Magic Slide Full-View Display၊ Kirin 980 processor နှင့် AI ဖြင့် အင်အားပေးထားသော six-lens camera တို့ဖြင့် အပြည့်အဝ အဆင့်မြှင့်တင်ထားသည့် Honor Magic2 သည် စမတ်ဖုန်းများကို AI 3.0 ခေတ်သစ်သို့ ခေါ်ဆောင်သွားမည် ဖြစ်သည်

[ဘေဂျင်း၊ အောက်တိုဘာ ၃၁ ၂၀၁၈] – Honor ၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် ပေါင်းစပ်ဒီဇိုင်းထုတ် ဖန်တီးထားသည့် Honor Magic2 ကို ယနေ့တွင် ဘေဂျင်း၌ တရားဝင်မိတ်ဆက်ပေးခဲ့ပါသည်။ ကမ္ဘာ့ပထမဆုံး AI အစစ်ပါဝင်သော စမတ်ဖုန်းဖြစ်သည့် ၂၀၁၆ ခုနှစ်ထုတ် Honor Magic ၏ အောင်မြင်မှုအပေါ် အခြေပြု၍ ဖန်တီးထားသည့် Honor Magic2 သည် စမတ်ဖုန်းများကို ၎င်း၏ အနာဂတ်သို့ လှမ်းမျှော်နေသော နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များဖြင့် စမတ်ဖုန်းများကို အဆင့်အတန်း အသစ်တစ်ခုသို့ လမ်းပြခေါ်ဆောင်သွားမည် ဖြစ်ပါသည်။ Honor Magic2 တွင် ဖန်သားပြင်နှင့် ကိုယ်ထည်အချိုး ၁၀၀% နီးပါးကို ရရှိစေနိုင်မည့် ကမ္ဘာ့ပထမဆုံး Magic Slide full-view ဖန်သားပြင်၊ ပိုမိုကောင်းမွန်သော အသိဉာဏ်နှင့် AI-processing စွမ်းအားတို့ကို ပေးစွမ်းသွားမည့် မျိုးဆက်သစ်၊ AI အတွက်သီးသန့် Kirin 980 processor၊ စိတ်ဖတ်ရှုနိုင်စွမ်းနှင့် machine-learning စွမ်းဆောင်ရည်များ ပါရှိသည့် all-in-one ဘဝနေထိုင်မှုဆိုင်ရာ အထောက်အပံ့နည်းပညာဖြစ်သည့် အင်အားကောင်းသော virtual assistance YOYO နှင့် ခေတ်တစ်ခေတ် ပြောင်းနိုင်သည့် ဓါတ်ပုံပညာဆိုင်ရာ အတွေ့အကြုံများ ပေးစွမ်းနိုင်သည့် AI ဖြင့် အားပြုထားသော six-lens camera တို့ ပါဝင်ပါသည်။


Magic Slide Full-View Display သည် အတွေ့အကြုံသစ်များကို လမ်းဖွင့်ပေးမည်
ကမ္ဘာ့ပထမဆုံး Magic Slide full-view display ပါဝင်သည့် စမတ်ဖုန်းဖြစ်သော Honor Magic2 သည် notch လုံးဝမပါဝင်သည့် တုနှိုင်းမမှီသော 6.39inch Magic Slide full-view display ဖြင့် မယှဉ်နိုင်သော အသုံးပြုသူဆိုင်ရာ အတွေ့အကြုံများကို ပေးစွမ်းနိုင်မည့် “အင်မတန်ရိုးရှင်းသည့်” ဒီဇိုင်းပုံစံတစ်ခု ဖြစ်ပါသည်။ ဤစမတ်ဖုန်းတွင် ဖန်သားပြင်နှင့် ကိုယ်ထည်အချိုး ၁၀၀% နီးပါးရှိပြီး optical in-display fingerprint recognition နည်းပညာ (လက်ဗွေရာ ဖတ်ရှုသည့်နည်းပညာ) ပါဝင်ပါသည်။ Slide-down လုပ်လိုက်တိုင်း အံ့သြဖွယ်ရာ အမြင်ပိုင်း အတွေ့အကြုံများကို ခံစားစေနိုင်မည် ဖြစ်ပါသည်။

Kirin 980 Processor ဖြင့် အင်အားပေးထားသော မျိုးဆက်သစ် AI
အသိဉာဏ်ပိုင်းတွင် အလုံးစုံ အဆင့်မြှင့်တင်မှုကို ကိုယ်စားပြုသည့် Honor Magic2 ကို ကမ္ဘာ့ပထမဆုံး dual-core NPU processor ဖြစ်သည့် AI အတွက် သီးသန့် Kirin 980 processor ဖြင့် အင်အားပေးထားပါသည်။ ထို processor သည် စွမ်းဆောင်ရည်မြင့်သော AI တွက်ချက်မှုအင်အားကို ရရှိစေပြီး အသုံးပြုသူများအတွက် အလွန်ကောင်းမွန် သာလွန်သည့် AI ဆိုင်ရာ အတွေ့အကြုံတို့ကို ရရှိစေမည် ဖြစ်ပါသည်။

