[Zawgyi]

Hisense Mobile က တရုတ္မွာ စြမ္းရည္ျမင့္ Kingkong Series ဖုန္း အသစ္ ၁ လံုးကို မိတ္ဆက္လိုက္ပါတယ္။ ၀ီဘို ကေန ေၾကညာလိုက္တာ ျဖစ္ၿပီး Hisense Kingkong 6 လို႔ နာမည္ေပးထားပါတယ္။ အဲဒီ ဖုန္းရဲ႕ အလန္းဆံုး အစိတ္အပိုင္းက 10,010mAh ဘက္ထရီ ျဖစ္ပါတယ္။ Waterdrop Notch Design ကိုသံုးထားေပမယ့္ မ်က္ႏွာျပင္ အရြယ္အစားနဲ႔ တျခား Specifications ေတြကို မသိရေသးပါဘူး။

အေနာက္ဘက္မွာ ကင္မရာ ၃ လံုးကို ဘယ္ဘက္အထက္မွာ တပ္ဆင္ထားပါတယ္။ ပင္မ ကင္မရာနဲ႔ ေနာက္ ၂ လံုးက Depth Sensor နဲ႔ Ultra-wide Angle ေတြ ျဖစ္ႏုိင္ပါတယ္။ အေနာက္ဘက္ အလယ္နားမွာ လက္ေဗြရာ အာရံုခံ ကိရိယာ တပ္ဆင္ထားၿပီး ဒိုင္း ပံုသ႑ာန္က ဆန္းသစ္ပါတယ္။ အဲဒီ အရြယ္အစား အရမ္းႀကီးတဲ့ ဘက္ထရီကို ဖုန္းထဲမွာ ထည့္ထားတာ မျဖစ္ႏုိင္ပါဘူး။ ဖုန္းထဲမွာ အရြယ္ေသး ဘက္ထရီပဲ ပါလာႏုိင္ပါတယ္။  ဘက္ထရီ Case ဒါမွမဟုတ္ ဘက္ထရီ Mod လို အစိတ္အပိုင္းမွာ အပို ဘက္ထရီ ထည့္သြင္းထားနုိင္ပါတယ္။ အဲဒီ ဘက္ထရီ ၂ ခုေပါင္းမွ 10,010mAh ျဖစ္မယ္လို႔ ထင္ပါတယ္။

Kingkong 6 ရဲ႕ အရင္ မ်ိဳးဆက္မွာ 4,500mAh ဘက္ထရီနဲ႔ 3,500mAh ဘက္ထရီ Case ထည့္သြင္းထားပါတယ္။ အေနာက္ဘက္ရဲ႕ ေအာက္တစ္ပိုင္းနားမွာ ဘက္ထရီ ၂ ခုကို ခ်ိတ္ဆက္ႏိုင္တဲ့ Connectors ပါပါတယ္။

Hisense က ဒီ ဖုန္းကို ေၾကာ္ျငာေပးဖို႔ နာမည္ေက်ာ္ မင္းသား Yang Shuo ကို ဖိတ္ေခၚထားပါတယ္။ သူ႔ကို တရုတ္ ႏိုင္ငံ၊ ဟီေလာင္ဂ်ီယန္ ျပည္နယ္၊ ယီခြ်န္ၿမိဳ႕မွာ ၁၉၈၃ ခုႏွစ္ ဇန္န၀ါရီလ ၂ ရက္ေန႔မွာ ေမြးဖြားခဲ့တာ ျဖစ္ၿပီး ရုပ္ရွင္ဇာတ္ကားမ်ားစြာ ရိုက္ကူးထားပါတယ္။ တရုတ္မွာ နာမည္ႀကီး ဆယ္လီ ၁ ေယာက္ ျဖစ္ပါတယ္။ အဲဒီဖုန္းရဲ႕ ေစ်းႏႈန္းနဲ႔ Specs အေသးစိတ္ကို မၾကာခင္ သိလာရေတာ့မွာပါ။

Ref : gizmochina

[Unicode]

Hisense က 10,010mAh Battery ပါတဲ့ Kingkong 6 ကို ကြေညာ

Hisense Mobile က တရုတ်မှာ စွမ်းရည်မြင့် Kingkong Series ဖုန်း အသစ် ၁ လုံးကို မိတ်ဆက်လိုက်ပါတယ်။ ဝီဘို ကနေ ကြေညာလိုက်တာ ဖြစ်ပြီး Hisense Kingkong 6 လို့ နာမည်ပေးထားပါတယ်။ အဲဒီ ဖုန်းရဲ့ အလန်းဆုံး အစိတ်အပိုင်းက 10,010mAh ဘက်ထရီ ဖြစ်ပါတယ်။ Waterdrop Notch Design ကိုသုံးထားပေမယ့် မျက်နှာပြင် အရွယ်အစားနဲ့ တခြား Specifications တွေကို မသိရသေးပါဘူး။

အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို ဘယ်ဘက်အထက်မှာ တပ်ဆင်ထားပါတယ်။ ပင်မ ကင်မရာနဲ့ နောက် ၂ လုံးက Depth Sensor နဲ့ Ultra-wide Angle တွေ ဖြစ်နိုင်ပါတယ်။ အနောက်ဘက် အလယ်နားမှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပြီး ဒိုင်း ပုံသဏ္ဍာန်က ဆန်းသစ်ပါတယ်။ အဲဒီ အရွယ်အစား အရမ်းကြီးတဲ့ ဘက်ထရီကို ဖုန်းထဲမှာ ထည့်ထားတာ မဖြစ်နိုင်ပါဘူး။ ဖုန်းထဲမှာ အရွယ်သေး ဘက်ထရီပဲ ပါလာနိုင်ပါတယ်။ ဘက်ထရီ Case ဒါမှမဟုတ် ဘက်ထရီ Mod လို အစိတ်အပိုင်းမှာ အပို ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။ အဲဒီ ဘက်ထရီ ၂ ခုပေါင်းမှ 10,010mAh ဖြစ်မယ်လို့ ထင်ပါတယ်။

Kingkong 6 ရဲ့ အရင် မျိုးဆက်မှာ 4,500mAh ဘက်ထရီနဲ့ 3,500mAh ဘက်ထရီ Case ထည့်သွင်းထားပါတယ်။ အနောက်ဘက်ရဲ့ အောက်တစ်ပိုင်းနားမှာ ဘက်ထရီ ၂ ခုကို ချိတ်ဆက်နိုင်တဲ့ Connectors ပါပါတယ်။

Hisense က ဒီ ဖုန်းကို ကြော်ငြာပေးဖို့ နာမည်ကျော် မင်းသား Yang Shuo ကို ဖိတ်ခေါ်ထားပါတယ်။ သူ့ကို တရုတ် နိုင်ငံ၊ ဟီလောင်ဂျီယန် ပြည်နယ်၊ ယီချွန်မြို့မှာ ၁၉၈၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးထားပါတယ်။ တရုတ်မှာ နာမည်ကြီး ဆယ်လီ ၁ ယောက် ဖြစ်ပါတယ်။ အဲဒီဖုန်းရဲ့ ဈေးနှုန်းနဲ့ Specs အသေးစိတ်ကို မကြာခင် သိလာရတော့မှာပါ။

Ref : gizmochina