Google က ဒီနှစ်မှာ ရောင်းမယ့် Pixel 6 Series စမတ်ဖုန်းတွေအတွက် Pixel Stand ကိုပါ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Pixel Stand ဟာ Wireless Charger ဖြစ်ပြီး အရင်က ဓါတ်ပုံ တချို့ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း ဓါတ်ပုံ ၁ အသစ် ၁ ပုံ အွန်လိုင်းမှာ ထွက်ပေါ်လာပြီး ဒီဇိုင်းကို လေ့လာလို့ရလာသလို သတင်းအချက်အလက် အသစ် တချို့ကို သိလာရပါတယ်။

Samsung Galaxy S22 phones certified with 25W wired charging

တခြား Wireless Charger တွေထက် အရွယ်အစား နည်းနည်းပိုကြီးမားတဲ့အတွက် အားသွင်းရင် ပိုမြန်အောင် Cooling Fan ၁ လုံး ထည့်သွင်းထားနိုင်ပါတယ်။ Charging Coil ၂ ခု တပ်ဆင်ထားမှာ ဖြစ်ပြီး ၁ ခုက ဖုန်းအတွက်ဖြစ်ကာ နောက် ၁ ခုက တခြား Compatible Wearable အတွက် ဖြစ်ပါတယ်။ Fast Charging အကြောင်းပြောရရင် တချို့ Pixel မော်ဒယ်တွေအတွက် 23W Fast Charging အထိ၊ Qi-certified Wearable တွေအတွက် 15W နဲ့ Pixel Buds အတွက် 3W အထိ ထောက်ပံ့နိုင်ပါတယ်။

Samsung Galaxy S22 phones certified with 25W wired charging

Stand ကိုယ်ထည်ရဲ့ ၅၄ ရာခိုင်နှုန်းကို ပြန်လည် အသုံးပြုနိုင်တဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ထားပါတယ်။ Rock Candy နဲ့ Fog အရောင် ၂ မျိုး ထုတ်လုပ်ထားပြီး Pixel ဖုန်းတွေနဲ့ Stand အကြားမှာ နက်ရှိုင်းတဲ့ Software Integration တွေ ဖန်တီးပေးထားပါတယ်။

Google Assistant Visual Spotlight , Photo Frame , Sunrise Alarm , Media Immersion , Bedtime Experience , Home & Media Controls စတဲ့ လုပ်ဆောင်ချက်တွေ ပါလာမှာ ဖြစ်ပါတယ်။ Pixel Stand ကို အမေရိကန်မှာ ၇၉ ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၁ သိန်းခွဲလောက် ကျသင့်မှာပါ။

Ref : gsmarena