[Zawgyi]

တရုတ္ အီလက္ထေရာနစ္ ကုမၸဏီ Hisense က မၾကာခင္ကပဲ အၾကမ္းစား 10,010mAh Battery ပါတဲ့ KingKong 6 ကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ Hisense F40 ကို ခ်ျပလိုက္ၿပီး ထူးျခားတဲ့စြမ္းရည္က Infrared Camera ေတြကို ေထာက္လွမ္းႏုိင္တာပါ။ ဒါဘာအက်ိဳးရွိလဲ ဆိုေတာ့ ဥပမာအေနနဲ႔ ဟိုတယ္ အခန္းထဲမွာ Hidden Camera တပ္ထားရင္ ဖုန္းက သိပါတယ္။ အဲဒါကလြဲၿပီး အဲဒီ ဖုန္းရဲ႕ အေသးစိတ္ သတင္းအခ်က္အလက္ေတြကို မသိရေသးပါဘူး။ ကုမၸဏီက ဓါတ္ပံုေတြကိုေတာ့ မွ်ေ၀ထားပါတယ္။

Hisense F40 ကို TENAA မွာ မွတ္ပံုတင္ထားၿပီး Specs ေတြကို သိလာရပါၿပီ။ ၆.၆၁၇ လက္မ 1600x720p Display တပ္ဆင္ထားပါတယ္။ အရြယ္အစား အျပည့္အစံုမွာ 166.3×76.5×9.19mm နဲ႔ အေလးခ်ိန္က ၁၇၀ ဂရမ္ ျဖစ္ပါတယ္။ အရြယ္ႀကီး 5,000mAh Battery ပါလာမွာျဖစ္ၿပီး TENAA မွာ 4,850mAh လို႔ ေဖာ္ျပထားပါတယ္။

2.0GHz CPU ပါလာမွာ ျဖစ္ေပမယ့္ ေမာ္ဒယ္ကို မသိရေသးပါဘူး။ 8GB RAM နဲ႔ 256GB Storage အထိ ေရြးခ်ယ္ႏုိင္မွာပါ။ တျခား Memory Configuration ေတြလည္း ထြက္လာႏိုင္ပါတယ္။ အေနာက္ဘက္မွာ 13MP+8MP+2MP+2MP Quad Camera ကို ဘယ္ဘက္အထက္ေထာင့္မွာ ေဒါင္လိုက္ တပ္ဆင္ထားပါတယ္။ အေရွ႕ဘက္မွာ 8MP Camera ကို Notch မွာ ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။

Hisense F40 အတြက္ Polar Night Black နဲ႔ Star Blue အေရာင္ေတြ ထုတ္လုပ္ထားမွာ ျဖစ္ပါတယ္။ ကုမၸဏီက ေစ်းႏႈန္းနဲ႔ အေသးစိတ္ သတင္းအခ်က္အလက္ကို မၾကာခင္ ေၾကညာမယ္ထင္ပါတယ္။

Ref : gizmochina

[Unicode]

Quad Camera ပါတဲ့ Hisense F40 ကို မိတ်ဆက်

တရုတ် အီလက်ထရောနစ် ကုမ္ပဏီ Hisense က မကြာခင်ကပဲ အကြမ်းစား 10,010mAh Battery ပါတဲ့ KingKong 6 ကို ကြေညာခဲ့ပါတယ်။ အခုတော့ Hisense F40 ကို ချပြလိုက်ပြီး ထူးခြားတဲ့စွမ်းရည်က Infrared Camera တွေကို ထောက်လှမ်းနိုင်တာပါ။ ဒါဘာအကျိုးရှိလဲ ဆိုတော့ ဥပမာအနေနဲ့ ဟိုတယ် အခန်းထဲမှာ Hidden Camera တပ်ထားရင် ဖုန်းက သိပါတယ်။ အဲဒါကလွဲပြီး အဲဒီ ဖုန်းရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ ကုမ္ပဏီက ဓါတ်ပုံတွေကိုတော့ မျှဝေထားပါတယ်။

Hisense F40 ကို TENAA မှာ မှတ်ပုံတင်ထားပြီး Specs တွေကို သိလာရပါပြီ။ ၆.၆၁၇ လက်မ 1600x720p Display တပ်ဆင်ထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 166.3×76.5×9.19mm နဲ့ အလေးချိန်က ၁၇၀ ဂရမ် ဖြစ်ပါတယ်။ အရွယ်ကြီး 5,000mAh Battery ပါလာမှာဖြစ်ပြီး TENAA မှာ 4,850mAh လို့ ဖော်ပြထားပါတယ်။

2.0GHz CPU ပါလာမှာ ဖြစ်ပေမယ့် မော်ဒယ်ကို မသိရသေးပါဘူး။ 8GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာပါ။ တခြား Memory Configuration တွေလည်း ထွက်လာနိုင်ပါတယ်။ အနောက်ဘက်မှာ 13MP+8MP+2MP+2MP Quad Camera ကို ဘယ်ဘက်အထက်ထောင့်မှာ ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 8MP Camera ကို Notch မှာ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။

Hisense F40 အတွက် Polar Night Black နဲ့ Star Blue အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ဈေးနှုန်းနဲ့ အသေးစိတ် သတင်းအချက်အလက်ကို မကြာခင် ကြေညာမယ်ထင်ပါတယ်။

Ref : gizmochina