Nokia ဖုန်းကုမ္ပဏီက ဟန်းဖုန်းတွေ စတင်ထွက်ရှိတုန်းက ဖုန်းပုံစံ၊ Keypad ဖုန်း၊ ၂၀၁၇ ခုနှစ်ထုတ် 3310 ကို ဖြန့်ချီတော့မှာဖြစ်ပါတယ်။

ဘက်ထရီအကြာကြီးခံတဲ့ Keypad ဖုန်းကို ကြိုက်နှစ်သက်သူတွေအတွက်တော့ သတင်းကောင်းပါဘူး။ စမတ်ဖုန်းတွေ ဘက်ထရီကုန်သွားတဲ့အခါမှာ အရေးပေါ် ဖုန်းဆက်ဖို့အတွက် Backup ဖုန်းလိုလည်း အသုံးပြုလို့ရပါတယ်။

ဘက်ထရီ 1200mAh သာပါပေမယ့် Keypad ဖုန်းတို့ရဲ့ ထုံးစံအတိုင်း တစ်ခါ အားသွင်းပြီးရင် ၁ လနီးပါး အသုံးပြုလို့ရပါတယ်။

အဲ့ဒီအပြင် Micro SD ထပ်စိုက်ပြီးသုံးပါကလည်း 32 GB အထိ ချဲ့ထွင်အသုံးပြုလို့ရပါတယ်။

ဗြိတိန်နိုင်ငံကိုတော့ မေလ ၂၄ ရက်နေ့မှာ စတင်ရောင်းချတော့မှာဖြစ်ပြီး ဇွန်လမှာတော့ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံတို့မှာ ရောင်းချမှာပါ။

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆၀ နီးပါးနဲ့ ရောင်းချမှာဖြစ်ပြီး အနီ၊ အ၀ါ၊ ခဲရောင်နဲ့ အပြာနက်ရောင်တို့နဲ့ ထုတ်လုပ်ထားပါတယ်။

ကောင်းတဲ့အချက်

  • ဖုန်းကို ကြည့်ပြီး အတိတ်က ဖြစ်ရပ်တွေကို သတိရနိုင်ပါတယ်။
  • ဈေးသက်သာတယ်။
  • Snake ဂိမ်းကို ဆော့လို့ရ။

မကောင်းတဲ့အချက်

  • သူ့မှာ 2 MP (Megapixel) ကင်မရာဘဲပါတယ်။
  • စခရင် သေးပါတယ်။
  • 5 G Connectivity ဘဲ ပါဝင်ပါတယ်။

မျက်နှာပြင်အရွယ်အစား

ဖုန်းရဲ့ Dimension က 115.6×51×12.8 mm ရှိပြီး အလေးချိန်က 79.6g ရှိပါတယ်။ စခရင် အရွယ်အစားက 2.4 လက်မ ရှိပြီး Resolution က 240×320 ရှိပါတယ်။ Storage က 16 MB ရှိပြီး MicroSD ကဒ်နဲ့ဆိုရင် (32GB) အထိ ချဲ့လို့ရပါတယ်။

ကင်မရာမှာတော့ အနောက်ကင်မရာဘဲ ပါဝင်ပြီး Megapixel က 2 MP ဘဲ ရှိပါတယ်။

သူ့မှာ ဖုန်းတစ်လုံးအတွက်လိုအပ်တဲ့ ဖုန်းခေါ်တဲ့ ခလုတ်၊ Contacts၊ ဂဏန်းတွက်စက်၊ စာတိုပို့ Message ၊ ဓာတ်ပုံ၊ ရေဒီယို၊ သီချင်းဖွင့်နိုင်၊ အသံဖမ်းနိုင်၊ ကင်မရာနဲ့ Web Brower တို့ဘဲ ပါဝင်ပါတယ်။

App store

Nokia 3310 မှာသုံးနိုင်တဲ့ Application တွေကို ဒေါင်းလုပ်ခ် ဆွဲလို့ရတဲ့ App Store တစ်ခုလည်း ရှိနေမှာပါ။ အခုတော့ ဖုန်း မရောင်းရသေးတာကြောင့် ဒီ App Store ကိုလည်း ၀င်ကြည့်လို့မရသေးပါဘူး။

Twitter and Facebook

အခုနောက်ပိုင်း လူတိုင်းနီးပါး Facebook အသုံးပြုနေကြတာကြောင့် Nokia 3310 နဲ့ လည်း Tacebook၊ Twitter တို့ကို ကောင်းမွန်စွာ အသုံးပြုနိုင်တဲ့ App တွေလည်း ရေးထားတယ်လို့ ပြောပါတယ်။

တစ်ခု စိတ်ပျက်စရာကောင်းတာက 2.5 G ဘဲ ရှိတာကြောင့် အင်တာနက်အားကတော့ 3G တို့ 4G တို့လောက်တော့ ကောင်းမှာမဟုတ်ပါဘူး။

အဲ့ဒီအပြင် Wifi လည်း မပါတာကြောင့် အိမ်မှာရှိတဲ့ ရုံးမှာရှိတဲ့ မြန်နှုန်းမြင့် အင်တာနက် လိုင်းတွေနဲ့လည်း ချိတ်ဆက်လို့ရမှာမဟုတ်ပါဘူး။

Snake ဂိမ်း

Snake ဂိမ်း ကို ကြိုက်နှစ်သက်ခဲ့တဲ့သူတွေအတွက်သတင်းကောင်းကတော့ Nokia 3310 မှာ Snake ဂိမ်းကိုပြန်ဆော့လို့ရပါပြီ။

အရင်က Snake ဂိမ်းတွေထက်ပိုပြီး ဆော့လို့ကောင်းအောင် လုပ်ဆောင်ထားပါတယ်။ အရောင်တွေဘာတွေလည်း အရင်က ဂိမ်းထက် ဆိုပြေ ကြည့်ကောင်းအောင် လုပ်ထားပါတယ်။

ဘက်ထရီ

Keypad ဖုန်းတွေမှာပါနေကျ ဘက်ထရီ 900 mAh မဟုတ်တော့ဘဲနဲ့ 1200 mAh နဲ့ ထုတ်လုပ်ထားတာကြောင့် တစ်ခါအားသွင်းပြီးရင် ၃၁ ရက်လောက် ခံပါတယ်။ ဆက်တိုက်စကားပြောမယ်ဆိုရင် ၂၂ နာရီ၊ ၁ရက်နီးပါး စကားပြောလို့ရပါတယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ ဖုန်းဘက်ထရီကလည်း ကြာရှည်ခံတာကြောင့် အတိတ်က ဖြစ်ရပ်လေးတွေ သတိရပြီး အရန်ဖုန်းအဖြစ် ၀ယ်ထားဖို့ ကောင်းတဲ့ ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ စမတ်ဖုန်းလို ဖုန်း Function တွေ များတာကိုမကြိုက်တဲ့ အသက်ကြီးသူတွေအတွက်လည်း ကြာရှည်ခံမယ့် Keypad ဖုန်းတစ်မျိုးဘဲ ဖြစ်ပါတယ်။