[Zawgyi]

Hisense အေနနဲ႔ U30 စမတ္ဖုန္းကို CES (Consumer Electronic Show) 2019 မွာ စတင္ထုတ္ျပခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက U30 ရဲ႕ Specs ေတြနဲ႔ ဒီဇိုင္း ကာလာ အေနအထားေတြကိုသာ ျမင္ေတြ႕ခြင့္ရရွိခဲ့တာျဖစ္ၿပီး ေစ်းကြက္ထဲကို စတင္ဝင္ေရာက္လာမယ့္ ေန႔ရက္နဲ႔ ေစ်းႏႈန္းေတြကိုေတာ့ သိရွိခြင့္ မရခဲ့ပါဘူး။ ဒါေပမယ့္ သိပ္မၾကာခင္မွာ ျမင္ေတြ႕သိရွိခြင့္ ရေတာ့မွာပါ။

Hisense ဟာ U30 စမတ္ဖုန္းကို မနက္ျဖန္ (မတ္လ ၁၄ရက္ေန႔) မွာ မိတ္ဆက္သြားမွာ ျဖစ္ေၾကာင္း တရားဝင္ ထုတ္ျပန္ေၾကညာလာပါတယ္။ အဆိုပါ ေၾကညာခ်က္ကို Weibo ကေန တစ္ဆင့္ ျဖန္႔ေဝခဲ့တာျဖစ္ၿပီး၊ မိတ္ဆက္သြားမယ့္ စမတ္ဖုန္းဟာ U30 ျဖစ္ေၾကာင္းကိုေတာ့ တိုက္႐ိုက္ေဖာ္ျပထားျခင္း မရွိပါဘူး။ တကယ္ေတာ့ Hisense U30 ဟာ နည္းပညာပိုင္းအရ ၾကည့္မယ္ဆိုရင္ Qualcomm ရဲ႕ Snapdragon 675 SoC ကို ပထမဦးဆုံး အသုံးျပဳထားတဲ့ စမတ္ဖုန္းပါ။ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ေစ်းကြက္ထဲကိုဝင္ေရာက္မႈ ေနာက္က်ေနခဲ့တဲ့အတြက္ Redmi Note 7 Pro နဲ႔ Meizu Note 9 တို႔က Snapdragon 675 SoC အသုံးျပဳ စမတ္ဖုန္းေတြအျဖစ္ ဦးစြာ ပြဲထြက္သြားခဲ့တာ ျဖစ္ပါတယ္။

Hisense U30 ရဲ႕ ေက်ာဘက္ ကိုယ္ထည္အတြက္ Leather ဒီဇိုင္းကို အသုံးျပဳထားႏိုင္ပါတယ္။ ေက်ာဘက္မွာ Dual Camera Setup ကို အသုံးျပဳထားၿပီး 48MP နဲ႔ 5MP Camera ေတြကို တြဲဖက္တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ Front-Facing Camera အတြက္ကိုေတာ့ 20MP Sensor ကို အသုံးျပဳထားႏိုင္ပါတယ္။ လုံၿခဳံေရးအပိုင္းအတြက္ Fingerprint Sensor ပါဝင္မွာျဖစ္ၿပီး 4500mAh ဘက္ထရီႀကီးကို Quick Charge 4 နဲ႔ ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။ ေစ်းႏႈန္းနဲ႔ Specs အျပည့္အစုံကိုေတာ့ မနက္ျဖန္မွာ က်င္းပသြားမယ့္ မိတ္ဆက္ပြဲကို ေစာင့္ၾကည့္ရမွာပါ။

Ref : Gizmochina

[Unicode]

Leather ဒီဇိုင်း၊ 48MP Camera နဲ့ Punch-hole တွေပါတဲ့ Hisense U30 ကို မနက်ဖြန်မှာ မိတ်ဆက်သွားမည်

Hisense အနေနဲ့ U30 စမတ်ဖုန်းကို CES (Consumer Electronic Show) 2019 မှာ စတင်ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက U30 ရဲ့ Specs တွေနဲ့ ဒီဇိုင်း ကာလာ အနေအထားတွေကိုသာ မြင်တွေ့ခွင့်ရရှိခဲ့တာဖြစ်ပြီး စျေးကွက်ထဲကို စတင်ဝင်ရောက်လာမယ့် နေ့ရက်နဲ့ စျေးနှုန်းတွေကိုတော့ သိရှိခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် သိပ်မကြာခင်မှာ မြင်တွေ့သိရှိခွင့် ရတော့မှာပါ။

Hisense ဟာ U30 စမတ်ဖုန်းကို မနက်ဖြန် (မတ်လ ၁၄ရက်နေ့) မှာ မိတ်ဆက်သွားမှာ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလာပါတယ်။ အဆိုပါ ကြေညာချက်ကို Weibo ကနေ တစ်ဆင့် ဖြန့်ဝေခဲ့တာဖြစ်ပြီး၊ မိတ်ဆက်သွားမယ့် စမတ်ဖုန်းဟာ U30 ဖြစ်ကြောင်းကိုတော့ တိုက်ရိုက်ဖော်ပြထားခြင်း မရှိပါဘူး။ တကယ်တော့ Hisense U30 ဟာ နည်းပညာပိုင်းအရ ကြည့်မယ်ဆိုရင် Qualcomm ရဲ့ Snapdragon 675 SoC ကို ပထမဦးဆုံး အသုံးပြုထားတဲ့ စမတ်ဖုန်းပါ။ အကြောင်းအမျိူးမျိူးကြောင့် စျေးကွက်ထဲကိုဝင်ရောက်မှု နောက်ကျနေခဲ့တဲ့အတွက် Redmi Note 7 Pro နဲ့ Meizu Note 9 တို့က Snapdragon 675 SoC အသုံးပြု စမတ်ဖုန်းတွေအဖြစ် ဦးစွာ ပွဲထွက်သွားခဲ့တာ ဖြစ်ပါတယ်။

Hisense U30 ရဲ့ ကျောဘက် ကိုယ်ထည်အတွက် Leather ဒီဇိုင်းကို အသုံးပြုထားနိုင်ပါတယ်။ ကျောဘက်မှာ Dual Camera Setup ကို အသုံးပြုထားပြီး 48MP နဲ့ 5MP Camera တွေကို တွဲဖက်တပ်ဆင်ထားတယ်လို့ သိရပါတယ်။ Front-facing Camera အတွက်ကိုတော့ 20MP Sensor ကို အသုံးပြုထားနိုင်ပါတယ်။ လုံခြုံရေးအပိုင်းအတွက် Fingerprint Sensor ပါဝင်မှာဖြစ်ပြီး 4500mAh ဘက်ထရီကြီးကို Quick Charge 4 နဲ့ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ စျေးနှုန်းနဲ့ Specs အပြည့်အစုံကိုတော့ မနက်ဖြန်မှာ ကျင်းပသွားမယ့် မိတ်ဆက်ပွဲကို စောင့်ကြည့်ရမှာပါ။

Ref : Gizmochina