Nokia ကနေ Nokia 6 ဆိုတဲ့ ဖုန်းလေးကို ၂၀၁၇ ခုနှစ် နှစ်စပိုင်းက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Touchscreen အမျိုးအစားဖြစ်ပြီး သတ္တုကိုယ်ထည်၊ ၅.၅ လက်မရှိတဲ့ ဖုန်းမျက်နှာပြင်နဲ့ အရောင်ကနေ ငွေရောင်၊ ကြေးနီရောင်၊ အနက်ရောင်နဲ့ နက်ပြာရောင်ဆိုပြီး အရောင် ၄ ရောင်ရရှိနိုင်မှာဖြစ်ပါတယ်။

Multitasking Keys တွေပါဝင်ပြီး Resolution အနေနဲ့ 1080 × 1920 Pixel Display (Full HD) ဖြစ်လို့ ရုပ်ပုံတွေကို ကြည်လင်ပြတ်သားစွာမြင်ရသလို ဂိမ်းတွေဆော့တဲ့နေရာမှာလည်း အဆင်ပြေတယ်လို့ Review တွေမှာ ဖော်ပြထားပါတယ်။ ကင်မရာ အရည်အသွေးကို ပြောရမယ်ဆိုရင်တော အရှေ့ကင်မရာ 8 Megapixel ရှိပြီး အနောက်ကင်မရာကတော့ 16 Megapixel ရှိပြီး နှစ်ဖက်လုံးမှာ flash ပါပါတယ်။

Memory အနေနဲ့ 3 GB (သို့) 4 GB ရှိပြီး Storage ကတော့ 32 GB (သို့) 64 GB ဆိုပြီး ၂ မျိုးရရှိနိုင်ပါတယ်။ MicroSD ကဒ်အနေနဲ့ 127 GB ထိစိုက်လို့ရပါတယ်။ Fingerprint Sensor လည်းပါဝင်လို့ ပေးရတဲ့ ဈေးနဲ့ဆို တန်တယ်လို့လည်း ပြောကြပါတယ်။

ဘက်ထရီကတော့ 3000 mAh ရှိပြီး ဘက်ထရီ အသေပါ။ Nokia 6 ဖုန်းဟာ Octa-Core 1.5 GHz ရှိပြီးတော့ Android 7.0 နဲ့ ထုတ်လုပ်ထားပါတယ်။ Dual Sim ကိုအသုံးပြုနိုင်မှာဖြစ်ပြီး 4G LTE၊ GSM + CDMA နှစ်မျိုးသုံးနိုင်မှာပါ။ Dual Speaker ကိုအသုံးပြုထားပြီး မိုက်ခရိုဖုန်းနဲ့ နားထောင်မယ်ဆိုရင် ဆူညံသဲတွေကို ဖြောင့်ပေးနိုင်တဲ့ စနစ်တွေ ထည့်သွင်းထားတယ်လို့ Nokia က ဆိုပါတယ်။

ဒီဖုန်းဟာဆိုရင် ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ Limia 638 ထုတ်ပြီးကတည်းက Nokia ကနေ ပထမဆုံး အကြိမ်ပြန်ပြီး ထုတ်လုပ်လိုက်တဲ့ Smartphone ဖြစ်သလို Nokia နာမည်နဲ့ ဖုန်းထုတ်လုပ်ခွင့်ရထားတဲ့ HMG Global ကနေ ပထမဆုံးထုတ်လုပ်လိုက်တဲ့ Android OS သုံး Nokia စမတ်ဖုန်းဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ ၂၀၁၇ နှစ်စပိုင်းကတည်းက ထွက်ရှိခဲ့ပြီး ကမ္ဘာ့မိုဘိုင်းဖုန်းညီလာခံ MWC မှာတော့ ဖေဖော်ဝါရီလက မိတ်ဆက်ပြသခဲ့တာပါ။ မလေးရှာအပါအ၀င် အာရှဈေးကွက်ကို ဧပြီလက ဖြန့်ချီခဲ့တာဖြစ်ပါတယ်။

ဈေးနှုန်းကတော့ 229 $ နဲ့ရောင်းချနေပြီး Amazon မှာတော့ 179 $ နဲ့ ရောင်းချထားပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ ၃ သိန်းကျော်ကျမှာဖြစ်ပါတယ်။

အရင်က ထုတ်ခဲ့တဲ့ Nokia ဖုန်းတွေထက်စာရင် အခုအသစ်ထုတ်လုပ်လိုက်တဲ့ Nokia 6 က အများကြီးပိုမိုကောင်းမွန်ပြီး Nokia အနေနဲ့ စမတ်ဖုန်းဈေးကွက်ထဲကို အလားအလာကောင်းကောင်းနဲ့ ပြန်လည်ဝင်ရောက်လာတယ်လို့ လေ့လာသူတွေက သုံးသတ်ကြပါတယ်။