EMUI 11 အသုံးပြုထားတဲ့ ဟန်းဆက်အချို့ဟာ HarmonyOS 2.0 ကို ပြောင်းလဲအသုံးပြုနိုင်မယ်လို့ Huawei က ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ တရုတ်နည်းပညာကုမ္ပဏီကြီးရဲ့ ကိုယ်ပိုင် OS ဟာ Developer တွေဆီ အဆင့်ဆင့် ဖြန့်ဝေနေပြီလည်း ဖြစ်ပါတယ်။

Huawei ရဲ့ HarmonyOS 2.0 Beta ဗားရှင်းကို လာမယ့် ဒီဇင်ဘာလထဲမှာ စတင်ထုတ်လွှတ်ပေးမှာဖြစ်ပေမယ့် Smart Screen လို Device အနည်းငယ်ဆီပဲ အရင်ဦးဆုံး ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။ အဲဒီနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေထဲမှာမှ စမတ်ဖုန်းတွေဆီ ရောက်ရှိမယ်လို့ သိရပါတယ်။

အခုတော့ တရုတ်လူမှုကွန်ရက်ဖြစ်တဲ့ Weibo မှာ HarmonyOS 2.0 ရရှိမယ့် Device တွေနဲ့ ထုတ်လွှတ်မယ့်အချိန်ဇယားကို မျှဝေနေကြတာကို တွေ့မြင်လာရပါတယ်။ အစီအစဉ်အရ Kirin 9000 နဲ့ဟန်းဆက်တွေ (Mate 40 စီးရီးဖြစ်နိုင်) ကိုအရင်ဦးဆုံး ထုတ်ပေးမှာဖြစ်ပြီး၊ ဒီနောက်မှာတော့ Kirin 990 5G နဲ့ ဟန်းဆက်တွေ (P40 နဲ့ Mate 30 မော်ဒယ်အချို့) ကို ထုတ်ပေးမယ်လို့ သိရပါတယ်။

တတိယအသုတ်မှာတော့ Kirin 990 4G, Kirin 985, Kirin 820 အသုံးပြု ဟန်းဆက်တချိူ့ဆီ ထုတ်ပေးမှာဖြစ်ပြီး၊ စတုတ္ထအသုတ်မှာတော့ Kirin 980 နဲ့ ကျန်ရှိနေသေးတဲ့ Kirin 990 4G , Kirin 820 အသုံးပြု ဟန်းဆက်တချိူ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ပဉ္စမအသုတ်မှာတော့ Kirin 810 နဲ့ Kirin 710 အသုံးပြုထားတဲ့ ဟန်းဆက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် Huawei ရဲ့ မော်ဒယ်အဟောင်းအချို့တောင်မှ HarmonyOS ကို အသုံးပြုလာနိုင်မယ်လို့ ယုံကြည်ရပါတယ်။

Ref: GSM Arena