Huawei ကနေ Honor Series ဖုန်းသစ်တွေကို အမြဲမပြတ်ကို အခုတလောမှာထုတ်နေပြီးတော့ အခုအချိန်မှာလည်း နောက်ထပ် Honor Series ဖုန်းတစ်ခုကို ယခု ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကြေငြာသွားမယ်လို့ ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

အခုကြေငြာသွားမယ့် Honor Series ဖုန်းသစ်ကတော့ Honor 9 Lite ပဲဖြစ်ပြီး Huawei ရဲ့ Flagship ဖုန်းဖြစ်တဲ့ Mate 10 ဖုန်းနဲ့ ပုံစံဆင်တူပြီး ဈေးနှုန်းအနေနဲ့ တဝက်ခန့်သာကျင့်မှာဖြစ်ပါတယ်။ China Telecom ကပြောကြားထားတဲ့ဈေးနှုန်းတွေအရတော့ RAM 4GB | ROM 32GB ကို Yuan 2000 နဲ့ RAM 6GB | ROM 64GB ကို Yuan 2400 ဝန်းကျင်နဲ့ ရောင်းချသွားမယ်လို့ ဆိုထားတဲ့အတွက် မြန်မာငွေကျပ် ၄ သိန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

Honor 9 Lite ဖုန်းမှာ 13MP + 2MP Camera ၂ လုံးကို ဖုန်းရဲ့ အရှေ့ဘက်မှာရော၊ နောက်ဖက်မှာပါ တပ်ဆင်ထားမှာဖြစ်ပြီး 18:9 Ratio ကို အသုံးပြုထားတဲ့ 5.65″ Display, Kirin 659 Chipset နဲ့ Android Version 8.0 Oreo ပါ တခါတည်းပါဝင်လာမယ်လို့ သိရပါတယ်။

ဒီဇိုင်းအနေနဲ့တော့ အခြားသော Honor ဖုန်းတွေနဲ့ ဆင်တူပြီး ပါးလွှာတဲ့ ကိုယ်ထည်နဲ့ Fingerprint Scanner က ဖုန်းရဲ့ နောက်ကျောဘက်မှာရှိနေတာဖြစ်ပါတယ်။