Apple Music နဲ့ Spotify တို့ကို လိုက်ယှဉ်ပြိုင်ဖို့ အတွက် Google အနေနဲ့တစ်ခုခုလုပ်ဖို့ အချိန်ရောက်နေပါပြီ။ မြန်မာနိုင်ငံမှာလည်း သုံးတဲ့သူတွေတစ်ဖြည်းဖြည်းများလနေတဲ့ Online Music Streaming Service တွေထဲက Spotify နဲ့ Apple Music က ထိပ်ဆုံးကပါ။ နိုင်ငံခြားသီချင်းနားထောင်သူတွေအတွက်တော့ အကောင်းဆုံးဆိုတာ လောလောဆယ် Spotify နဲ့ Apple Music ပဲရှိပါတယ်။

Spotify က အကန့်အသတ်အချို့နဲ့ အခမဲ့နားထောင်လို့ရသလို Apple Music ကတော့ လစဉ်ကြေးပေးပြီး နားထောင်ရပါတယ်။ Google အနေနဲ့တော့ အခုလို Music Service ကောင်းကောင်းမရှိသေးဘူးလို့ကိုပြောရမှာပါ။ Google Play Music ဆိုတာကလည်း Spotify နဲ့ယှဉ်ရင် သုံးတဲ့သူတော်တော်လေးနည်းပါတယ်။ Apple Music နဲ့ယှဉ်ရင်လည်း Service ညံ့နေသေးတယ်လို့ပြောလို့ရတဲ့ အခြေအနေတစ်ခုပါ။

Google Play Music ရဲ့အခြားတစ်ဖက်မှာတော့ YouTube Music ဆိုတာရှိပါတယ်။ ဒါပေမယ့် Apple Music လို သီချင်းတွေရော MV တွေရောနားထောင်လို့ ကြည့်လို့ရတယ်ဆိုပေမယ့် Apple Music နဲ့ မတူပါဘူး။ အခမဲ့ရတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာအဆင်မပြေလှပါဘူး။ YouTube Red ဆိုတာကို ဝယ်မှပဲ ကောင်းကောင်းနားထောင်လို့ရမှာပါ။ အဲ့ဒီလို အဆင်မပြေမှုတွေကြောင့် ပိုလွယ်ကူတဲ့ Apple Music နဲ့ Spotify ကိုပဲ လူတွေပိုစိတ်ဝင်စားသလို အသုံးလည်းများကြတာပါ။

Google က ဒီနှစ်ကျင်းပမယ့် I/O 2018 မှာတော့ Music Streaming Service နဲ့ပတ်သက်လို့ တစ်ခုခုကို ချပြမယ်လို့မျှော်မှန်းထားကြပါတယ်။ Google Play Music နဲ့ YouTube Red ကို ပေါင်းထားတဲ့ နောက်ထပ် App အသစ်တစ်ခုကတော့ သေချာပေါက်လို နေပါပြီ။ YouTube Red ဝယ်မယ့်အစား အခြား Music သီးသန့် Plan တစ်ခုခုကို Google စီစဉ်ပေးဖို့လိုနေပါပြီ။ Online Music Streaming တွေ နောက်ပိုင်းယှဉ်ပြိုင်မှုများလာတော့မှာဖြစ်တာကြောင့် Google အနေနဲ့ အခုအတိုင်းရပ်နေခဲ့ရင်တော့ နောက်မှာကျန်ခဲ့မှာပါ။