[Zawgyi]

Hisense ကုမၸဏီဟာ သူတုိ႔ရဲ႕ Weibo အေကာင့္ေပၚမွာ Teaser ဗီဒီယုိတစ္ခုကို တင္လာခဲ့ၿပီး လာမယ့္ ဧၿပီလ ၃ ရက္ေန႔မွာ တရုတ္ျပည္တြင္း၌ မိတ္ဆက္ပြဲတစ္ခုျပဳလုပ္သြားဖို႔ အတည္ျပဳခဲ့ပါတယ္။ Teaser ထဲမွာ ျပထားတဲ့ စမတ္ဖုန္းမ်က္ႏွာျပင္ရဲ႕ အေပၚဘယ္ဘက္ေထာင့္မွာ Camera-hole လို႔ယူဆရတဲ့ အေပါက္ေလး ပါေနတာေၾကာင့္ အခုႏွစ္အေစာပုိင္းက CES 2019 နဲ႔ MWC 2019 ပြဲေတြမွာ Hisense မွျပသခဲ့တဲ့ Hisense U30 ဖုန္းျဖစ္မယ္လို႔ ယူဆရပါတယ္။

Hisense U30 ဟာ TENAA အတည္ျပဳခ်က္ကိုလည္း ရရွိထားခဲ့ၿပီး Snapdragon 675 ခ်စ္ပ္ဆက္ သုံးစြဲထားတဲ့ စမတ္ဖုန္းတစ္လုံးပါ။ 6.3” လက္မအရြယ္ Display ေပၚမွာ ဆယ္ဖီကင္မရာအတြက္ Punch-hole အေပါက္ကို ထည့္သြင္းထားတယ္။ ဒီစမတ္ဖုန္းအသစ္ဟာ တရုတ္ေစ်းကြက္ကို 6 / 128 GB နဲ႔ 8 / 256 GB မန္မုိရီေမာ္ဒယ္ႏွစ္မ်ဳိး ထြက္ရွိလာမွာ ျဖစ္ပါတယ္။

ဖုန္းရဲ႕ေနာက္ဘက္ကေတာ့ ႏြားသားေရလည္သာအဖုံးနဲ႔ပါ။ အဓိက ကင္မရာ 48MP + 5MP အတြဲ အသုံးျပဳထားၿပီး ဆယ္ဖီကင္မရာက 20MP ျဖစ္ပါတယ္။ 4,500 mAh ဘကၳရီႀကီးအတြက္ 18W အားအျမန္သြင္း စနစ္ ပါဝင္ပါတယ္။ စက္ႏွင္စနစ္ကေတာ့ Android 9 Pie OS ပါပဲ။

Mid-range တန္းဝင္ Hisense Rock V စမတ္ဖုန္းအသစ္လည္း TENAA အတည္ျပဳခ်က္ရၿပီးျဖစ္တာမုိ႔ U30 နဲ႔အတူ တစ္ရက္တည္းထြက္လာမလား ဆုိတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ Rock V ဖုန္းမွာေတာ့ Water-drop Notch ကိုပဲအသုံးျပဳထားတဲ့ 6.2” လက္မအရြယ္ HD+ Display နဲ႔အတူ အျမင့္ဆုံး 6 GB RAM မန္မုိရီနဲ႔ 128 GB Storage တုိ႔ပါဝင္မွာျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

Hisense ကုမ္ပဏီဟာ သူတို့ရဲ့ Weibo အကောင့်ပေါ်မှာ Teaser ဗီဒီယိုတစ်ခုကို တင်လာခဲ့ပြီး လာမယ့် ဧပြီလ ၃ ရက်နေ့မှာ တရုတ်ပြည်တွင်း၌ မိတ်ဆက်ပွဲတစ်ခုပြုလုပ်သွားဖို့ အတည်ပြုခဲ့ပါတယ်။ Teaser ထဲမှာ ပြထားတဲ့ စမတ်ဖုန်းမျက်နှာပြင်ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ Camera-hole လို့ယူဆရတဲ့ အပေါက်လေး ပါနေတာကြောင့် အခုနှစ်အစောပိုင်းက CES 2019 နဲ့ MWC 2019 ပွဲတွေမှာ Hisense မှပြသခဲ့တဲ့ Hisense U30 ဖုန်းဖြစ်မယ်လို့ ယူဆရပါတယ်။

Hisense U30 ဟာ TENAA အတည်ပြုချက်ကိုလည်း ရရှိထားခဲ့ပြီး Snapdragon 675 ချစ်ပ်ဆက် သုံးစွဲထားတဲ့ စမတ်ဖုန်းတစ်လုံးပါ။ 6.3” လက်မအရွယ် Display ပေါ်မှာ ဆယ်ဖီကင်မရာအတွက် Punch-hole အပေါက်ကို ထည့်သွင်းထားတယ်။ ဒီစမတ်ဖုန်းအသစ်ဟာ တရုတ်ဈေးကွက်ကို 6 / 128 GB နဲ့ 8 / 256 GB မန်မိုရီမော်ဒယ်နှစ်မျိုး ထွက်ရှိလာမှာ ဖြစ်ပါတယ်။

ဖုန်းရဲ့နောက်ဘက်ကတော့ နွားသားရေလည်သာအဖုံးနဲ့ပါ။ အဓိက ကင်မရာ 48MP + 5MP အတွဲ အသုံးပြုထားပြီး ဆယ်ဖီကင်မရာက 20MP ဖြစ်ပါတယ်။ 4,500 mAh ဘက္ထရီကြီးအတွက် 18W အားအမြန်သွင်း စနစ် ပါဝင်ပါတယ်။ စက်နှင်စနစ်ကတော့ Android 9 Pie OS ပါပဲ။

Mid-range တန်းဝင် Hisense Rock V စမတ်ဖုန်းအသစ်လည်း TENAA အတည်ပြုချက်ရပြီးဖြစ်တာမို့ U30 နဲ့အတူ တစ်ရက်တည်းထွက်လာမလား ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Rock V ဖုန်းမှာတော့ Water-drop Notch ကိုပဲအသုံးပြုထားတဲ့ 6.2” လက်မအရွယ် HD+ Display နဲ့အတူ အမြင့်ဆုံး 6 GB RAM မန်မိုရီနဲ့ 128 GB Storage တို့ပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena