Huawei ဟာ ယခုနှစ်မှာ ကိုယ်ပိုင် HarmonyOS 2.0 ကို စမတ်ဖုန်းတွေအပြင် Device တွေအများအပြားအတွက် ထုတ်ပေးနိုင်ဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ အခုလည်း Huawei ရဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Huawei P30 နဲ့ Mate 30 Pro 5G ဖုန်းတွေအတွက် HarmonyOS 2.0 Beta ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

အခုလိုမျိုး HarmonyOS 2.0 Beta ကို ထုတ်ပေးလိုက်တယ်ဆိုပေမယ့် အသုံးပြုမယ်ဆိုရင် EMUI 11 နဲ့ပဲ အသုံးပြုရဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ Android OS ကို အခြေခံထားတဲ့ EMUI 11 နဲ့ ကွာခြားချက်ရှိဦးမှာမဟုတ်သလို Android App တွေကိုလည်း ပုံမှန်အတိုင်း ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Huawei ရဲ့ HarmonyOS 2.0 ဟာ Android နဲ့ ဆင်တူခြင်းမရှိတဲ့ OS အသစ်လို့ ပြောနေကြပေမယ့်လည်း တချို့သောနေရာတွေမှာတော့ Android OS နဲ့ ဆင်တူမှုတွေအများအပြားရှိနေသေးတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ HarmonyOS အတွက် သီးသန့် Application တွေ၊ Software Feature တွေ ကွဲထွက်နေတာမျိုးလည်း မရှိသေးဘူးလို့ သိရပါတယ်။

Huawei ဟာ လာမယ့် မတ်လဝန်းကျင်မှာ မိတ်ဆက်သွားမယ့် Huawei P50 Series ဖုန်းတွေကို တရုတ်နိုင်ငံအတွင်းမှာ HarmonyOS တစ်မျိုးတည်းနဲ့ပဲ ရောင်းချသွားမှာဖြစ်ပါတယ်။ Global စျေးကွက်အတွက်ကတော့ Android OS သို့မဟုတ် HarmonyOS ကို ရွေးချယ်နိုင်မှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Ref – GSM Arena