HMD Global ကနေ လက်လွှဲယူပြီးနောက်ပိုင်းမှာ Nokia ဟာ Budget နဲ့ Mid Range ဖုန်းတွေအမြောက်အများမိတ်ဆက်လာခဲ့ပါတယ်။ အဆိုပါ ဖုန်းတွေအကုန်လုံးနီးပါးက Android One နဲ့ Android Go Edition ဖုန်းတွေဖြစ်ပြီး Software Update ပိုင်းမှာတခြားဖုန်းတွေထက် ပိုပြီး မြန်မြန်ဆန်ဆန် Update ရရှိနေတာလည်းဖြစ်ပါတယ်။

အခုလည်း HMD Global ကနေ Entry Level ဖုန်းတစ်လုံးဖြစ်တဲ့ Nokia 1 စမတ်ဖုန်းအတွက် Android 10 (Go Edition) ကို Update ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ Nokia 1 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲက မိတ်ဆက်ခဲ့တာဖြစ်ပြီး စျေးနှုန်းအနေနဲ့လည်း ဒေါ်လာ ၁၀၀ အောက်နဲ့ရောင်းချခဲ့တဲ့အတွက် အခုလိုမျိုး Major Software Update ရရှိတာက အားရဖို့ကောင်းနေပါတယ်။

အဆိုပါ Android 10 (Go Edition) Update နဲ့အတူ Dark Mode ၊ Gesture Navigation ၊ Smart Replies နဲ့ တခြားသော Feature အသစ်တွေအများအပြားပါဝင်လာမှာဖြစ်ပြီး Adiantum Encryption Feature လည်းပါဝင်လာမှာဖြစ်ပါတယ်။ Android Security Patch အနေနဲ့ကတော့ June ၊ 2020 ပါဝင်မယ်လို့ သိရပါတယ်။

Nokia ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Android 10 (Go Edition) Update ကို Myanmar အပါအဝင် Bangladesh ၊ Cambodia ၊ India ၊ Indonesia ၊ Laos ၊ Malaysia ၊ Nepal ၊ Philippines ၊ Singapore ၊ Sri Lanka ၊ Thailand နဲ့ Vietnam နိုင်ငံတွေမှာ လာမယ့် ဇူလိုင် ၁၂ ရက်နေ့မတိုင်ခင် အကုန်လုံးအတွက် Update ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

Nokia 1 စမတ်ဖုန်းဟာ HMD Global ကနေ မိတ်ဆက်တဲ့ပထမဆုံး Android Go Edition ဖုန်းဖြစ်ပါတယ်။ Specs တွေအနေနဲ့ကတော့ 4.5″ 480×854 Resolution ရှိတဲ့ Display ၊ MediaTek MT6737M Chipset ၊ RAM 1GB နဲ့ 8GB Storage ပါဝင်မှာဖြစ်ပြီး 5MP Back Camera နဲ့ 2MP Selfie Camera တွေပါဝင်မှာဖြစ်ပါတယ်။

Ref – Gizmo China