တရုတ် စတိုး Vmall က Honor 30 နဲ့ 30 Pro ရဲ့ အရောင်အသစ် ၁ မျိုးကို စာရင်းတင်ထားပါတယ်။ Streamer Mirror လို့ နာမည်ပေးထားပြီး အရင် ရောင်းချထားတဲ့ Neon Purple အရောင်ထက် ဖျော့ပါတယ်။ View30 Pro ရဲ့ Icelandic Frost အရောင်နဲ့ တော်တော် တူပေမယ့် အစိမ်းရောင် နည်းပါတယ်။

Honor 30 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ယွမ် ၃,၂၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၆ သိန်း ၃ သောင်းလောက်ရှိပါတယ်။ ဒါဟာ 8GB RAM / 128GB Storage ပါတဲ့ မော်ဒယ်ရဲ့ ဈေး ဖြစ်ပြီး 256GB Storage ကို လိုချင်ရင် ယွမ် ၃၀၀ ပိုများပါတယ်။ ၂၄ လ အရစ်ကျ ဝယ်ယူနိုင်မယ့် အစီအစဉ်ကိုလည်း ပြုလုပ်ပေးထားပါတယ်။

Honor 30 Pro ရဲ့ တန်ဖိုးအနည်းဆုံး ဖြစ်တဲ့ 8GB RAM/128GB Storage မော်ဒယ်ကို ယွမ် ၄,၀၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်းလောက်ရှိပါတယ်။ 256GB Storage  မော်ဒယ်ကို ယွမ် ၄,၄၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်း ၇ သောင်းလောက် တန်ပါတယ်။ ပိုကောင်းတဲ့ ကင်မရာနဲ့ 90Hz မျက်နှာပြင်ပါတဲ့ 30 Pro+ ကိုလည်း ထုတ်လုပ်ထားပြီး အနက်၊ အစိမ်းနဲ့ ငွေရောင်တွေ ရွေးချယ်နိုင်ပါတယ်။ Plus မော်ဒယ်အတွက် အခု အရောင်အသစ် မထွက်လာသေးပါဘူး။

Honor ရဲ့ ဝီဘို အကောင့်ကို Follow လုပ်ပြီး အရောင်အသစ် ကြေညာထားတဲ့ ပို့စ်ကို မျှဝေရင် Honor 30 Series ရဲ့ သံတမန် ဖြစ်တဲ့  Li Xian လက်မှတ်ထိုးထားတဲ့ ဓါတ်ပုံကို ရရှိမှာပါ။

Ref : gsmarena