[Zawgyi]

တ႐ုတ္ႏိုင္ငံအေျခစိုက္ စမတ္ဖုန္းကုမၸဏီ တစ္ခုျဖစ္တဲ့ HiSense ဟာ U30 ဆိုတဲ့ စမတ္ဖုန္း တစ္မ်ိဴးကို Consumer Electronics Show (CES) 2019 မွာ ထုတ္ျပလိုက္ၿပီ ျဖစ္ပါတယ္။ အဆိုပါ စမတ္ဖုန္းဟာ Huawei Nova 4 , Samsung Galaxy A8s နဲ႔ Honor V20 တို႔လိုမ်ိဴး Punch-hole Display အမ်ိဴးအစားကို အသုံးျပဳထားတာျဖစ္ၿပီး 48MP Camera Sensor ကိုပါ တပ္ဆင္ထားပါတယ္။

48MP Camera Sensor ကို ေနာက္ေက်ာဘက္မွာ Main Camera အျဖစ္ တပ္ဆင္ထားၿပီး 5MP Camera Sensor နဲ႔အတူ ေဒါင္လိုက္တြဲေပးထားပါတယ္။ 48MP Camera Sensor က Nova 4 နဲ႔ V20 တို႔မွာ အသုံးျပဳထားတဲ့ Sony IMX586 Sensor မဟုတ္ဘဲ Samsung ISOCELL Bright CM1 ျဖစ္တယ္လို႔ သိရပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္ Punch-hole ထဲမွာေတာ့ 20MP Selfie Camera ကို တပ္ဆင္ထားမွာပါ။

Display အပိုင္းအတြက္ ၆.၃လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ O-Infinity LCD Display အမ်ိဴးအစားကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2340 pixels ရွိပါတယ္။ XDA Developer ရဲ႕ ေျပာၾကားခ်က္ေတြအရဆိုရင္ အဆိုပါ Display ဟာ Samsung ဆီက Infinity-O Display မဟုတ္ဘဲ တ႐ုတ္ႏိုင္ငံ အေျခစိုက္ နည္းပညာကုမၸဏီတစ္ခုျဖစ္တဲ့ Tianma ဆီက O-Infinity Display ျဖစ္တယ္လို႔ သိရပါတယ္။

Processor အပိုင္းအတြက္ Qualcomm ရဲ႕ အသစ္စက္စက္ SoC ျဖစ္တဲ့ Snapdragon 675 ကိုအသုံးျပဳထားပါတယ္။ Snapdragon 675 ရဲ႕ Code Name ကေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက ေကာလဟလသတင္းေတြ ထြက္ေပၚခဲ့ဖူးတဲ့ Snapdragon 6150/ SM6150 ပဲျဖစ္ပါတယ္။ RAM 6GB + Storage 128GB နဲ႔ RAM 8GB + Storage 128GB ဆိုၿပီး ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မယ္လို႔ သိရပါတယ္။

ဘက္ထရီသိုေလွာင္မႈ ပမာဏအေနနဲ႔ 4500mAh ထည့္သြင္းေပးထားၿပီး Quick Charge 4.0 အျမန္အားသြင္းစနစ္ ပါဝင္မွာ ျဖစ္ပါတယ္။ Security အပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားသလို Face Unlock စနစ္ကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ Operating System အပိုင္းအတြက္ Android 9 Pie ကို ထည့္သြင္းေမာင္းႏွင္ထားၿပီး Vision UI နဲ႔ ျပန္လည္ဆန္းသစ္ထားပါတယ္။

HiSense ဟာ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္တဲ့ U30 ကို CES 2019 မွာ ထုတ္ျပ႐ုံသာ ထုတ္ျပခဲ့တာျဖစ္ၿပီး ထြက္ရွိမယ့္ေန႔နဲ႔ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကို တရားဝင္ ေဖာ္ျပထားျခင္း မရွိပါဘူး။ ဒါေပမယ့္ အဆိုပါ စမတ္ဖုန္းကို မတ္လထဲမွာ စတင္ေရာင္းခ်ႏိုင္ၿပီး တ႐ုတ္၊ ႐ုရွားနဲ႔ ဥေရာပေစ်းကြက္ေတြမွာ ျဖန္႔ခ်ီသြားမယ္လို႔ သိရပါတယ္။

