Star Wars ရုပ်ရှင်ကားထဲမှာပါဝင်တဲ့ ချစ်စရာ စက်ရုပ်လေး R2-D2 လေးကို မှတ်မိကြမယ်ထင်ပါတယ်။

Sphero ကုမ္ပဏီက စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး စေခိုင်းလို့ရတဲ့ R2-D2 ကစားစရာ စက်ရုပ်လေးကို ထုတ်လုပ်လိုက်ပါပြီ။

R2-D2 နဲ့အတူ Star Wars ရုပ်ရှင်ထဲက လူဆိုး BB-9E ကိုလည်း ထုတ်လုပ်ထားပါတယ်။

R2-D2

R2-D2 စက်ရုပ်လေးက ၁၇ စင်တီမီတာ (၇ လက်မ) ၀န်းကျင်သာရှိပြီး အလေးချိန်က ၃၇၀ ဂရမ်လောက်ရှိပါတယ်။

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၇၉.၉၉ ဒေါ်လာနဲ့ရောင်းချနေပါတယ်။

Star Wars ရုပ်ရှင်ကားကို ကြိုက်နှစ်သက်ပြီး R2-D2 စက်ရုပ်လေးကို စမတ်ဖုန်းနဲ့ညွှန်ကြားပြီး ဆော့ကစားချင်သူတွေအတွက် သင့်တော်ပါတယ်။

အဲ့ဒီပြင် စက်ရုပ်ကို ကိုယ့်ဘာသာ Coding ပြန်ရေးပြီး တီထွင်စမ်းသစ်ချင်တဲ့ ကွန်ပျုတာ ပညာရှင်တွေအတွက်ဆိုရင်လည်း ဈေးနှုန်း အရမ်းမကြီးမြင့်တဲ့ R2-D2 လေးနဲ့လည်း စမ်းသပ်လို့ရပါတယ်။