[Zawgyi]
Ref : gsmarena, time.net
[Unicode]
Hongmeng OS ဟာ စမတ်ဖုန်းများအတွက် မဟုတ်ဘူးလို့ Huawei VP က အတည်ပြု
Huawei ရဲ့ Hongmeng OS ဟာ Android နေရာမှာ အစားထိုးဖို့လို့ သတင်းများထွက်နေပါတယ်။ ဒါပေမယ့် ကုမ္ပဏီမှာ အခြား အစီအစဉ်များ ရှိနေနိုင်ပါတယ်။ ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဝင်နဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Catherine Chen က “ Hongmeng OS ကို Android နေရာမှာ အစားထိုးဖို့ ဘယ်တုန်းကမှ မရည်ရွယ်ထားပါဘူး။ စီးပွားရေးလုပ်ငန်းသုံးဖို့နဲ့ IoT အတွက် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
Chen က Belgium နိုင်ငံ Brussels မှ မီဒီယာတွေ့ဆုံပွဲမှာ ဒီသတင်းအချက်အလက်များကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Hongmeng OS ကို မကြာခင်က မှတ်ပုံတင်ခဲ့တာပါ။ သူ့ကို စီးပွားရေးလုပ်ငန်းသုံးဖို့အတွက် ရည်ရွယ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ပွားမှုကြောင့် Android နေရာမှာ အစားထိုးဖို့ဆိုပြီး ဆွေးနွေးမှုများ မတိုင်ခင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက Hongmeng OS ကို ဖန်တီးနေတာ ဖြစ်ပါတယ်။
Hongmeng OS ဟာ အခြား Mobile Operating Systems များမှာလို ကုဒ်လိုင်းပေါင်း သန်းချီ မပါဘဲ ကုဒ်လိုင်း သိန်းဂဏန်းခန့်သာ ပါပုံရပါတယ်။ သူဟာ အခြား Smartphone Operating System များနဲ့ နှိုင်းယှဉ်ရင် Latency က နည်းပါးတယ်လို့ Chen က ပြောပါတယ်။ သူမက “ Huawei ဟာ Vodafone လို ဆက်သွယ်ရေး အော်ပရေတာများကို ကိရိယာများ ထောက်ပံ့ပေးနေတဲ့ ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီ ဖြစ်ပါတယ်။ Android System ပါတဲ့ စမတ်ဖုန်းလို Consumer Devices များကို နိုင်ငံတကာမှာ အောင်မြင်စွာ ရောင်းချနိုင်တဲ့ ကုမ္ပဏီပါ။ ကုမ္ပဏီက Android ကိုပဲ ဆက်သုံးဖို့ ရည်ရွယ်ထားပါတယ်။ “ လို့ ပြောပါတယ်။
အရင်ကတော့ Hongmeng OS ဟာ Android OS ထက် လျှင်မြန်သွက်လက်ပြီး Android Apps များကိုလည်း အသုံးပြုနိုင်မယ်လို့ သတင်းထွက်ခဲ့ပါတယ်။ သူ့ကို စမတ်ဖုန်းများမှာ သာမက ကွန်ပြူတာများနဲ့ အခြား ကိရိယာများမှာပါ ထည့်သွင်း အသုံးပြုနိုင်တယ်လို့ သိခဲ့ရပါတယ်။
Ref : gsmarena, time.net