[Zawgyi]

Honor အေနနဲ႔ Honor 20i စမတ္ဖုန္းကို ၿပီးခဲ့တဲ့ လတုန္းက တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ခဲ့တာပါ။ ဒီလမွာေတာ့ အဆိုပါ စမတ္ဖုန္းကို Honor 20 Lite အျဖစ္ ကင္ပြန္းတပ္ၿပီး မေလးရွားႏိုင္ငံနဲ႔ အဂၤလန္ႏိုင္ငံေတြမွာ ထပ္မံ မိတ္ဆက္လိုက္ပါတယ္။ Honor 20 Lite ဟာ မႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Honor 10 Lite ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္ၿပီး၊ Dewdrop-style Notch Display , 32MP Selfie Camera နဲ႔ Kirin 710 SoC ေတြကို အသုံးျပဳၿပီး ပြဲထြက္လာခဲ့ပါတယ္။

Honor 20 Lite Specifications
Display အပိုင္းအတြက္ Resolution 1080 x 2340 pixels ရွိတဲ့ 6.21” IPS LCD Display ကို အသုံးျပဳထားၿပီး Pixel Density က 415ppi (pixel per inch) ရွိပါတယ္။ Processor အပိုင္းအတြက္ မကုန္ႏိုင္ေသးတဲ့ Kirin 710 (12nm) SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 128GB ထည့္သြင္းေပးထားၿပီး MicroSD Card လည္း ထပ္စိုက္ႏိုင္မယ္လို႔ သိရပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ Aperture f/1.8 အက်ယ္ရွိ 24MP Main Camera ကို 8MP (120 Degree – Ultrawide) Sensor + 2MP Depth Sensor ေတြနဲ႔ တြဲဖက္ တပ္ဆင္ေပးထားၿပီး ေရွ႕ဘက္ မ်က္ႏွာျပင္ Dewdrop-style Notch ထဲမွာေတာ့ 32MP Selfie Camera ကို တပ္ဆင္ေပးထားမွာပါ။ လုံၿခဳံေရးအပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3400mAh ပါဝင္ၿပီး microUSB 2.0 ကေနတစ္ဆင့္ 10W အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။

Honor 20 Lite ကို အေရာင္ေတြအေနနဲ႔ Phantom Red, Phantom Blue နဲ႔ Midnight Blue ဆိုၿပီး အေရာင္ ၃မ်ိဴး ထုတ္လုပ္ထားပါတယ္။ Honor 20 Lite ကို မေလးရွားႏိုင္ငံမွာ ၉၄၉ ရင္းဂစ္ ( ျမန္မာေငြ ၃သိန္းခြဲ ဝန္းက်င္) နဲ႔ ေရာင္းခ်သြားမွာျဖစ္ၿပီး အဂၤလန္ႏိုင္ငံမွာေတာ့ ၂၄၉ ေပါင္ ( ျမန္မာေငြ ၄၉၃,၀၀၀ က်ပ္ ဝန္းက်င္ ) နဲ႔ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ ေမာ္ဒယ္ တစ္မ်ိဴးတည္းကို ေစ်းႏႈန္းကြာျခားေနရတဲ့ အေၾကာင္းအရင္းကေတာ့ အဂၤလန္ႏိုင္ငံရဲ႕ အခြန္ ေပးသြင္းခႏႈန္းထား ျမင့္မားျခင္းေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ Honor 20 Lite ကို သိပ္မၾကာခင္မွာ ဥေရာပ၊ အေရွ႕ေတာင္ အာရွနဲ႔ အိႏၵိယေစ်းကြက္ေတြမွာ ျဖန္႔ခ်ိေရာင္းခ်လာႏိုင္တာေၾကာင့္ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံကိုလည္း ဝင္ေရာက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref : Gizmochina

[Unicode]

Triple Camera Setup , 32MP Selfie Camera ပွဲထွက်လာခဲ့တဲ့ Honor 20 Lite

Honor အနေနဲ့ Honor 20i စမတ်ဖုန်းကို ပြီးခဲ့တဲ့ လတုန်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာပါ။ ဒီလမှာတော့ အဆိုပါ စမတ်ဖုန်းကို Honor 20 Lite အဖြစ် ကင်ပွန်းတပ်ပြီး မလေးရှားနိုင်ငံနဲ့ အင်္ဂလန်နိုင်ငံတွေမှာ ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Honor 20 Lite ဟာ မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Honor 10 Lite ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်ပြီး၊ Dewdrop-style Notch Display , 32MP Selfie Camera နဲ့ Kirin 710 SoC တွေကို အသုံးပြုပြီး ပွဲထွက်လာခဲ့ပါတယ်။

Honor 20 Lite Specifications
Display အပိုင်းအတွက် Resolution 1080 x 2340 pixels ရှိတဲ့ 6.21” IPS LCD Display ကို အသုံးပြုထားပြီး Pixel Density က 415ppi (pixel per inch) ရှိပါတယ်။ Processor အပိုင်းအတွက် မကုန်နိုင်သေးတဲ့ Kirin 710 (12nm) SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 128GB ထည့်သွင်းပေးထားပြီး MicroSD Card လည်း ထပ်စိုက်နိုင်မယ်လို့ သိရပါတယ်။

နောက်ကျောဘက် ကင်မရာအပိုင်းအတွက် Aperture f/1.8 အကျယ်ရှိ 24MP Main Camera ကို 8MP (120 Degree – Ultrawide) Sensor + 2MP Depth Sensor တွေနဲ့ တွဲဖက် တပ်ဆင်ပေးထားပြီး ရှေ့ဘက် မျက်နှာပြင် Dewdrop-style Notch ထဲမှာတော့ 32MP Selfie Camera ကို တပ်ဆင်ပေးထားမှာပါ။ လုံခြုံရေးအပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3400mAh ပါဝင်ပြီး microUSB 2.0 ကနေတစ်ဆင့် 10W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Honor 20 Lite ကို အရောင်တွေအနေနဲ့ Phantom Red, Phantom Blue နဲ့ Midnight Blue ဆိုပြီး အရောင် ၃မျိူး ထုတ်လုပ်ထားပါတယ်။ Honor 20 Lite ကို မလေးရှားနိုင်ငံမှာ ၉၄၉ ရင်းဂစ် ( မြန်မာငွေ ၃သိန်းခွဲ ဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပြီး အင်္ဂလန်နိုင်ငံမှာတော့ ၂၄၉ ပေါင် ( မြန်မာငွေ ၄၉၃,၀၀၀ ကျပ် ဝန်းကျင် ) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ မော်ဒယ် တစ်မျိူးတည်းကို စျေးနှုန်းကွာခြားနေရတဲ့ အကြောင်းအရင်းကတော့ အင်္ဂလန်နိုင်ငံရဲ့ အခွန် ပေးသွင်းခနှုန်းထား မြင့်မားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ Honor 20 Lite ကို သိပ်မကြာခင်မှာ ဥရောပ၊ အရှေ့တောင် အာရှနဲ့ အိန္ဒိယစျေးကွက်တွေမှာ ဖြန့်ချိရောင်းချလာနိုင်တာကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံကိုလည်း ဝင်ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref : Gizmochina