Google ရဲ့ Foldable Pixel ဖုန်းမှာ အရွယ်အစား သေးတဲ့ အပြင်ဘက် မျက်နှာပြင်နဲ့ Galaxy Z Fold4 နဲ့ အရွယ်အစား တူညီတဲ့ အတွင်းဘက် မျက်နှာပြင် ထည့်သွင်းထားမယ်လို့ လေ့လာဆန်းစစ်သူ Ross Young က ပြောပါတယ်။ Pixel Notepad လို့ အမည်ပေးထားမယ်လို့ သိရပြီး ၅.၈ လက်မ အပြင်ဘက်မျက်နှာပြင် ပါလာမှာ ဖြစ်ကာ Galaxy Z Fold4 ရဲ့ ၆.၁၉ လက်မ မျက်နှာပြင်ထက် ပိုကျယ်ကာ ပိုတိုမှာ ဖြစ်ပါတယ်။

အဲဒီ Foldable ၂ လုံးမှာ အရွယ်အစား တူညီတဲ့ Folding မျက်နှာပြင်တွေ ပါလာမယ်လို့ သိရတဲ့အတွက် Pixel Notepad ရဲ့ Aspect Ratio ဟာ Fold ထက် ပိုကျယ်မှာပါ။ အရင်တုန်းကလည်း အဲဒီ သတင်း ထွက်လာခဲ့ဖူးပါတယ်။

Google's first foldable could have a disappearing under-display camera

Young က Google ရဲ့ ပထမဆုံး Foldable ကို ကြေညာမယ့် အချိန်ကို မပြောသေးပေမယ့် Pixel 7 ကြေညာမယ့် ဆောင်းရာသီလောက်မှာ ဖြစ်နိုင်ပါတယ်။ အရင်တုန်းကတော့ Google ရဲ့ ပထမဆုံး Foldable ကို ၂၀၂၁ ခုနှစ်မှာ ကြေညာမယ်လို့ ထင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ Google က အဲဒီဖုန်းကို မထုတ်လုပ်တော့ဘူးလို့ သတင်းထွက်ခဲ့ပါတယ်။

အခုတော့ Pixel Notepad လို့ ခေါ်တဲ့ Pixel Fold ရဲ့ သတင်းတွေထပ်မံထွက်ပေါ်လာခဲ့ပြန်ပါပြီ။ အဲဒီ ဖုန်းကို ဒေါ်လာ ၁,၄၀၀ နဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၂၅ သိန်းလောက် ကျသင့်နိုင်ပါတယ်။ အဲဒီ ဖုန်းမှာ Tensor Chip ထည့်သွင်းထားနိုင်ပြီး 12.2MP IMX363 , 12MP IMX386 Ultrawide နဲ့ 8MP ဆဲလ်ဖီး ကင်မရာ ၂ လုံး ပါလာနိုင်ပါတယ်။

Ref : gsmarena