Honor မှ အသစ်ထွက်ရှိလာမည့် flagship level စမတ်ဖုန်းအသစ်ကို လန်ဒန်မြို့တွင် လာမည့် မေလ ၂၁ ရက် နေ့တွင် ခန့်မှန်းချေ ဒေါ်လာ ၅၅၀ တန်ဖိုးဖြင့် စတင်မိတ်ဆက်ပေးသွားတော့မည်ဖြစ်သည်။ Honor အနေဖြင့် Honor 20 မျိုးဆက် ၃ မျိုးဖြစ်သော Honor 20i ၊ Honor 20 နှင့် Honor 20 Pro တို့ကို ယခုနှစ်ထဲတွင် မိတ်ဆက်ပေးသွားမည်ဟု ကြေညာထားခဲ့ပြီးလည်းဖြစ်သည်။

မတူညီသောဈေးနှုန်းအစားစားဖြင့် ထွက်ရှိလာမည့် ဖုန်းများကို မတူညီသော ဈေးကွက်များသို့ ဦးတည်ရောင်းချ သွားဖွယ်ရှိနေပြီး ဈေးနှုန်းအားဖြင့်သက်သာသော “i” version၊ သာမန်အသုံးပြုလိုသူများအတွက် Honor 20 နှင့် ပိုမိုပြည့်စုံသော function များပါဝင်မည့် Pro version စသည်ဖြင့် ခွဲခြားသွားမည်ဖြစ်သည်။ အတည်ပြုချက်များ အတိအကျမရရှိသေးသော်လည်း ယခုထွက်ရှိလာမည့် Honor 20 မျိုးဆက်များသည် Huawei P30 စမတ်ဖုန်းများ၏ စက်ပစ္စည်းနှင့်လုပ်ဆောင်ရည်များကို ယှဉ်ပြိုင်နိုင်ပြီး သုတေသနနှင့်ဖွံ့ဖြိုးမှုဆိုင်ရာ နည်းပညာ များ ဆင်တူအသုံးပြုထားကာ ပို၍သက်သာသော ဈေးနှုန်းများဖြင့်ရရှိနိုင်မည်လည်းဖြစ်သည်။

ဖုန်းကိုယ်ထည်ဒီဇိုင်း

ဖုန်းတစ်လုံး၏ ဒီဇိုင်းပိုင်းတွင် ရှေ့ဆုံးမှအစဉ်အမြဲ ဦးဆောင်လျက်ရှိသော Honor က ယခုတစ်ခါတွင်လည်း ဖုန်း၏ အနောက်ဘက်တွင် ဖန်သားသုံးထပ်အားပေါင်းစည်းကာ ရောင်ပြန်ဖြစ်စေရန်ဖန်တီးပေးသော “Triple 3D Mesh” နည်းပညာကိုအသုံးပြုထားပြီး holographic ဒီဇိုင်းအသစ်ကိုထည့်သွင်းသွားမည်ဖြစ်သည်။ အဆိုပါ ဖန်သားသုံးထပ်အားဖုန်း၏အနောက်ဖက်တွင် ဖန်သားပြင်တစ်ချပ်တည်းပုံစံ နောက်ခံကာဗာဖြစ်အောင် ပြုလုပ် ထားမည်ဖြစ်သည်။ ယင်းသို့ ပြုလုပ်ရသည့် လုပ်ဆောင်မှုအဆင့်များမှာ ခဲခက်ပြီး အောင်မြင်စွာထုတ်လုပ်နိုင် သော ၂၀% နှုန်းဖုန်းများကိုသာ ဈေးကွက်အတွင်းသို့ ဖြန့်ချိတင်သွင်းရောင်းချမှုအား ကြည့်ခြင်းဖြင့် Honor ၏ မြင့်မားသော အရည်အသွေးများကို တွေ့ရှိနိုင်မည်ဖြစ်သည်။

ပထမဦးဆုံးသတင်းပေါက်ကြားထားသော ဓါတ်ပုံများကို ခန့်မှန်းကြည့်ခြင်းအားဖြင့် ဖုန်းကိုယ်ထည်ကို ခန့်မှန်းရ လျှင် ပါဝါခလုတ်နှင့် အသံအတိုးအကျယ်ခလုတ်များက ဖုန်းကိုယ်ထည်၏ ညာဖက်တွင်ရှိနေနိုင်မည်ဟု အချို့ သော နိုင်ငံတကာမီဒီယာများက ထင်မြင်ချက်များ ခန့်မှန်းသုံးသပ်ထားကြသည်။ ဖုန်းကိုယ်ထည်ပေါ်တွင် fingerprint (လက်ဗွေစနစ်) အတွက်နေရာချန်ထားခြင်းမရှိသည်ကိုကြည့်ခြင်းအားဖြင့် fingerprint sensor (လက်ဗွေဖတ်စနစ်) မှာ ဖုန်းမျက်နှာပြင် သို့မဟုတ် ဖုန်းကိုယ်ထည်၏ဘေးတွင်ရှိနိုင်သည်ဟုခန့်မှန်းကြသည်။

