[Zawgyi]

ၿပီးခဲ့တဲ့ ၂၀၁၈ ႏိုဝင္ဘာတုန္းက Snapdragon 450 SoC သုံးထားၿပီး 4,230mAh ဘက္ထရီပမာဏနဲ႔ OPPO A7 ထြက္ေပၚခဲ့ၿပီး ေဈးကြက္ထဲမွာလည္း အေတာ္ေလးကို အလုပ္ျဖစ္ခဲ့ပါေသးတယ္။ ဒီဖုန္းထြက္ၿပီး သိပ္မၾကာခင္မွာပဲ ကုမၸဏီဟာ Specs အခ်ိဳ႕ကို ေျပာင္းလဲၿပီး ေနာက္တစ္မ်ိဳးထုတ္မယ္လို႔ သတင္းၾကားလာရပါတယ္။

OPPO A5s ဟာ A7 ကို Specs အခ်ိဳ႕ ေျပာင္းလဲထားတဲ့ မူကြဲလို႔လည္းဆိုရမွာပါ။ လက္ရွိေပါက္ၾကားလာတဲ့ အခ်က္အလက္ေတြအရ A5s ဟာ Waterdrop notch ပါဝင္တဲ့ မ်က္ႏွာျပင္နဲ႔ ျဖစ္ပါတယ္။ အ႐ြယ္အစားကေတာ့ 6.2-inch ျဖစ္ၿပီး HD+ (1520 x 720 pixels) resolution ျဖစ္သလို LCD အမ်ိဳးအစားလည္း ျဖစ္ပါတယ္။

အေရွ႕ဘက္က Waterdrop notch ထဲမွာ တပ္ဆင္ထားတဲ့ Selfie ကင္မရာဟာ 8MP, f/2.0 sensor နဲ႔ျဖစ္တယ္လို႔ သိရပါတယ္။ ေက်ာဘက္မွာေတာ့ ကင္မရာႏွစ္လုံး တပ္ဆင္ေပးထားၿပီး အဓိက ကင္မရာဟာ 13MP, f/2.2 ျဖစ္ၿပီး ဒုတိယကင္မရာကေတာ့ 2MP, f/2.4 ျဖစ္တယ္လို႔လည္း သိရပါတယ္။

A5s မွာေတာ့ Heilo P35 ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ Heilo P35 ဟာ Heilo P30 နဲ႔ CPU configuration ခ်င္း တူတယ္ဆိုေပမယ့္ GPU ကေတာ့ VR GE8320 ျဖစ္ပါတယ္။ TSMC ရဲ႕ 12nm process ေပၚမွာ တည္ေဆာက္ထားတာျဖစ္ၿပီး AI ကင္မရာ Features အမ်ားအျပားလည္း ပါဝင္ပါတယ္။

ထပ္ၿပီးသိႏိုင္တဲ့ အခ်က္အလက္အခ်ိဳ႕ကေတာ့ OPPO A5s ကို RAM 2GB/3GB/4GB စတာေတြနဲ႔ သိုေလွာင္မႈအပိုင္းကို 32GB/ 64GB ဆိုၿပီး ခြဲျခားထုတ္လုပ္သြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ MicroSD နဲ႔လည္း 256GB အထိ တိုးျမႇင့္ႏိုင္မယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

Helio P35 နဲ့ OPPO A5s ရဲ့ အချက်အလက်အချို့ ပေါက်ကြားလာ

ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာတုန်းက Snapdragon 450 SoC သုံးထားပြီး 4,230mAh ဘက်ထရီပမာဏနဲ့ OPPO A7 ထွက်ပေါ်ခဲ့ပြီး ဈေးကွက်ထဲမှာလည်း အတော်လေးကို အလုပ်ဖြစ်ခဲ့ပါသေးတယ်။ ဒီဖုန်းထွက်ပြီး သိပ်မကြာခင်မှာပဲ ကုမ္ပဏီဟာ Specs အချို့ကို ပြောင်းလဲပြီး နောက်တစ်မျိုးထုတ်မယ်လို့ သတင်းကြားလာရပါတယ်။

OPPO A5s ဟာ A7 ကို Specs အချို့ ပြောင်းလဲထားတဲ့ မူကွဲလို့လည်းဆိုရမှာပါ။ လက်ရှိပေါက်ကြားလာတဲ့ အချက်အလက်တွေအရ A5s ဟာ Waterdrop notch ပါဝင်တဲ့ မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ အရွယ်အစားကတော့ 6.2-inch ဖြစ်ပြီး HD+ (1520 x 720 pixels) resolution ဖြစ်သလို LCD အမျိုးအစားလည်း ဖြစ်ပါတယ်။

အရှေ့ဘက်က Waterdrop notch ထဲမှာ တပ်ဆင်ထားတဲ့ Selfie ကင်မရာဟာ 8MP, f/2.0 sensor နဲ့ဖြစ်တယ်လို့ သိရပါတယ်။ ကျောဘက်မှာတော့ ကင်မရာနှစ်လုံး တပ်ဆင်ပေးထားပြီး အဓိက ကင်မရာဟာ 13MP, f/2.2 ဖြစ်ပြီး ဒုတိယကင်မရာကတော့ 2MP, f/2.4 ဖြစ်တယ်လို့လည်း သိရပါတယ်။

A5s မှာတော့ Heilo P35 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Heilo P35 ဟာ Heilo P30 နဲ့ CPU configuration ချင်း တူတယ်ဆိုပေမယ့် GPU ကတော့ VR GE8320 ဖြစ်ပါတယ်။ TSMC ရဲ့ 12nm process ပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး AI ကင်မရာ Features အများအပြားလည်း ပါဝင်ပါတယ်။

ထပ်ပြီးသိနိုင်တဲ့ အချက်အလက်အချို့ကတော့ OPPO A5s ကို RAM 2GB/3GB/4GB စတာတွေနဲ့ သိုလှောင်မှုအပိုင်းကို 32GB/ 64GB ဆိုပြီး ခွဲခြားထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် MicroSD နဲ့လည်း 256GB အထိ တိုးမြှင့်နိုင်မယ်လို့ သိရပါတယ်။

Ref: GSMArena