[Zawgyi]

ေငြေၾကးေခြၽတာလိုသည့္ စမတ္ဖုန္းသုံးစြဲသူမ်ားအေနျဖင့္ HONOR 8S ကို ျမန္မာေငြ ၁သိန္းခြဲေအာက္ျဖင့္ ဝယ္ယူၿပီး dewdrop full view display ႏွင့္ ေနာက္ဆုံးေပၚ EMUI 9.0 ကို ရယူအသုံးျပဳႏိုင္မည္ျဖစ္သည္။

ေဈးကြက္အတြင္းဦးေဆာင္ေနသည့္ HONOR စမတ္ဖုန္းအမွတ္တံဆိပ္က ၎၏ ‘S’ စီးရီးအသစ္ေနာက္ဆုံးထြက္စမတ္ဖုန္း HONOR 8S ကို ယေန႔ ဇူလိုင္လ ၂၆ရက္ ေန႔မွစတင္ကာ ျမန္မာႏိုင္ငံတြင္းစတင္မိတ္ဆက္ျဖန႔္ခ်ိလိုက္ၿပီျဖစ္ေၾကာင္းသတင္းထုတ္ျပန္ေၾကညာသည္။ အဆိုပါစမတ္ဖုန္းမွာ ‘Entry-level’ အမ်ိဳးအစားျဖစ္ေသာ္လည္း ေနာက္ဆုံးေပၚ ‘Dewdrop’ full view display ႏွင့္ ေနာက္ဆုံးထြက္ရွိ ထားသည့္ OS စနစ္ EMUI 9.0 ကို ထည့္သြင္းေပးထားေသာေၾကာင့္ ျမင္ကြင္းက်ယ္က်ယ္ႏွင့္ ပိုမိုေကာင္းမြန္ သည့္ ခံစားမႈအေတြ႕အႀကဳံမ်ားရရွိလိုသည့္ ဝယ္ယူသူမ်ားအတြက္ HONOR 8S မွာ အေကာင္းဆုံးစမတ္ဖုန္း တစ္လုံးျဖစ္လာႏိုင္ၿပီး သက္သာေသာႏႈန္းထားျဖစ္သည့္ ေဈးႏႈန္း ၁၄၉,၀၀၀ က်ပ္ႏႈန္းျဖင့္ ေဈးကြက္အတြင္း ဝယ္ယူရရွိႏိုင္မည္ျဖစ္သည္။

အဆိုပါ HONOR 8S ကို ေရာင္းခ်သြားမည့္ေဈးႏႈန္းမွာ ဝယ္ယူသူမ်ားအတြက္ ေပးရသည့္ႏႈန္းထားထက္ ပိုမိုေကာင္းမြန္ေသာ ျမင္ကြင္းက်ယ္ 5.71 လက္မ LCD မ်က္ႏွာျပင္ 19:9 full view dewdrop screen ႏွင့္ screen-to-body ratio မွာလည္း 84.6% ျဖစ္သည့္အျပင္ ဖုန္းမ်က္ႏွာျပင္ကထြက္ရွိလာသည့္ အျပာေရာင္ အလင္းအားေၾကာင့္ မ်က္စိထိခိုက္မႈအား ေလ်ာ့ခ်ေပးႏိုင္ၿပီး ေဖ်ာ္ေျဖေရးက႑မ်ား၊ ဆိုရွယ္မီဒီယာႏွင့္ ဂိမ္းကစားသူမ်ား ကဲ့သို႔ ဖုန္းမ်က္ႏွာျပင္ကို ၾကာရွည္စြာ ၾကည့္ရႈေလ့ရႈသူမ်ားအတြက္ အဆင္ေျပေစႏိုင္သည့္ eye comfort certification ရရွိထားေသာ TÜV Rheinland လည္း ပါရွိမည္ျဖစ္သည္။ ထို႔အျပင္ HONOR 8S ၏ စြမ္းေဆာင္ ရည္ပိုင္းအတြက္ MT6761 high-frequency quad core processor အသုံးျပဳေပးထားၿပီး ဖုန္းအသုံးျပဳ ျခင္းႏွင့္ အက္ပလီေကးရွင္းအသုံးျပဳမႈမ်ား ပိုမိုေခ်ာေမြ႕ျမန္ဆန္ရန္အတြက္ 2.0GHz အသုံးျပဳထားပါသည္။