ဖုန်း၏ဘယ်ဘက်ထောင့်ဆုံးတွင် ရှိနေသည့် ကင်မရာသုံးလုံးအပြင် ဒေါင်လိုက်အနေအထားရှိ စာတန်း အစရှိ သည့် ဒီဇိုင်းပိုင်းဆိုင်ရာတွင်လည်း Huawei P30 Pro နှင့် ဆင်တူမည်ဟု ယူဆရသည်။

မျက်နှာပြင်နှင့်ရုပ်ထွက်

Honor 20 နှင့် Honor 20 Pro တို့တွင် Honor View 20 ၏မျက်နှာပြင်နည်းပညာနှင့် ဆင်တူသော ၆.၂၆ လက်မ မျက်နှာပြင်၊ ၉၁.၆% ဖုန်းမျက်နှာပြင်အချိုးအစား နှင့် ၄.၅ မီလီမီတာအရွယ်ရှိ pinhole ကင်မရာတို့ ပါဝင်လာမည်ဖြစ်သည်။ ဓာတ်ပုံတွင်မြင်တွေ့ရသည့်အတိုင်း ဖုန်း၏အောက်ခြေမှာ အလွန်ပါးလွှာပြီး မျက်နှာပြင် ကို အဝိုင်းသဏ္ဍာန် ဝန်းရံထားသည်။

ဖုန်းမျက်နှာပြင်မှာမြင်တွေ့နေရတဲ့ အက်ပလီကေးရှင်းက Amazon Alexa App icon များလား?

အကယ်၍ ဟုတ်နေခဲ့မည်ဆိုပါက ယခင် Google Assistant ကိုသာ သုံးစွဲခဲ့ရာမှ ယခု Amazon Alexa ကို ထည့်သွင်းလိုက်ခြင်းဖြင့် Honor အနေနှင့် ၎င်း၏ ဦးတည်ချက်အား ပြောင်းလဲလိုက်ခြင်းဖြစ်ပါသည်။ သို့သော် လည်း အံ့အားသင့်ဖွယ်ကောင်းသော ပြောင်းလဲမှုမျိုးတော့ မဟုတ်ပါ။ ၂၀၁၇ ခုနှစ်တွင် Huawei မှ ၎င်း၏ Mate 9 စမတ်ဖုန်းအတွက် Alexa ကို ပထမဆုံးအနေဖြင့် စတင်အသုံးပြုခဲ့ပြီးလည်း ဖြစ်ပါသည်။

Honor 20 ၏ ကင်မရာနှင့် အခြားအသေးစိတ်အချက်အလက်များ

ပေါက်ကြားထားသော ဓါတ်ပုံများအရ Honor 20 pro ၏ ကင်မရာမှာ periscope zoom နည်းပညာ, 5x optical zoom နှင့် 10x hybrid zoom အား time-of-flight (ToF) censor စနစ်ပါဝင်သော Huawei P30 Pro ၏ နည်းပညာနှင့် တူညီလိမ့်မည်ဖြစ်ပြီး အဓိကကင်မရာများမှာ ဖုန်း၏ ဘယ်ဖက်အပေါ်ခြမ်းတွင် 48MP ဖြင့် တည်ရှိ နေမည်။ ဖုန်းကာဗာကိုကြည့်ခြင်းဖြင့် ကင်မရာသုံးလုံး မှ လေးလုံး အထိပါမည်ဟုလည်း ယုံကြည်ရသည့် သတင်းဌာနများမှ မှတ်ချက်ပေးခဲ့သည်။Honor 20 ၏ ကင်မရာများသည် Honor View 20 ၏ ကင်မရာများကဲ့သို့ 48-megapixel ရှိ အဓိကကင်မရာ၊ 20-megapixel ရှိ ဒုတိယကင်မရာနှင့် 8-megapixel lens ရှိ တတိယ ကင်မရာတို့ ပါဝင်လာလိမ့်မည်။

Kirin 980 processor နှင့် 3560 mAh ဘက်ထရီကို သုံးထားနိုင်မည်ဖြစ်ကာ Chipset အစိတ်အပိုင်းမှာ Huawei P30 Pro နှင့်တူညီသည့် 980 အမျိုးအစားလည်း ဖြစ်သည်။ သိုလှောင်မှုပမာဏအပိုင်းအနေနှင့်လည်း 6GB ၊ 8GB RAM သို့မဟုတ် 128GB ၊ 256GB ROM ဖြင့်လာနိုင်သည်။

