥ္အခမဲ့ကစားႏုိင္မယ့္ ဂိမ္းေတြလည္း အလွည့္က် ထားရွိေပးသြားမွာပါ။

အထက္ပါ Edition ႏွစ္မ်ဳိးစလုံးမွာ Stadia Controller လက္ကုိင္တစ္ခုနဲ႔အတူ တီဗီမွာ တပ္ဆင္ေဆာ့ကစားဖို႔ Chromecast Ultra တစ္ခုပါ ပါဝင္ပါတယ္။ ေၾကညာခဲ့စဥ္မွာေတာ့ Stadia ဝန္ေဆာင္မႈကို အသုံးျပဳဖို႔ သူ႕လက္ကိုင္က မပါမျဖစ္မဟုတ္ဘဲ အဆင္ေျပတဲ့ Third-party လက္ကိုင္ သို႔မဟုတ္ ကီးဘုတ္နဲ႔ေမာက္စ္ တုိ႔နဲ႔လည္း ေဆာ့ကစားႏုိင္မယ္လို႔ ေျပာထားခဲ့ပါတယ္။

Stadia App နဲ႔ဝန္ေဆာင္မႈဟာ စထြက္ထြက္ခ်င္းမွာေတာ့ စမတ္ဖုန္းတုိင္းမွာ ရဦးမွာမဟုတ္ဘဲ Pixel 3, 3a နဲ႔ 4 တုိ႔မွာသာ တစ္ပါတည္း ေထာက္ပံ့မႈပါဝင္လာမွာပါ။ Tablet ေတြထဲမွာလည္း သူေရြးခ်ယ္ထားတဲ့ စက္ေတြမွာသာ ကစားလို႔ရဦးမွာျဖစ္ေပမယ့္ ကိုယ့္မွာ Stadia ေထာက္ပံ့ေပးႏုိင္တဲ့ စက္တစ္ခုထက္ ပိုၿပီးရွိေနရင္ေတာ့ Pixel 3 မွာ ကစားေနရင္း ပိုႀကီးတဲ့ တီဗီေပၚကို ရုတ္ခ်ည္းေျပာင္းေဆာ့တာမ်ဳိးကို အထစ္အေငါ့မရွိ လုပ္ႏုိင္မယ္လို႔ ဆုိထားပါတယ္။

Google ရဲ႕ Stadia ဟာ အင္တာနက္နဲ႔ Streaming ဝန္ေဆာင္မႈေခတ္မွာေတာ့ နည္းပညာအသစ္အဆန္း တစ္ခုအျဖစ္ ဦးေဆာင္ေတာ္လွန္သူျဖစ္လာပါၿပီ။ ၂၀၂၀ ႏွစ္ကုန္ပုိင္းမွာ Console မ်ဳိးဆက္သစ္ေတြျဖစ္တဲ့ PS 5 နဲ႔ Xbox အသစ္တုိ႔ ထြက္လာမွာျဖစ္လို႔ အခုႏွစ္မွာ ႀကိဳစတင္ထားတာဟာ သူ႕အတြက္ ေကာင္းမြန္တဲ့ ေရြးခ်ယ္မႈတစ္ခုပါပဲ။ ဒါေပမယ့္ အျမင့္စားဂိမ္းေတြကို ဘယ္လို Display မွာမဆုိ Streaming ျပဳလုပ္ကစားႏုိင္ဖို႔က အင္မတန္ေကာင္းတဲ့ အင္တာနက္လုိင္း ရွိဖုိ႔ လိုေသးတာေၾကာင့္ ေစ်းကြက္တုိင္းကို အလြယ္တကူထုိးေဖာက္ဖို႔ေတာ့ မျဖစ္ႏုိင္ေသးပါဘူး။

Ref – GSM Arena

Unicode

Google ကုမ္ပဏီဟာ သူတို့ရဲ့ ဗီဒီယိုဂိမ်းပလက်ဖောင်းအသစ် Stadia ကို လာမယ့်နိုဝင်ဘာလ ၁၉ ရက်နေ့မှာ စတင်အသက်သွင်းတော့မှာဖြစ်ပြီး ဂိမ်းတွေကို စတင်ဝယ်ယူနိုင်တော့မှာပါ။ Stadia ရဲ့အားသာချက်က ဝယ်ပြီးတာနဲ့ ဘာ Download မှ လုပ်စရာမလိုဘဲ အင်တာနက်ရှိရုံနဲ့ ဂိမ်းကို တန်းဆော့နိုင်မှာဖြစ်ပါတယ်။

Stadia ဟာ ကျယ်ပြန့်လာတဲ့ ဗီဒီယိုဂိမ်းဈေးကွက်ကို ထိုးဖောက်ဖို့ Google ရဲ့အကြံသစ်ပါ။ ဒီဝန်ဆောင်မှုကို ဝယ်ယူသူတွေဟာ ကွန်ဆိုးဂိမ်းစက်တွေနဲ့ ပီစီကွန်ပြူတာတွေနည်းတူ အကောင်းစားဗီဒီယိုဂိမ်းတွေကို ရရှိနိုင်မှာဖြစ်ပြီး သူ့ရဲ့ အားသာချက်က Hardware သီးသန့်မလိုအပ်ဘဲ လက်ပ်တော့၊ ကွန်ပြူတာ၊ တီဗီမျက်နှာပြင်နဲ့ သတ်မှတ်ထားတဲ့ တက်ဘလက်၊ စမတ်ဖုန်းတွေရဲ့ Display ပေါ်မှာ တိုက်ရိုက်ကစားနိုင်မှာပါ။

