Huawei ရဲ့ နောက်ထပ် Brand တစ်ခုဖြစ်တဲ့ Honor ကနေ မကြာခင်မှာ Honor 10 စမတ်ဖုန်းကို ထုတ်တော့မှာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Honor ကနေ Honor 10 အတွက် Promotion ဓါတ်ပုံတစ်ခု ပေါက်ကြားလာခဲ့ပါပြီ။

အခု ဓါတ်ပုံအရတော့ Honor 10 စမတ်ဖုန်းရဲ့ ဓါတ်ပုံကို တွေ့ရပြီးတော့ အခု Honor 10 စမတ်ဖုန်းမှာ Huawei P20 Pro ရဲ့ ကင်မရာ ၃ လုံးတော့ ပါဝင်မှာမဟုတ်ပဲ Dual Camera ကိုပဲ အသုံးပြုလာမယ်လို့ ယူဆရပါတယ်။

ဒါပေမယ့်လည်း Huawei က P20 Pro စမတ်ဖုန်းနဲ့အတူ မိတ်ဆက်ခဲ့တဲ့ အရောင်ပြေး Twilight Color နဲ့ ဆင်တဲ့ အရောင်တစ်ခုကိုပါ Honor 10 စမတ်ဖုန်းမှာ ထည့်သွင်းထားတာကိုတွေ့ရပါတယ်။

Huawei Honor 10 စမတ်ဖုန်းဟာ Kirin 970 Processor ၊ RAM 6GB ၊ Storage 256GB ပါဝင်လာမှာဖြစ်ပြီး Notch ပါဝင်လာမယ့် Full Screen Display ပါ ပါဝင်လာမယ်လို့ သိရပါတယ်။

Huawei Honor 10 ကို ယခုလကုန်မှာ တရုတ်နိုင်ငံမှာ မိတ်ဆက်သွားမှာဖြစ်ပြီး မေလ ၁၅ ရက်နေ့မှာတော့ လန်ဒန်မြို့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။