Harry Potter ကိုတော့ မသိတဲ့သူရှားမှာပါ။ အရင်တုန်းက Harry Potter ဂိမ်းတွေထွက်ခဲ့ပေမယ့် စမတ်ဖုန်းဂိမ်းကောင်းကောင်းမထွက်ခဲ့တာကြောင့် ဆော့ကစားချင်တဲ့သူတွေအတွက် အခက်အခဲရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း လာမယ့် ဧပြီရယ်လ ၂၅ ရက်နေ့ကြရင်တော့ Harry Potter ရုပ်ရှင်ထဲက သူတွေကိုယ်တိုင် အသံနဲ့ သရုပ်ဆောင်ထားတဲ့ Harry Potter : Hogwarts Mystery ဂိမ်းထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Android အတွက်ရော iOS အတွက်ရော ထွက်ရှိမှာဖြစ်ပါတယ်။

အခုဂိမ်းဟာ Pokemon Go လိုမျိုး AR နည်းပညာတွေကို အသုံးပြုထားတဲ့အပြင် လှပပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇတ်လမ်းသွားရှိလာမယ်လို့လည်းသိရပါတယ်။

အခု Harry Potter ဂိမ်းကို Download မပြုလုပ်နိုင်ခင် Game Trailer ကို ဖော်ပြပေးလိုက်ပါတယ်။