နီးစပ်ရာ ဥပမာပေးရရင်တော့ Netflix, Youtube တို့ထဲက ဗီဒီယိုတွေကို သုံးစွဲသူတွေက ဘယ်နေရာကမဆို ဝင်ကြည့်လို့ရသလိုပါပဲ။ Stadia သုံးစွဲသူတွေဟာ အွန်လိုင်းပလက်ဖောင်းပေါ်မှာ ဝယ်ယူလိုက်တဲ့ ဂိမ်းတွေကို ကိုယ့်စက်ထဲ Download ဆွဲထည့်စရာမလိုတော့ဘဲ အွန်လိုင်းပေါ်မှာ တစ်ခါတည်း တန်းကစားနိုင်မှာဖြစ်ပါတယ်။ ဒီအကြံအစည်က အိမ်တွင်းဖျော်ဖြေရေးကဏ္ဍအပေါ် ကြီးမားတဲ့ပြောင်းလဲမှုကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။

လောလောဆယ် Founder’s Edition နဲ့ Premiere Edition ဆိုပြီး နှစ်မျိုးရောင်းချလျက်ရှိကာ ဝယ်ယူသူတွေက Stadia Pro ဝန်ဆောင်မှုသုံးလစာနဲ့ Destiny 2: The Collection တို့ကို ရရှိမှာဖြစ်ပါတယ်။ လစဉ်ကြေးပေးသွင်းမယ့် Pro Subscribers တွေအတွက် Sony ရဲ့ PSN ဝန်ဆောင်မှုလိုမျိုး လစဉ်အခမဲ့ကစားနိုင်မယ့် ဂိမ်းတွေလည်း အလှည့်ကျ ထားရှိပေးသွားမှာပါ။

အထက်ပါ Edition နှစ်မျိုးစလုံးမှာ Stadia Controller လက်ကိုင်တစ်ခုနဲ့အတူ တီဗီမှာ တပ်ဆင်ဆော့ကစားဖို့ Chromecast Ultra တစ်ခုပါ ပါဝင်ပါတယ်။ ကြေညာခဲ့စဉ်မှာတော့ Stadia ဝန်ဆောင်မှုကို အသုံးပြုဖို့ သူ့လက်ကိုင်က မပါမဖြစ်မဟုတ်ဘဲ အဆင်ပြေတဲ့ Third-party လက်ကိုင် သို့မဟုတ် ကီးဘုတ်နဲ့မောက်စ် တို့နဲ့လည်း ဆော့ကစားနိုင်မယ်လို့ ပြောထားခဲ့ပါတယ်။

Stadia App နဲ့ဝန်ဆောင်မှုဟာ စထွက်ထွက်ချင်းမှာတော့ စမတ်ဖုန်းတိုင်းမှာ ရဦးမှာမဟုတ်ဘဲ Pixel 3, 3a နဲ့ 4 တို့မှာသာ တစ်ပါတည်း ထောက်ပံ့မှုပါဝင်လာမှာပါ။ Tablet တွေထဲမှာလည်း သူရွေးချယ်ထားတဲ့ စက်တွေမှာသာ ကစားလို့ရဦးမှာဖြစ်ပေမယ့် ကိုယ့်မှာ Stadia ထောက်ပံ့ပေးနိုင်တဲ့ စက်တစ်ခုထက် ပိုပြီးရှိနေရင်တော့ Pixel 3 မှာ ကစားနေရင်း ပိုကြီးတဲ့ တီဗီပေါ်ကို ရုတ်ချည်းပြောင်းဆော့တာမျိုးကို အထစ်အငေါ့မရှိ လုပ်နိုင်မယ်လို့ ဆိုထားပါတယ်။

Google ရဲ့ Stadia ဟာ အင်တာနက်နဲ့ Streaming ဝန်ဆောင်မှုခေတ်မှာတော့ နည်းပညာအသစ်အဆန်း တစ်ခုအဖြစ် ဦးဆောင်တော်လှန်သူဖြစ်လာပါပြီ။ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ Console မျိုးဆက်သစ်တွေဖြစ်တဲ့ PS 5 နဲ့ Xbox အသစ်တို့ ထွက်လာမှာဖြစ်လို့ အခုနှစ်မှာ ကြိုစတင်ထားတာဟာ သူ့အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ ဒါပေမယ့် အမြင့်စားဂိမ်းတွေကို ဘယ်လို Display မှာမဆို Streaming ပြုလုပ်ကစားနိုင်ဖို့က အင်မတန်ကောင်းတဲ့ အင်တာနက်လိုင်း ရှိဖို့ လိုသေးတာကြောင့် ဈေးကွက်တိုင်းကို အလွယ်တကူထိုးဖောက်ဖို့တော့ မဖြစ်နိုင်သေးပါဘူး။

Ref – GSM Arena