[Zawgyi]

Huawei ရဲ႕အမွတ္တံဆိပ္ခြဲ Honor ဟာ သူတုိ႔ရဲ႕ဘတ္ဂ်က္စမတ္ဖုန္းသစ္ Honor 8S ကိုတရားဝင္ မိတ္ဆက္လာပါၿပီ။ လြန္ခဲ့တဲ့ႏွစ္ပတ္ေလာက္ထဲက ဒီဖုန္းဟာ အြန္လုိင္းေပၚမွာ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ သူ႕နဲ႔ေနာက္ေက်ာကိုယ္ထည္ကို ထူးျခားတဲ့ Double Texture ပုံစံဖန္တီးထားပါတယ္။

Honor 8S ဖုန္းမွာ Water-drop Notch တစ္ခုနဲ႔ 5.71” လက္မအရြယ္ HD+ LCD Display ပါဝင္ပါတယ္။ ေရွ႕ဆယ္ဖီကင္မရာက 5MP ျဖစ္ၿပီး Fingerprint မပါတဲ့ဖုန္းမွာ ဒီကင္မရာနဲ႔ Facial Recognition ျပဳလုပ္ႏုိင္မွာ ျဖစ္ပါတယ္။ ေနာက္ဘက္မွာေတာ့ 13MP f/1.8 ကင္မရာတစ္လုံးသာ ထည့္သြင္းလာတယ္။

အတြင္းမွာ Helio A22 SoC ကို 2GB RAM မန္မုိရီနဲ႔ တြဲဖက္ထားကာ Storage ပမာဏကေတာ့ 32GB ျဖစ္ပါတယ္။ ဘကၳရီက 3,020 mAh ျဖစ္ၿပီး 3.5mm Audio Jack လည္း ပါပါတယ္။ Honor 8S ဖုန္းဟာ EMUI 9 နဲ႔ Android Pie အသုံးျပဳရမွာျဖစ္တယ္။

Honor 8S ဖုန္းကို ေဒၚလာ ၁၃၀ (ျမန္မာေငြ ႏွစ္သိန္းနီးပါး) ေစ်းႏႈန္းနဲ႔ ရုရွားေစ်းကြက္မွာ ေရာင္းေနၿပီ ျဖစ္တာေၾကာင့္ အျခားႏုိင္ငံတကာေစ်းကြက္ကိုလည္း မၾကာခင္ေရာက္လာေတာ့မယ္လို႔ ယူဆရပါတယ္။ အနက္၊ အျပာနဲ႔ ေရႊေရာင္ ဆုိၿပီး ကာလာသုံးမ်ဳိးနဲ႔ထြက္လာတာပါ။

Ref – GSM Arena

[Unicode]

Huawei ရဲ့အမှတ်တံဆိပ်ခွဲ Honor ဟာ သူတို့ရဲ့ဘတ်ဂျက်စမတ်ဖုန်းသစ် Honor 8S ကိုတရားဝင် မိတ်ဆက်လာပါပြီ။ လွန်ခဲ့တဲ့နှစ်ပတ်လောက်ထဲက ဒီဖုန်းဟာ အွန်လိုင်းပေါ်မှာ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ သူ့နဲ့နောက်ကျောကိုယ်ထည်ကို ထူးခြားတဲ့ Double Texture ပုံစံဖန်တီးထားပါတယ်။

Honor 8S ဖုန်းမှာ Water-drop Notch တစ်ခုနဲ့ 5.71” လက်မအရွယ် HD+ LCD Display ပါဝင်ပါတယ်။ ရှေ့ဆယ်ဖီကင်မရာက 5MP ဖြစ်ပြီး Fingerprint မပါတဲ့ဖုန်းမှာ ဒီကင်မရာနဲ့ Facial Recognition ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ဘက်မှာတော့ 13MP f/1.8 ကင်မရာတစ်လုံးသာ ထည့်သွင်းလာတယ်။

အတွင်းမှာ Helio A22 SoC ကို 2GB RAM မန်မိုရီနဲ့ တွဲဖက်ထားကာ Storage ပမာဏကတော့ 32GB ဖြစ်ပါတယ်။ ဘက္ထရီက 3,020 mAh ဖြစ်ပြီး 3.5mm Audio Jack လည်း ပါပါတယ်။ Honor 8S ဖုန်းဟာ EMUI 9 နဲ့ Android Pie အသုံးပြုရမှာဖြစ်တယ်။

Honor 8S ဖုန်းကို ဒေါ်လာ ၁၃၀ (မြန်မာငွေ နှစ်သိန်းနီးပါး) ဈေးနှုန်းနဲ့ ရုရှားဈေးကွက်မှာ ရောင်းနေပြီ ဖြစ်တာကြောင့် အခြားနိုင်ငံတကာဈေးကွက်ကိုလည်း မကြာခင်ရောက်လာတော့မယ်လို့ ယူဆရပါတယ်။ အနက်၊ အပြာနဲ့ ရွှေရောင် ဆိုပြီး ကာလာသုံးမျိုးနဲ့ထွက်လာတာပါ။

Ref – GSM Arena