Honor က အမိုက်စား  Gaming စမတ်ဖုန်း အသစ် တစ်လုံးကို ကြေညာလိုက်ပါတယ်။ Honor GT လို့ နာမည်ပေးထားပြီး စွမ်းရည်မြင့် Chip ၊ အလန်းစား Display နဲ့ AI စွမ်းရည်တွေ ထည့်သွင်းထားပါတယ်။

Honor GT Gaming Smartphone Launched with Snapdragon 8 Gen 3 SoC, 120Hz OLED Display, Android 15 - Gizbot News

Gaming ဖုန်းဆိုပေမယ့် ဒီဇိုင်းက ရိုးရှင်း ပေါ့ပါးပါတယ်။ Display က 6.7” 120Hz AMOLED သုံးထားပြီး 2664×1200 FHD+ Resolution ပါပါတယ်။ 4,000 Nits Peak Brightness အထိ ရပြီး 3840Hz PWM Zero-risk Dimming , Low Blue Light  နဲ့ Adaptive Dimming လို မျက်လုံးကာကွယ်ပေးတဲ့ Feature တွေ ထည့်ထားပါတယ်။

Honor GT launched with Snapdragon 8 Gen 3, IMX906 and 100W charging

စွမ်းရည်မြင့် Snapdragon 8 Gen 3 Chip သုံးထားပြီး ဂိမ်းကစားရင် အရမ်းကို ချောမွတ်မြန်ဆန်ပါတယ်။ 16GB LPDDR5X RAM , 1TB UFS 4.0 Storage နဲ့ တွဲပေးထားပါတယ်။ အပူချိန်လျှော့ချပေးဖို့ 3D Natural Circulation Cooling System ကို သုံးထားပြီး ဂိမ်းအကြီးစားတွေကို အချိန်အကြာကြီး ကစားရင်တောင် စွမ်းဆောင်ရည် ကောင်းစေတယ်လို့ Honor က ပြောပါတယ်။

Android 15 အခြေပြု Honor MagicOS 9.0 ထည့်ထားပြီး AI Features တွေ ပါပါတယ်။ Glory Phantom Engine က AI Rendering ကို ပိုကောင်းစေပြီး YOYO Intelligent Body က အထူးအကြံပေးချက်နဲ့ Optimization တွေကို ပံ့ပိုးပေးပါတယ်။ ဒါ့အပြင် AI Face Recogniton , AI Photography , Smart Multi-window နဲ့ Multi-screen Collaboration လို AI Feature တွေ ပါပါတယ်။

Honor GT launched with Snapdragon 8 Gen 3, IMX906 and 100W charging

အနောက်ဘက်မှာ OIS ပါတဲ့ 50MP Wide-angle နဲ့ 12MP Ultra-wide Macro ကင်မရာနဲ့ အရှေ့ဘက်မှာ 16MP Wide-angle ကင်မရာ တပ်ထားပါတယ်။ 100W Honor Super Fast Charge နည်းပညာပါတဲ့ 5,300mAh Battery ထည့်ထားပြီး IP65 ရေစိုခံစံနှုန်း ပါပါတယ်။

Honor GT အတွက် Phantom Black, Ice Crystal White နဲ့ Aurora Green အရောင်ထုတ်လုပ်ထားပါတယ်။ 12/256GB ကို ၃၀၁ ဒေါ်လာ ၊ 16/256GB ကို ၃၂၉ ဒေါ်လာ၊ 12/512GB ကို ၃၅၆ ဒေါ်လာ၊ 16/512GB ကို ၃၉၈ ဒေါ်လာနဲ့ 16GB/1TB ကို ၄၅၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဒီလ ၂၄ ရက်နေ့ ရောင်းမှာပါ။

Ref : Gizmochina