Huawei ကနေ အခုအချိန်မှာ ဈေးနှုန်းသက်သာတဲ့ Honor 7A စမတ်ဖုန်းတစ်ခုကို မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ အခု Honor 7A စမတ်ဖုန်းဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၀၀ ကျော်ကနေ စတင်တာဖြစ်တဲ့အတွက် မြန်မာငွေ ၁ သိန်းခွဲကျော်နဲ့တင် အရည်အသွေးမြင့်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာတယ်လို့ ပြောလို့ရပါတယ်။

Honor 7A စမတ်ဖုန်းဟာ 5.7″ 18:9 Ratio HD+ Display ကိုတပ်ဆင်ထားပြီးတော့ Qualcomm Snapdragon 430 Processor ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ 2GB, 3GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပေမယ့် Storage ကိုတော့ 32GB ပဲရရှိနိုင်မှာပါ။

Camera အနေနဲ့တော့ Honor 7A စမတ်ဖုန်းက Dual Camera ပါဝင်မှာဖြစ်ပြီးတော့ 13MP နဲ့ 2MP Camera ပါဝင်မှာပါ။ Front Selfie Camera ကိုတော့ 8MP Camera ကိုတပ်ဆင်ထားပြီး Face Unlock လည်းပါဝင်မှာဖြစ်ပါတယ်။

Honor 7A ဖုန်းကို 3000mAh Battery ထည့်သွင်းပေးထားပြီးတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၁၀ ဝန်းကျင်ကနေ စတင်ရောင်းချသွားမှာပါ။