ဖုန္း၏ ကိုယ္ထည္ကိုမူ ဆြဲေဆာင္မႈရွိသည့္ dual-texture body ဒီဇိုင္းျဖင့္ ဖန္တီးထုတ္လုပ္ထားၿပီး RAM ပမာဏ 2GB ႏွင့္ သိုေလွာင္မႈ မွတ္ဉာဏ္ပမာဏအတြက္ 32GB ကို အသုံးျပဳေပးထားကာ ဆင္းမ္ကတ္ ထည့္သြင္းအသုံးျပဳမႈအတြက္ Dual SIM slots အသုံးျပဳေပးထားၿပီး ျပင္ပမွတ္ဉာဏ္အတြက္ micro SD ကတ္ ထပ္စိုက္ႏိုင္ၿပီး 512GB အထိ တိုးျမႇင့္ႏိုင္မည္လည္းျဖစ္သည္။ ဆင္းမ္ကတ္ႏွစ္ေနရာစလုံးမွာ 4G LTE ကို အေထာက္ အပံ့ေပးႏိုင္ၿပီး ျမန္ဆန္သည့္ အင္တာနက္အသုံးျပဳမႈ ရရွိႏိုင္မည္ျဖစ္သည္။ ကင္မရာပိုင္းတြင္လည္း အေနာက္ ဖက္ကင္မရာကို 13 MP တပ္ဆင္ေပးထားၿပီး အလ်င္အျမန္ပုံရိပ္ဖမ္းယူႏိုင္သည့္နည္းပညာ PDAF စနစ္ကို ထည့္ သြင္းေပးထားသည္။ အေရွ႕ဖက္ဆယ္လ္ဖီ ကင္မရာအေနျဖင့္လည္း f/1.8 wide aperture ပါဝင္ၿပီး LED ‘selfie light’ ပါဝင္ေသာေၾကာင့္ အလင္းအားနည္းသည့္အခ်ိန္မ်ိဳး၌ပင္ ၾကည္လင္ျပတ္သားသည့္ ပုံရိပ္မ်ားကို ဖမ္းယူႏိုင္ မည့္အတြက္ ဆယ္လ္ဖီဝါသနာပါသူမ်ားအတြက္ အထူးသင့္ေလ်ာ္မည္ျဖစ္သည္။

HONOR Myanmar ၏ ဥကၠဌျဖစ္သူ Mr. Bai Jing က “ေဈးသက္သာၿပီး အသုံးဝင္တဲ့ စမတ္ဖုန္းအမ်ိဳးအစားေတြ ကို ရွာေဖြေနၾကတဲ့ ျမန္မာႏိုင္ငံကသုံးစြဲသူေတြအတြက္ေတာ့ အခုလို ၁၄၉,၀၀၀ သာေပးရတဲ့ entry-level အမ်ိဳးအစားဖုန္းတစ္လုံးက စိတ္ႀကိဳက္ေတြ႕ေစမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ အခုလို ေဈးသက္သာၿပီး အသုံးဝင္တဲ့ HONOR 8S လိုဖုန္းတစ္လုံးကို မိတ္ဆက္ေပးခြင့္ရလို႔ ဝမ္းသာမိပါတယ္။ ဒီဖုန္းမွာဆိုရင္ ေဈးႀကီးျမင့္တဲ့ စမတ္ဖုန္းေတြမွာမွ ပါဝင္တတ္တဲ့ dewdrop full view display ထည့္သြင္းေပးထားတာ လည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဘတ္ဂ်က္ဖုန္းေတြကိုမွ စိတ္ဝင္စားၿပီး အသုံးျပဳတတ္တဲ့ ျမန္မာႏိုင္ငံက သုံးစြဲသူေတြအတြက္ HONOR 8S က အေကာင္းဆုံးျဖစ္ေစမွာေသခ်ာသလို HONOR ကို အစဥ္တစိုက္ အသုံးျပဳေနၾကတဲ့ သုံးစြဲသူေတြအားလုံးကိုလည္း အခုလို ယုံၾကည္မႈအျပည့္နဲ႔ ဆက္လက္သုံးစြဲေပးၾကတဲ့ အတြက္ ေက်းဇူးအထူးတင္ရွိေၾကာင္း ေျပာၾကားလိုပါတယ္။” ဟု ေျပာၾကားသည္။

