Honor က တရုတ်မှာ Flagship Killer Honor 90 GT ကို ကြေညာလိုက်ပါတယ်။ အရင်နှစ်ထုတ် စွမ်းရည်မြင့် Snapdragon 8 Gen 2 Chipset ၊ 24GB RAM နဲ့ 100W Charging ပါပါတယ်။

Honor 90 GT debuts with Snapdragon 8 Gen 2 and up to 24GB RAM

Honor 90 GT မှာ 6.7” AMOLED 1200x2664p မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ 3,840Hz PWM Dimming နဲ့မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာမြှုပ်နှံထားပြီး Punch Hole မှာ 16MP selfie ကင်မရာ တပ်ဆင်ထားပါတယ်။

Honor 90 GTHonor 90 GT

အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 12MP Ultrawide ကင်မရာ ထည့်သွင်းထားပါတယ်။ Snapdragon 8 Gen 2 ကို 24GB RAM နဲ့ပူးတွဲထားပြီး Honor ရဲ့ ဖုန်းတွေထဲမှာ RAM အများဆုံး ပါလာတာပါ။

အခြေခံ မော်ဒယ်မှာ 12GB RAM နဲ့ စွမ်းရည်သင့် မော်ဒယ်မှာ 16GB RAM ပါပါတယ်။ Storage က 256GB က စတင်ကာ 1TB အထိ ထည့်သွင်းထားပါတယ်။

Honor 90 GT With Snapdragon 8 Gen 2, 100W Charging Launched In China -  Gizmochina

Honor 90 GT မှာ Android 14 အခြေပြု MagicOS 7.2 မောင်းနှင်ထားပြီး 100W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ အနက်၊ အပြာနဲ့ ရွှေရောင် ထုတ်လုပ်ထားပါတယ်။ 12/256GB ကို ၃၆၅ ဒေါ်လာနဲ့ 24GB RAM/1TB Storage ကို ၅၂၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီလ ၂၆ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : gsmarena