[Zawgyi]

Google ဟာ အခုအခ်ိန္မွာ မိုလ္ဘိုင္းဖုန္းအသုံးျပဳသူေတြအတြက္ အေထာက္အကူျဖစ္ေစတဲ့ ရွာေဖြမႈရလဒ္တစ္ခုကို ျပဳလုပ္လိုက္ၿပီျဖစ္ပါတယ္။ အဲဒါကေတာ့ ယူနစ္ေျပာင္းလဲျခင္း၊ တြက္ခ်က္ျခင္းနဲ႔ ပတ္သက္တဲ့ ရွာေဖြမႈအေတာ္မ်ားမ်ားကို Google က သူကိုယ္တိုင္ အေျဖေပးတာပဲ ျဖစ္ပါတယ္။

မိုလ္ဘိုင္းဖုန္းေတြမွာ အခုလို ရွာေဖြမႈရလဒ္ကို လိုရင္းေပးႏိုင္ဖို႔အတြက္ အခ်ိန္ေတာ့ အနည္းငယ္ယူရပါတယ္။ ဥပမာဆိုရင္ ဖုန္းအသုံးျပဳသူက Unit Conversion နဲ႔ ပတ္သက္တာ တစ္ခုခုကို ရွာေဖြၿပီဆိုရင္ Google က Web page တစ္ခုလုံးကို ရွာၿပီးမျပေတာ့ဘဲ လိုခ်င္တဲ့ အေျဖတစ္ခုကိုပဲ ျပသေတာ့တာမ်ိဳး ျဖစ္ပါတယ္။

Google ဟာ အခုလိုမ်ိဳး အျခားအခ်က္အလက္ေတြကို ျဖတ္ေတာက္ပစ္ၿပီး လိုရင္းအခ်က္အလက္ကိုပဲ ျပသႏိုင္ဖို႔ သူ႔ရဲ႕ Build-in tool ကို အသုံးျပဳေနၿပီလို႔လည္း ဆိုရမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ မတ္လတုန္းက Google က ဒီလိုရလဒ္မ်ိဳးျဖစ္ဖို႔ စတင္စမ္းသပ္ခဲ့ဖူးပါေသးတယ္။ ဒါေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို႔ ဆိုရမွာပါ။ အဓိက ရွာေဖြမႈကို မေပးႏိုင္ဘဲ ေနာက္ပိုင္းေတာ့ တိတ္တဆိတ္ ျပန္လည္ေပ်ာက္ကြယ္သြားခဲ့ဖူးပါတယ္။

ဒီတစ္ေခါက္ ႀကိဳးပမ္းမႈသာ ေအာင္ျမင္သြားမယ္ဆိုရင္ အသုံးျပဳသူေတြအေနနဲ႔ ရွာေဖြမႈရလဒ္အတြက္ မလိုအပ္တဲ့ အဆင့္ေတြကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။ Google အေနနဲ႔လည္း Traffic ေတြကို ေလွ်ာ့ခ်ေပးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ဒီစနစ္ကိုေတာ့ မိုလ္ဘိုင္းဖုန္းအတြက္သာ အဓိကထားမယ္လို႔ ယူဆရပါတယ္။ Desktop ေတြမွာဆိုရင္ေတာ့ ရွာေဖြမႈရလဒ္ကို အျပည့္အစုံပဲ ေဖာ္ျပေပးဖြယ္ ရွိပါတယ္။

 

Ref: The Verge

 

[Unicode]

Google ဟာ အခုအချိန်မှာ မိုလ်ဘိုင်းဖုန်းအသုံးပြုသူတွေအတွက် အထောက်အကူဖြစ်စေတဲ့ ရှာဖွေမှုရလဒ်တစ်ခုကို ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ အဲဒါကတော့ ယူနစ်ပြောင်းလဲခြင်း၊ တွက်ချက်ခြင်းနဲ့ ပတ်သက်တဲ့ ရှာဖွေမှုအတော်များများကို Google က သူကိုယ်တိုင် အဖြေပေးတာပဲ ဖြစ်ပါတယ်။

မိုလ်ဘိုင်းဖုန်းတွေမှာ အခုလို ရှာဖွေမှုရလဒ်ကို လိုရင်းပေးနိုင်ဖို့အတွက် အချိန်တော့ အနည်းငယ်ယူရပါတယ်။ ဥပမာဆိုရင် ဖုန်းအသုံးပြုသူက Unit Conversion နဲ့ ပတ်သက်တာ တစ်ခုခုကို ရှာဖွေပြီဆိုရင် Google က Web page တစ်ခုလုံးကို ရှာပြီးမပြတော့ဘဲ လိုချင်တဲ့ အဖြေတစ်ခုကိုပဲ ပြသတော့တာမျိုး ဖြစ်ပါတယ်။

Google ဟာ အခုလိုမျိုး အခြားအချက်အလက်တွေကို ဖြတ်တောက်ပစ်ပြီး လိုရင်းအချက်အလက်ကိုပဲ ပြသနိုင်ဖို့ သူ့ရဲ့ Build-in tool ကို အသုံးပြုနေပြီလို့လည်း ဆိုရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက Google က ဒီလိုရလဒ်မျိုးဖြစ်ဖို့ စတင်စမ်းသပ်ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုရမှာပါ။ အဓိက ရှာဖွေမှုကို မပေးနိုင်ဘဲ နောက်ပိုင်းတော့ တိတ်တဆိတ် ပြန်လည်ပျောက်ကွယ်သွားခဲ့ဖူးပါတယ်။

ဒီတစ်ခေါက် ကြိုးပမ်းမှုသာ အောင်မြင်သွားမယ်ဆိုရင် အသုံးပြုသူတွေအနေနဲ့ ရှာဖွေမှုရလဒ်အတွက် မလိုအပ်တဲ့ အဆင့်တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ Google အနေနဲ့လည်း Traffic တွေကို လျှော့ချပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီစနစ်ကိုတော့ မိုလ်ဘိုင်းဖုန်းအတွက်သာ အဓိကထားမယ်လို့ ယူဆရပါတယ်။ Desktop တွေမှာဆိုရင်တော့ ရှာဖွေမှုရလဒ်ကို အပြည့်အစုံပဲ ဖော်ပြပေးဖွယ် ရှိပါတယ်။

 

Ref: The Verge