ပြီးခဲ့တဲ့နှစ်မှာ Honor က Number Series အတွက် 200 Pro ကိုပဲ အမြင့်ဆုံးထုတ်ပေးခဲ့ပေမယ့် ဒီနှစ်မှာတော့ Ultra မော်ဒယ် ပါလာပါတယ်။ Honor 300 Ultra နဲ့အတူ Honor 300 နဲ့ 300 Pro ကို ကြေညာလိုက်ပြီး Ultra က စွမ်းရည် အမိုက်ဆုံး ဖြစ်ပါတယ်။
ဒီဖုန်းမှာ 50MP Periscope ကင်မရာ တပ်ထားပြီး 3.8x Optical Zoom သုံးနိုင်ပါတယ်။ အဲဒါနဲ့အတူ 50MP Main (OIS) , 12MP Ultrawide ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။ Honor ရဲ့ AI Light Control Engine ပါလာပြီး သဘာဝကျတဲ့ အလင်းရောင်ကို ဓါတ်ပုံရိုက်တဲ့ အခါ ဖန်တီးပေးနိုင်ပါတယ်။
Honor 300 Ultra မှာ 6.78” AMOLED FHD+ Display သုံးထားပြီး 120Hz Refresh Rate နဲ့ 4,000 Nits Peak Brightness ပါပါတယ်။ Display အောက်မှာ Ultrasonic Fingerprint Scanner မြှုပ်နှံထားပါတယ်။ ဒီဖုန်းမှာ 16GB RAM နဲ့ 1TB Storage အထိ ထည့်ထားပြီး Android 15 အခြေပြု MagicOS 9 ပါပါတယ်။
100W Wired , 80W Wireless Charging ပါတဲ့ 5,300mAh Battery ထည့်ထားပြီး IP65 ရေစိုခံစံနှုန်း ပါပါတယ်။ တရုတ်မှာ ဂြိုလ်တု ဆက်သွယ်ရေး သုံးနိုင်ပါတယ်။
Honor 300 Ultra အတွက် Camellia White နဲ့ Ink Rock Black အရောင်ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းက ၅၇၇ ဒေါ်လာကစပြီး အမြင့်ဆုံး 16GB RAM/ 1TB မော်ဒယ်ကို ၆၄၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ တရုတ်မှာ ရောင်းမှာ ဖြစ်ပြီး တခြားနိုင်ငံတွေမှာ မကြာခင် ရောင်းမယ်လို့ ထင်ရပါတယ်။
Ref: gsmarena