CES 2022 နည်းပညာ ပြပွဲမှာ HMD က Android 12 ထည့်သွင်းထားတဲ့ စမတ်ဖုန်း အသစ် ၄ လုံးကို ကြေညာလိုက်ပြီး ဒီနှစ် ပထမ ၃ လအတွင်း အမေရိကန်မှာ ရောင်းချမှာပါ။

Nokia C100

Nokia C100 နဲ့ C200 တို့ဟာ တန်ဖိုးနည်း ဖုန်းတွေ ဖြစ်ပြီး MediaTek Helio A22 Chip ၊ 4,000mAh ဘက်ထရီနဲ့ အနောက်ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ C100 ကို ၉၉ ဒေါ်လာနဲ့ C200 ကို ၁၁၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁၇၀,၀၀၀ နဲ့ ၂၁၀,၀၀၀ လောက် အသီးသီး ကျသင့်မှာပါ။

Nokia G400

Nokia G100 နဲ့ G400 တို့ဟာ စွမ်းရည်ပိုမြင့်မားပြီး Snapdragon 615 နဲ့ Snapdragon 480 Chip တွေ အသီးသီး တပ်ဆင်ထားပါတယ်။ 6GB RAM နဲ့ 128GB Storage အထိ ရွေးချယ်နိုင်ပြီး G400 မှာ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ G400 မှာ ၆.၆ လက်မ မျက်နှာပြင် ပါလာပြီး အရွယ်သေး Notch တပ်ဆင်ထားပါတယ်။ အနေက်ကင်မရာ ၃ လုံးက 48MP Main , 5MP Ultrawide နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။

G100 မှာ ၆.၅ လက်မ မျက်နှာပြင်၊ အနောက်ကင်မရာ ၃ လုံး၊ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ 5,000mAh ဘက်ထရီတွေ တပ်ဆင်ထားပါတယ်။ G100 ကို ၁၄၉ ဒေါ်လာနဲ့ G400 ကို ၂၃၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂၆၀,၀၀၀ နဲ့ ၄၂၀,၀၀၀ လောက် အသီးသီး တန်ကြေးရှိပါတယ်။

Ref : gsmarena