မိုဘိုင်းဖုန်း ခိုးယူခံရမှုဟာ ကြီးမားတဲ့ပြဿနာ ဖြစ်ပြီး အရေးကြီးတဲ့ဒေတာနဲ့ ငွေကြေးတွေ ပါသွားနိုင်ပါတယ်။ အခုတော့ Google က ဖုန်းခိုးယူခံရခြင်းမှ ကာကွယ်နိုင်မယ့် Feature တွေကို ကြေညာလိုက်ပါတယ်။ အဲဒီ Feature တွေကို Google Play Services Update ကနေ ဒီနှစ်နှောင်းပိုင်းမှာ ထည့်သွင်းပေးမှာပါ။Android 10 နဲ့နောက်ပိုင်း ဖုန်း တွေဟာ အဲဒီ Feature တွေကို ရကြမှာပါ။ ဒါ့အပြင် Android 15 မှာ တပါထဲ ပါလာမှာပါ။

Google က သူခိုးတွေ ဖုန်းကို ပြန်ရောင်းလို့ မရအောင် လွယ်ကူစွာနဲ့ Reset မလုပ်နိုင်အောင် ပြုလုပ်ထားမှာပါ။ ဒီ Feature ဟာ Android Factory Reset Protection ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ သူခိုး ၁ ယောက်ဟာ ခိုးထားတဲ့ဖုန်းကို Reset ချလိုက်ပြီးနောက်မှာ သင့် Google အကောင့် အချက်အလက်တွေကို မသိဘဲ ဖုန်းကို Set Up လုပ်လို့ မရတော့ပါဘူး။ အဲဒီအတွက် ခိုးထားတဲ့ ဖုန်းကို ပြန်ရောင်းလို့ မရတဲ့အတွက် ဖုန်းခိုးယူမှု နည်းသွားမှာပါ။

သင့် ဖုန်းကို ပြန်မရောင်းဘဲ ဒေတာနဲ့ ငွေကြေးတွေ ခိုးယူချင်တဲ့ သူခိုးတွေအတွက် Google က Android 15 ရဲ့ Second Beta မှာ Private Space ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီမှာ သင့်ရဲ့ ငွေကြေး App နဲ့အရေးကြီး ဒေတာတွေ ပါတဲ့ App တွေကို ထည့်သွင်းပြီး သီးခြား PIN နဲ့ Lock လုပ်ထားနိုင်ပါတယ်။

နောက်တစ်ခုက Find My Device ကို Disable လုပ်ရင် PIN, Password နဲ့ Biometric တွေကို ထည့်သွင်းပေးဖို့ လိုအပ်လာပါတယ်။ Theft Detection Lock က Google AI ကို အသုံးပြုပြီး သူခိုးက သင့်လက်ထဲက ဖုန်းကို လုပြေးတာကို သိနိုင်ပါတယ်။ အဲဒီအခါကျရင် ဖုန်း Screen ကို Lock လုပ်လိုက်မှာပါ။

Ref : gsmarena