Ref : Gizmochina

[Unicode]

48MP Camera, Punch-hole Display နဲ့ Snapdragon 675 တွေ ပါတဲ့ဖုန်းကို တိတ်တဆိတ် ထုတ်ပြလိုက်တဲ့ HiSense

တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ HiSense ဟာ U30 ဆိုတဲ့ စမတ်ဖုန်း တစ်မျိူးကို Consumer Electronics Show (CES) 2019 မှာ ထုတ်ပြလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Huawei Nova 4 , Samsung Galaxy A8s နဲ့ Honor V20 တို့လိုမျိူး Punch-hole Display အမျိူးအစားကို အသုံးပြုထားတာဖြစ်ပြီး 48MP Camera Sensor ကိုပါ တပ်ဆင်ထားပါတယ်။

48MP Camera Sensor ကို နောက်ကျောဘက်မှာ Main Camera အဖြစ် တပ်ဆင်ထားပြီး 5MP Camera Sensor နဲ့အတူ ဒေါင်လိုက်တွဲပေးထားပါတယ်။ 48MP Camera Sensor က Nova 4 နဲ့ V20 တို့မှာ အသုံးပြုထားတဲ့ Sony IMX586 Sensor မဟုတ်ဘဲ Samsung ISOCELL Bright CM1 ဖြစ်တယ်လို့ သိရပါတယ်။ ရှေ့ဘက်မျက်နှာပြင် Punch-hole ထဲမှာတော့ 20MP Selfie Camera ကို တပ်ဆင်ထားမှာပါ။

Display အပိုင်းအတွက် ၆.၃လက်မ မျက်နှာပြင် အကျယ်ရှိ O-Infinity LCD Display အမျိူးအစားကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2340 pixels ရှိပါတယ်။ XDA Developer ရဲ့ ပြောကြားချက်တွေအရဆိုရင် အဆိုပါ Display ဟာ Samsung ဆီက Infinity-O Display မဟုတ်ဘဲ တရုတ်နိုင်ငံ အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Tianma ဆီက O-Infinity Display ဖြစ်တယ်လို့ သိရပါတယ်။

Processor အပိုင်းအတွက် Qualcomm ရဲ့ အသစ်စက်စက် SoC ဖြစ်တဲ့ Snapdragon 675 ကိုအသုံးပြုထားပါတယ်။ Snapdragon 675 ရဲ့ Code Name ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကောလဟလသတင်းတွေ ထွက်ပေါ်ခဲ့ဖူးတဲ့ Snapdragon 6150/ SM6150 ပဲဖြစ်ပါတယ်။ RAM 6GB + Storage 128GB နဲ့ RAM 8GB + Storage 128GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

ဘက်ထရီသိုလှောင်မှု ပမာဏအနေနဲ့ 4500mAh ထည့်သွင်းပေးထားပြီး Quick Charge 4.0 အမြန်အားသွင်းစနစ် ပါဝင်မှာ ဖြစ်ပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားသလို Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Operating System အပိုင်းအတွက် Android 9 Pie ကို ထည့်သွင်းမောင်းနှင်ထားပြီး Vision UI နဲ့ ပြန်လည်ဆန်းသစ်ထားပါတယ်။

HiSense ဟာ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ U30 ကို CES 2019 မှာ ထုတ်ပြရုံသာ ထုတ်ပြခဲ့တာဖြစ်ပြီး ထွက်ရှိမယ့်နေ့နဲ့ ရောင်းချသွားမယ့် စျေးနှုန်းကို တရားဝင် ဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမယ့် အဆိုပါ စမတ်ဖုန်းကို မတ်လထဲမှာ စတင်ရောင်းချနိုင်ပြီး တရုတ်၊ ရုရှားနဲ့ ဥရောပစျေးကွက်တွေမှာ ဖြန့်ချီသွားမယ်လို့ သိရပါတယ်။

Ref : Gizmochina