မတော်တဆ ဖုန်းက ပျောက်သွားတာ၊ အထားမှားပြီး ကျန်ခဲ့လို့ ပြန်ရှာချင်တယ်ဆိုရင် Apple ရော Google ပါ ပြန်ရှာနိုင်တဲ့ Find My Network အသီးသီးရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် Apple ရဲ့ Find My Network ဟာ လက်ရှိအချိန်မှာ Google ထက် ပိုမိုတိကျသလို ပိုပြီးလည်း လုံခြုံစိတ်ချရတယ်လို့ ဆိုနိုင်ပါတယ်။

ဒါက ဘာကြောင့်လဲဆိုရင် Apple ရဲ့ Find My Feature ဟာ ကိုယ့် iPhone ကို စက်ပိတ်လိုက်ရင်တောင် Find My Feature ဟာ ဆက်လက်အလုပ်လုပ်နိုင်တာကြောင့်ဖြစ်ပါတယ်။ တကယ်လို့ iPhone ကို သူခိုးခိုးခံရရင်တောင် စက်ပိတ်လိုက်လည်း ပြန်လည်ရှာဖွေနိုင်တဲ့ အခွင့်အလမ်းပိုများမှာပါ။

ဒါကြောင့် အခုအချိန်မှာ Google ကနေ Android ရဲ့ Find My Device Feature ကို အဆင့်မြှင့်တင်ဖို့ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ အရင်ဆုံးပြောင်းလဲမှုတစ်ခုက Apple လိုမျိုးပဲ ဖုန်းပိတ်ထားတဲ့အချိန်မှာလည်း Find My Device ကို ဆက်လက်အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် Android Device တွေအားလုံးမှာ Ultrawide Band (UWB) ၊ Google Tag နဲ့ Bluetooth နည်းပညာတွေကို အသုံးပြုပြီး ပျောက်ဆုံးသွားတဲ့ Android Device ကို အလွယ်ပြန်ရှာနိုင်အောင်လည်း အဆင့်မြှင့်တင်သွားမှာဖြစ်ပါတယ်။

တစ်ခုရှိတာက အခုလို စက်ပိတ်ထားတဲ့အချိန်မှာ Find My Device က ဆက်လက်အလုပ်လုပ်နိုင်မယ့် Feature ကို Pixel Power-off Finder လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အဆိုပါ Feature ကို အရင်ဆုံး Google Pixel ဖုန်းတွေမှာပဲ ရရှိဦးမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China