တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးသော Electronic ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Hisense ကနေ အချိန်မှာတော့ စမတ်ဖုန်းဈေးကွက်ထဲကိုလည်း ဝင်ရောက်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့ သတင်းတွေအရ Hisense ဟာ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့် Hisense P9 အမည်ရှိတဲ့ စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပြီးတော့ အခုအချိန်မှာ TENAA Website ကလည်း ပါဝင်လာမယ့် Specifications တွေကို အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။

အခုထွက်ရှိလာမယ့် Hisense P9 စမတ်ဖုန်းဟာ အကြမ်းခံအောင်ပြုလုပ်ထားတဲ့စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ ပြုတ်ကျ၊ လွတ်ကျတဲ့ဒါဏ်တွေကို ခံနိုင်ရည်ရှိတဲ့ ကိုယ်ထည်နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

Specifications ပိုင်းအရလည်း လျော့နည်းဦးမှာမဟုတ်ပဲ 5.5″ Full HD AMOLED Display ၊ Octa Core Processor ၊ RAM 6GB နဲ့ Internal Storage 128GB တွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

အခုဒီ Hisense စမတ်ဖုန်းရဲ့ အားသာချက်တွေကတော့ Dual 12 MP Back Camera နဲ့ 16MP Front Selfie Camera တွေပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ၂ ရက် ၃ ရက်လောက် အားပြန်သွင်းစရာမလိုပဲ အသုံးပြုနိုင်မယ့် ကြီးမားတဲ့ 6000mAh Battery ပါဝင်မှာပဲဖြစ်ပါတယ်။

Hisense P9 ကို မကြာခင်မှာ ဒေါ်လာ ၃၀၀ အောက်ဝန်းကျင်နဲ့ ရောင်းချသွားမယ်လို့သိရပါတယ်။