[Zawgyi]
Honor ဟာ Huawei ရဲ့ Sub-Brand အဖြစ် ခွဲထွက်ပြီးနောက် ကိုယ်ပိုင် ဒီဇိုင်း၊ ကာလာ အနေအထားတွေနဲ့ သီးခြားရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းကဆိုရင် Honor 10 မော်ဒယ် တစ်မျိုးတည်းကို Honor 10, Honor 10 GT နဲ့ Honor 10 Lite ဆိုပြီး ဗားရှင်း အမျိုးမျိုးနဲ့ ထုတ်လုပ်ခဲ့တာပါ။ ဒီနှစ် ၂၀၁၉ မှာလည်း Honor 10 မော်ဒယ်ရဲ့ နောက်ထပ် မျိုးနွယ်ခွဲဖြစ်တဲ့ Honor 10i ကို ထပ်မံ မိတ်ဆက်ဦးမယ့် အနေအထား ရှိပါတယ်။
Ref : Gizmochina
[Unicode]
Triple-camera Setup, Waterdrop Notch တွေနဲ့ ပွဲထွက်လာနိုင်တဲ့ Honor 10i
Honor ဟာ Huawei ရဲ့ Sub-brand အဖြစ် ခွဲထွက်ပြီးနောက် ကိုယ်ပိုင် ဒီဇိုင်း၊ ကာလာ အနေအထားတွေနဲ့ သီးခြားရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းကဆိုရင် Honor 10 မော်ဒယ် တစ်မျိူးတည်းကို Honor 10, Honor 10 GT နဲ့ Honor 10 Lite ဆိုပြီး ဗားရှင်း အမျိူးမျိူးနဲ့ ထုတ်လုပ်ခဲ့တာပါ။ ဒီနှစ် ၂၀၁၉ မှာလည်း Honor 10 မော်ဒယ်ရဲ့ နောက်ထပ် မျိူးနွယ်ခွဲဖြစ်တဲ့ Honor 10i ကို ထပ်မံ မိတ်ဆက်ဦးမယ့် အနေအထား ရှိပါတယ်။
Honor 10i ရဲ့ ဓာတ်ပုံတွေဟာ Winfuture.de ဝက်ဆိုက်ကနေ တစ်ဆင့် ထွက်ပေါ်ခဲ့တာဖြစ်ပြီး၊ စမတ်ဖုန်းရဲ့ ရှေ့ဘက်မျက်နှာပြင်နဲ့ နောက်ကျောဘက် ဒီဇိုင်းတွေကို မြင်သာအောင် ဖော်ပြပေးထားပါတယ်။ ဖော်ပြထားတဲ့ ဓာတ်ပုံတွေအရဆိုရင် Honor 10i က Screen-to-body ratio ပိုများလာစေမယ့် Waterdrop Notch Display အမျိူးအစားကို အသုံးပြုထားတာ တွေ့ရပါတယ်။ နောက်ကျောဘက်မှာဆိုရင်လည်း Triple-camera Setup ကို ဒေါင်လိုက် တပ်ဆင်ထားပြီး၊ Fingerprint Sensor နဲ့အတူ လှပတဲ့ Gradient Color အရောင်ပြေးဒီဇိုင်း အသုံးပြုထားပါတယ်။
Honor 10i ရဲ့ Display အပိုင်းအတွက် Resolution 1080 x 2340 pixels ရှိတဲ့ 6.21” LCD Display ကို အသုံးပြုထားနိုင်ပါတယ်။ ကင်မရာ အပိုင်းအတွက် 24MP+8MP+2MP Camera တွေကို နောက်ကျောဘက်မှာ တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 32MP Camera ကို တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3400mAh ပါဝင်နိုင်ပြီး Android 9.0 Pie Operating System ကို ထည့်သွင်းမောင်းနှင်ထားနိုင်ပါတယ်။ Honor 10i နဲ့ ပတ်သတ်ပြီး ထွက်ရှိမယ့်နေ့ရက်နဲ့ စျေးနှုန်းတွေကို အတိအကျ မသိရသေးပေမယ့် သိပ်မကြာခင်မှာ ပွဲထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။
Ref : Gizmochina