အထူးထုတ်ကုန်များ

ဖုန်းအသစ်မိတ်ဆက်ခြင်းနှင့်အတူ View 20 ကဲ့သို့ MOSCHINO နှင့် မိတ်ဖက်ပူးတွဲလုပ်ဆောင်မည်ဟု ကြေညာခဲ့သည်။ ယခုတစ်ခေါက်တွင် ပိုမိုခိုင်မာသော တွဲဖက်လုပ်ဆောင်မှုနှင့်အတူ အထူးထုတ် MOSCHINO ဖုန်းများပါဝင်လာမည်ဟုလည်း သိရသည်။ MOSCHINO ဒီဇိုင်းနှင့်ပါဝင်လာမည့် ဖုန်းအသစ်တွင် MOSCHINO သေတ္တာဘူး ၊ MOSCHINO ကာဗာ အပြင် ၎င်းနှင့် သက်ဆိုင်သည့် software theme ထွက်ရှိလာမည်ဖြစ်သည်။

ပိုမိုစိတ်လှုပ်ရှားစရာကောင်းသည့် တွဲဖက်လုပ်ဆောင်မှုတစ်ခုဖြစ်လာနိုင်သည်မှာ တရုတ်နိုင်ငံတွင် မကြာသေးမီ ကမှ နိုင်ငံတကာသို့ ကြေညာခဲ့သည့် AAPE (a spin-off of the Bathing Ape fashion brand) အမည်ရှိ ဖက်ရှင်ကုန်ပစ္စည်းအမှတ်တံဆိပ်ဖြစ်ပြီး limited edition အဖြစ် အရေအတွက်အကန့်အသတ်ဖြင့်ထုတ်ဝေမည့် ထုတ်ကုန်များအဖြစ် အပြာရောင် နှင့် ပန်းရောင် အရောင်နှစ်မျိုးဖြင် ထွက်ရှိလာမည်ဖြစ်သည်။ ဖုန်းများတွင် AAPE အမှတ်တံဆိပ်သေတ္တာဘူး နှင့် theme software များပါဝင်မည်ဖြစ်သည်။

ထို့အပြင် လန်ဒန်မြို့မိတ်ဆက်ပွဲအပြီးတွင် Honor 20 မျိုးဆက်ဖုန်းများကို တရုတ်ပြည်၏ အာကာသအေဂျင်စီ တစ်ခုမှ အဆိုပါ ဖုန်းများကို လကမ္ဘာသို့ သယ်ဆောင်သွားမည်ဖြစ်ပြီး အာကာသအတွင်းမှနေ၍ Honor ဖုန်း ကင်မရာတစ်ခုတည်းကိုသာ အသုံးပြုပြီး ရှင်းလင်းပြတ်သားသည့် ကမ္ဘာမြေ၏ ဓါတ်ပုံများကို ရိုက်ကူးသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင်း ပူးပေါင်းဆောင်ရွက်မှုများ

Honor သည်ဈေးကွက်အတွင်းဦးဆောင်နေသော တေးသီချင်းများနားဆင်နိုင်သည့် အက်ပလီကေးရှင်းတစ်ခု ဖြစ်သည့် JOOX နှင့် အတူပူးပေါင်း၍ ပရိုမိုးရှင်းအစီအစဉ်များလုပ်ဆောင်နေပြီဖြစ်သည်။ အက်ပလီကေးရှင်း အသုံးပြုသူများအတွက် Honor စမတ်ဖုန်းများ ကံထူးနိုင်မည့်အစီအစဉ်များ တင်ဆက်ပေးခြင်းဖြင့် Honor နှင့် JOOX ၏ ပူးပေါင်းအစီအစဉ်များစွာအား မြန်မာနိုင်ငံတွင် ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။

Yangoods, ADIDAS နှင့် Mobile Legends ကဲ့သို့သော ယနေ့ခေတ် လူငယ်ဦးစားပေး ကုန်အမှတ်တံဆိပ်များ နှင့်လည်း အတူပူးပေါင်းကာ မိတ်ဖက်အစီအစဉ်များ ဆက်လက်လုပ်ဆောင်သွားရန်ရှိသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းမှ စတင်ကာ အောင်မြင်မှုများ ရရှိလာခဲ့သော Honor သည် တန်းဝင်အဆင့်စမတ်ဖုန်းများသာ ထုတ်လုပ်သောကုမ္ပဏီတစ်ခုအနေအထားမှ လူငယ်ဦးစားပေး ကမ္ဘာ့ အဆင့်မီစမတ်ဖုန်းကုမ္ပဏီတစ်ခုအဖြစ် ပို၍ခေတ်မီဆန်းသစ်သော အရာများအား ဦးစားပေး ပြောင်းလဲလာပြီ ဖြစ်သည်။ အဆိုပါသတင်းများနှင့် အသစ်ထွက်ရှိလျက်ရှိသော စမတ်ဖုန်းများ၏ သတင်းများအရ Honor သည် မြန်မာနိုင်ငံရှိလူငယ်များအတွက်အဓိကထား၍ ပိုမိုထူးခြားသောအရာများဖြင့် မိတ်ဆက်ပေးသွားတော့မည် ဖြစ်သည်။