Huawei P20 စမတ်ဖုန်းတွေကို မိတ်ဆက်ပြီးနောက်မှာတော့ Honor ကနေ Honor 10 Flagship စမတ်ဖုန်းကို မိတ်ဆက်တော့မှာပဲဖြစ်ပါတယ်။ အစောပိုင်းတုန်းကတော့ Honor 10 ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ မေလ ၁၅ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ဆိုထားပေမယ့် အခုကြည့်ရတာကတေ့ တရုတ်မှာ ကြိုတင်မိတ်ဆက်တော့မယ့်ပုံပါပဲ။

အခုလက်ရှိသတင်းတွေအရတော့ Honor 10 စမတ်ဖုန်းက လာမယ့် ဧပြီရယ်လ ၁၉ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီးတော့ Honor အတွက် ၂၀၁၈ ရဲ့ ပထမဆုံး Flagship စမတ်ဖုန်းဖြစ်လာမှာဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ Teaser တွေအရတော့ Honor 10 စမတ်ဖုန်းက AI နည်းပညာတွေကို စတင်သုံးစွဲလာမှာဖြစ်ပြီးတော့ ဖုန်းရဲ့ နောက်ကျောပိုင်းကို Huawei P20 Pro စမတ်ဖုန်းလိုပဲ အရောင်ပြေးဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

Honor 10 စမတ်ဖုန်းဟာ Kirin 970 Processor ၊ RAM 6GB နဲ့ Storage 128GB ပါဝင်လာမှာဖြစ်ပြီးတော့ အရည်အသွေးမြင့် Dual Camera စနစ်လည်း ပါဝင်လာမယ်လို့ ယူဆရပါတယ်။