HONOR 8S တြင္ Google မွ ေနာက္ဆုံးထြက္ရွိထားသည့္ android version EMUI 9.0 ကို ထည့္သြင္းအသုံးျပဳ ေပးထားၿပီး အဆိုပါ update OS ေၾကာင့္ HONOR အသုံးျပဳသူမ်ားအေနျဖင့္ Google ၏ ေနာက္ဆုံးေပၚ ဝန္ေဆာင္မႈမ်ားအား အခက္အခဲမရွိရယူအသုံးျပဳႏိုင္မည္ျဖစ္သည္။ ဘက္ထရီပိုင္းတြင္လည္း 3,020 mAh non-removable Li-Ion ဘက္ထရီအသုံးျပဳေပးထားျခင္းေၾကာင့္ ေဈးကြက္အတြင္းရွိေနသည့္ အျခားေသာ mid-range စမတ္ဖုန္းမ်ားထက္ ဘက္ထရီပိုင္းတြင္ ပိုမိုသာလြန္ေကာင္းမြန္သည္။

HONOR အေနျဖင့္ ျမန္မာႏိုင္ငံမွ HONOR ခ်စ္သူမ်ားအတြက္ ၎၏ 20 Series စမတ္ဖုန္းမ်ားကို မၾကာမီ ႏိုင္ငံ အတြင္း ျဖန႔္ခ်ိေရာင္းခ်ေပးသြားေတာ့မည့္ စိတ္လႈပ္ရွားဖြယ္သတင္းကိုလည္း ထုတ္ျပန္ေၾကညာခဲ့သည္။ အဆို ပါ HONOR 20 Series စမတ္ဖုန္းမ်ားမွာ စတင္ေရာင္းခ်သည့္ေန႔မွစ၍ ၁၄ ရက္အတြင္း တ႐ုတ္ႏိုင္ငံအတြင္း စမတ္ဖုန္းအလုံးေရ ၁ မီလီယံေက်ာ္ေရာင္းခ်ႏိုင္ခဲ့ကာ စံခ်ိန္တင္ခဲ့သည့္ ဖုန္းအမ်ိဳးအစားျဖစ္ၿပီး ႏိုင္ငံတကာ မီဒီယာမ်ားမွ သုံးသပ္ေရးသားေနၾကသည့္ အဆိုပါ hign-end စြမ္းေဆာင္ရည္ရွိစမတ္ဖုန္းစီးရီးမ်ားကို ျမန္မာ ႏိုင္ငံအတြင္း မၾကာမီအခ်ိန္အတြင္း ဝယ္ယူရရွိႏိုင္ေတာ့မည္လည္းျဖစ္သည္။

[Unicode]

HONOR က ဈေးနှုန်းသက်သာသည့် ဖုန်းအမျိုးအစားအသစ် HONOR 8S ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

ငွေကြေးချွေတာလိုသည့် စမတ်ဖုန်းသုံးစွဲသူများအနေဖြင့် HONOR 8S ကို မြန်မာငွေ ၁သိန်းခွဲအောက်ဖြင့် ဝယ်ယူပြီး dewdrop full view display နှင့် နောက်ဆုံးပေါ် EMUI 9.0 ကို ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

ဈေးကွက်အတွင်းဦးဆောင်နေသည့် HONOR စမတ်ဖုန်းအမှတ်တံဆိပ်က ၎င်း၏ ‘S’ စီးရီးအသစ်နောက်ဆုံးထွက်စမတ်ဖုန်း HONOR 8S ကို ယနေ့ ဇူလိုင်လ ၂၆ရက် နေ့မှစတင်ကာ မြန်မာနိုင်ငံတွင်းစတင်မိတ်ဆက်ဖြန့်ချိလိုက်ပြီဖြစ်ကြောင်းသတင်းထုတ်ပြန်ကြေညာသည်။ အဆိုပါစမတ်ဖုန်းမှာ ‘Entry-level’ အမျိုးအစားဖြစ်သော်လည်း နောက်ဆုံးပေါ် ‘Dewdrop’ full view display နှင့် နောက်ဆုံးထွက်ရှိ ထားသည့် OS စနစ် EMUI 9.0 ကို ထည့်သွင်းပေးထားသောကြောင့် မြင်ကွင်းကျယ်ကျယ်နှင့် ပိုမိုကောင်းမွန် သည့် ခံစားမှုအတွေ့အကြုံများရရှိလိုသည့် ဝယ်ယူသူများအတွက် HONOR 8S မှာ အကောင်းဆုံးစမတ်ဖုန်း တစ်လုံးဖြစ်လာနိုင်ပြီး သက်သာသောနှုန်းထားဖြစ်သည့် ဈေးနှုန်း ၁၄၉,၀၀၀ ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

