Google ရဲ့ နောက်ဆုံးထုတ် Multimodal AI Model ဖြစ်တဲ့ Gemini Pro ကို Google Bard AI မှာ ဘာသာစကားအားလုံးနဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီအတွက် Google Bard AI ဟာ စာသားတွေကနေ ဓါတ်ပုံတွေကို ဖန်တီးပေးနိုင်ပါပြီ။

တစ်ကမ္ဘာလုံးမှာ အခမဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပြီး အင်္ဂလိပ်စာသားတွေ ထည့်ပေးလိုက်တာနဲ့ ဓါတ်ပုံတွေ ထုတ်နိုင်ပါတယ်။ ဓါတ်ပုံတွေကို အရည်အသွေး ကောင်းကောင်းနဲ့ လျှင်မြန်စွာ ထုတ်လုပ်ပေးနိုင်တဲ့ Google ရဲ့ နောက်ဆုံးထုတ် Imagen 2 Model ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Google's Bard AI can now generate images

Google Bard ရဲ့ Text Box မှာ စာသားတွေကို ရိုက်ထည့်ပေးလိုက်တာနဲ့ ဓါတ်ပုံတွေ ဖန်တီးနိုင်တာ ဖြစ်တဲ့အတွက် အသုံးပြုရတာ လွယ်ကူရိုးရှင်းပါတယ်။ သင့်ရဲ့ အိုင်ဒီယာအတိုင်း အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံတွေကို ဖန်တီးနိုင်ပါတယ်။ Bard က AI နဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံတွေ ဖြစ်ကြောင်း ဒစ်ဂျစ်တယ်နည်းနဲ့ သိနိုင်ဖို့ Watermark ကို ထည့်သွင်းပေးတဲ့ SynthID ကို အသုံးပြုထားပါတယ်။

အခုဆိုရင် G Icon ကို နှိပ်ခြင်းဖြင့် ဘာသာစကား ၄၀ ကျော်နဲ့ Google Search မှာ Bard ကနေ ထုတ်လုပ်ထားတဲ့ ဓါတ်ပုံတွေကို ရှာဖွေစစ်ဆေးနိုင်ပြီ ဖြစ်ပါတယ်။

အခုဆိုရင် စာသားတွေ ရိုက်ထည့်ပေးလိုက်တာနဲ့ ဓါတ်ပုံတွေ ထုတ်လုပ်ပေးနိုင်တဲ့ AI Image Generator တွေ အပြိုင်အဆိုင်ထွက်ပေါ်လာပါပြီ။ ဓါတ်ပုံ ဖန်တီးချင်သူတွေအတွက် ဒါဟာ တော်တော် ကောင်းပါတယ်။ ဒါပေမယ့် လူတွေကို ထိခိုက်စေတဲ့ ဓါတ်ပုံတွေ ထုတ်လုပ်မှာကိုလည်း စိုးရိမ်စရာ ရှိနေပါတယ်။ ဒါတွေကိုတော့ နည်းပညာ ကုမ္ပဏီတွေက ကောင်းကောင်း ထိန်းချုပ်ကာကွယ်ကြရမှာပါ။

Ref : gsmarena