Oukitel က ဒီလကုန်မှာ Oukitel RT8 အမည်ရ အကြမ်းခံ တက်ဘလက် အသစ် ၁ လုံးကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အဲဒီတက်ဘလက်ရဲ့ သတင်းအချက်အလက်တချို့လည်း ထွက်ပေါ်လာပါတယ်။

Oukitel RT8 with leather hand strap

Oukitel RT8 မှာ 11” 2K မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး အကြမ်းခံ တက်ဘလက်တွေရဲ့ ထုံးစံအတိုင်း မျက်နှာပြင်ဘေးဘောင်တွေက ထူပါတယ်။ အရှေ့ဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 48MP Main (Sony Sensor) , 20MP Night Vision နဲ့ 5MP Macro ကင်မရာ ၃ လုံး ပါလာမှာပါ။

Oukitel RT8 with premium alloy bracket

Oukitel RT8 မှာ သားရေ လက်ကိုင်ကြိုး ထည့်သွင်းထားပြီး အပြင်သွားရင် သယ်ဆောင်ရ လွယ်ကူစေပါတယ်။ ဒါ့အပြင် ဗီဒီယို ကြည့်ရင်၊ Video Call ပြောရင်နဲ့ တခြားအလုပ်တွေ လုပ်ရင် Stand အဖြစ် အသုံးပြုနိုင်တဲ့ Accessory တစ်ခုကိုလည်း ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။

Here's the Oukitel RT8 rugged tablet an 11'' screen and 20,000 mAh battery

တက်ဘလက်မှာ Helio G99 SoC ၊ Android 13 ၊ 6GB RAM နဲ့ 256GB Storage ထည့်သွင်းထားမှာ ဖြစ်ပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ 33W Charging ထောက်ပံ့တဲ့ 20,000mAh Battery ပါလာမှာပါ။

အကြမ်းခံ တက်ဘလက် ဖြစ်တဲ့အတွက် IP68/69K နဲ့ MIL-STD-810H Certification တွေရထားမှာပါ။ အထူက ၁၅.၁ မီလီမီတာနဲ့ အလေးချိန်က ၉၉၆.၇ ဂရမ် ရှိမှာ ဖြစ်ပါတယ်။ တက်ဘလက်ကို ဒေါ်လာ ၃၀၀ ဝန်းကျင်နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gsmarena