အဆိုပါ HONOR 8S ကို ရောင်းချသွားမည့်ဈေးနှုန်းမှာ ဝယ်ယူသူများအတွက် ပေးရသည့်နှုန်းထားထက် ပိုမိုကောင်းမွန်သော မြင်ကွင်းကျယ် 5.71 လက်မ LCD မျက်နှာပြင် 19:9 full view dewdrop screen နှင့် screen-to-body ratio မှာလည်း 84.6% ဖြစ်သည့်အပြင် ဖုန်းမျက်နှာပြင်ကထွက်ရှိလာသည့် အပြာရောင် အလင်းအားကြောင့် မျက်စိထိခိုက်မှုအား လျော့ချပေးနိုင်ပြီး ဖျော်ဖြေရေးကဏ္ဍများ၊ ဆိုရှယ်မီဒီယာနှင့် ဂိမ်းကစားသူများ ကဲ့သို့ ဖုန်းမျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုလေ့ရှုသူများအတွက် အဆင်ပြေစေနိုင်သည့် eye comfort certification ရရှိထားသော TÜV Rheinland လည်း ပါရှိမည်ဖြစ်သည်။ ထို့အပြင် HONOR 8S ၏ စွမ်းဆောင် ရည်ပိုင်းအတွက် MT6761 high-frequency quad core processor အသုံးပြုပေးထားပြီး ဖုန်းအသုံးပြု ခြင်းနှင့် အက်ပလီကေးရှင်းအသုံးပြုမှုများ ပိုမိုချောမွေ့မြန်ဆန်ရန်အတွက် 2.0GHz အသုံးပြုထားပါသည်။

ဖုန်း၏ ကိုယ်ထည်ကိုမူ ဆွဲဆောင်မှုရှိသည့် dual-texture body ဒီဇိုင်းဖြင့် ဖန်တီးထုတ်လုပ်ထားပြီး RAM ပမာဏ 2GB နှင့် သိုလှောင်မှု မှတ်ဉာဏ်ပမာဏအတွက် 32GB ကို အသုံးပြုပေးထားကာ ဆင်းမ်ကတ် ထည့်သွင်းအသုံးပြုမှုအတွက် Dual SIM slots အသုံးပြုပေးထားပြီး ပြင်ပမှတ်ဉာဏ်အတွက် micro SD ကတ် ထပ်စိုက်နိုင်ပြီး 512GB အထိ တိုးမြှင့်နိုင်မည်လည်းဖြစ်သည်။ ဆင်းမ်ကတ်နှစ်နေရာစလုံးမှာ 4G LTE ကို အထောက် အပံ့ပေးနိုင်ပြီး မြန်ဆန်သည့် အင်တာနက်အသုံးပြုမှု ရရှိနိုင်မည်ဖြစ်သည်။ ကင်မရာပိုင်းတွင်လည်း အနောက် ဖက်ကင်မရာကို 13 MP တပ်ဆင်ပေးထားပြီး အလျင်အမြန်ပုံရိပ်ဖမ်းယူနိုင်သည့်နည်းပညာ PDAF စနစ်ကို ထည့် သွင်းပေးထားသည်။ အရှေ့ဖက်ဆယ်လ်ဖီ ကင်မရာအနေဖြင့်လည်း f/1.8 wide aperture ပါဝင်ပြီး LED ‘selfie light’ ပါဝင်သောကြောင့် အလင်းအားနည်းသည့်အချိန်မျိုး၌ပင် ကြည်လင်ပြတ်သားသည့် ပုံရိပ်များကို ဖမ်းယူနိုင် မည့်အတွက် ဆယ်လ်ဖီဝါသနာပါသူများအတွက် အထူးသင့်လျော်မည်ဖြစ်သည်။

HONOR Myanmar ၏ ဥက္ကဌဖြစ်သူ Mr. Bai Jing က “ဈေးသက်သာပြီး အသုံးဝင်တဲ့ စမတ်ဖုန်းအမျိုးအစားတွေ ကို ရှာဖွေနေကြတဲ့ မြန်မာနိုင်ငံကသုံးစွဲသူတွေအတွက်တော့ အခုလို ၁၄၉,၀၀၀ သာပေးရတဲ့ entry-level အမျိုးအစားဖုန်းတစ်လုံးက စိတ်ကြိုက်တွေ့စေမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလို ဈေးသက်သာပြီး အသုံးဝင်တဲ့ HONOR 8S လိုဖုန်းတစ်လုံးကို မိတ်ဆက်ပေးခွင့်ရလို့ ဝမ်းသာမိပါတယ်။ ဒီဖုန်းမှာဆိုရင် ဈေးကြီးမြင့်တဲ့ စမတ်ဖုန်းတွေမှာမှ ပါဝင်တတ်တဲ့ dewdrop full view display ထည့်သွင်းပေးထားတာ လည်းဖြစ်ပါတယ်။ ဒါကြောင့် ဘတ်ဂျက်ဖုန်းတွေကိုမှ စိတ်ဝင်စားပြီး အသုံးပြုတတ်တဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် HONOR 8S က အကောင်းဆုံးဖြစ်စေမှာသေချာသလို HONOR ကို အစဉ်တစိုက် အသုံးပြုနေကြတဲ့ သုံးစွဲသူတွေအားလုံးကိုလည်း အခုလို ယုံကြည်မှုအပြည့်နဲ့ ဆက်လက်သုံးစွဲပေးကြတဲ့ အတွက် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။” ဟု ပြောကြားသည်။

HONOR 8S တွင် Google မှ နောက်ဆုံးထွက်ရှိထားသည့် android version EMUI 9.0 ကို ထည့်သွင်းအသုံးပြု ပေးထားပြီး အဆိုပါ update OS ကြောင့် HONOR အသုံးပြုသူများအနေဖြင့် Google ၏ နောက်ဆုံးပေါ် ဝန်ဆောင်မှုများအား အခက်အခဲမရှိရယူအသုံးပြုနိုင်မည်ဖြစ်သည်။ ဘက်ထရီပိုင်းတွင်လည်း 3,020 mAh non-removable Li-Ion ဘက်ထရီအသုံးပြုပေးထားခြင်းကြောင့် ဈေးကွက်အတွင်းရှိနေသည့် အခြားသော mid-range စမတ်ဖုန်းများထက် ဘက်ထရီပိုင်းတွင် ပိုမိုသာလွန်ကောင်းမွန်သည်။

HONOR အနေဖြင့် မြန်မာနိုင်ငံမှ HONOR ချစ်သူများအတွက် ၎င်း၏ 20 Series စမတ်ဖုန်းများကို မကြာမီ နိုင်ငံ အတွင်း ဖြန့်ချိရောင်းချပေးသွားတော့မည့် စိတ်လှုပ်ရှားဖွယ်သတင်းကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။ အဆို ပါ HONOR 20 Series စမတ်ဖုန်းများမှာ စတင်ရောင်းချသည့်နေ့မှစ၍ ၁၄ ရက်အတွင်း တရုတ်နိုင်ငံအတွင်း စမတ်ဖုန်းအလုံးရေ ၁ မီလီယံကျော်ရောင်းချနိုင်ခဲ့ကာ စံချိန်တင်ခဲ့သည့် ဖုန်းအမျိုးအစားဖြစ်ပြီး နိုင်ငံတကာ မီဒီယာများမှ သုံးသပ်ရေးသားနေကြသည့် အဆိုပါ hign-end စွမ်းဆောင်ရည်ရှိစမတ်ဖုန်းစီးရီးများကို မြန်မာ နိုင်ငံအတွင်း မကြာမီအချိန်အတွင်း ဝယ်ယူရရှိနိုင်တော့မည်လည်းဖြစ်သည်။