AI စွမ်းဆောင်ရည်အဆင့်တွင် ၄၅၅၆ မှတ် ရရှိထားသည့် YOYO သည် Honor Magic2 ၏ AI စနစ်ဖြစ်သော Magic UI ၏ အနှစ်သာရပင် ဖြစ်ပါသည်။ ကွန်ပျူတာပုံစံ၊ သဘာဝကျသော ဘာသာစကားဆိုင်ရာ တွက်ချက်မှု၊ machine learning စွမ်းဆောင်ရည်များအပြင် ဆုံးဖြတ်ချက်နှင့် အကြံပြုချက်စနစ်များ ပါဝင်သည့် YOYO သည် အချိန်နှင့်အမျှ ဆက်လက်သင်ယူပြီး တိုးတက်လာမည့် all-in-one ဘဝနေထိုင်မှု အထောက်အပံ့စနစ်တစ်ခု ဖြစ်ပါသည်။ YOYO ၏ စွမ်းဆောင်ရည်များသည် သာမန် virtual voice assistant တစ်ခုထက် သာလွန်ပြီး သိရှိမှတ်သားခြင်း၊ သင်ယူခြင်း၊ တွေးကြံခြင်းနှင့် အဆင့်တိုးမြှင့်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ YOYO သည် လူနှင့် AI အကြား အပြန်အလှန် ဆက်ဆံမှုကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုပေးပြီး မယှဉ်နိုင်သော ဖြစ်စဉ်အခြေပြု အတွေ့အကြုံတို့ကို ပေးစွမ်းနိုင်သောကြောင့် Honor Magic2 ကို ဈေးကွက်အတွင်း စမတ်အကျဆုံး AI ဖုန်း ဖြစ်လာစေပါသည်။

AI ဖြင့် အင်အားပေးထားသော Six-lens Camera ဖြင့် ယခင်နှင့်မတူသော ဓါတ်ပုံများကို ရိုက်ကူးလိုက်ပါ
24MP triple-lens နောက်ဖက်ကင်မရာနှင့် 17mm ultra-wide angle တို့အပြင် အတွင်းပြန်သွင်းနိုင်သည့် 16MP triple-lens ရှေ့ဖက်ကင်မရာတို့ ပါဝင်သည့် Honor Magic2 သည် ခေတ်တစ်ခေတ် ပြောင်းလဲစေမည့် ဓါတ်ပုံရိုက်ကူးမှုဆိုင်ရာ အတွေ့အကြုံတို့ကို ပေးစွမ်းနိုင်ပါသည်။ ဓါတ်ပုံတို့ကို အံအားသင့်ဖွယ် AI ဖြင့် အင်အားပေးထားသော နောက်ဖက်ကင်မရာမှ အသေးစိတ် ချိန်ညှိထားသော အတိုင်းအတာများဖြင့် ပြန်လည်ပြင်ဆင်ခြင်းကို အလိုအလျောက် လုပ်ဆောင်နိုင်ရန်အတွက် ပုံရိပ်တို့ကို ခွဲခြားပေးမည့်အပြင် ပြန်သွင်းနိုင်သည့် ရှေ့ကင်မရာသည်လည်း အဆင့်မြင့် 3D facial recognition နှင့် portrait lighting လုပ်ဆောင်ချက်များကို အသုံးပြုသွားမည်ဖြစ်ပြီး အနုပညာစွမ်းရည် မြင့်မားသော selfie များကို အကောင်းဆုံး beautification နှင့် bokeh လုပ်ဆောင်ချက်များဖြင့် ဖန်တီးပေးနိုင်ပါသည်။

Honor Magic2 သည် အံ့သြဖွယ်ရာ ဖန်တီးတည်ဆောက်မှုတစ်ခု ဖြစ်သည့်အပြင် ကျွန်ုပ်တို့ကို ပြိုင်ဘက်များ၏ရှေ့သို့ လုံးဝဥသုံ ရောက်ရှိစေမည့် ခေတ်ရှေ့ပြေးသော ကိရိယာတစ်ခုလည်း ဖြစ်ပါသည်။ ဤဖုန်းသည် အသုံးပြုသူများကို YOYO၊ Magic Slide full-view display၊ Kirin 980 processor၊ graphene အပူဖြန့်ဝေစနစ်၊ TÜV Rheinland မှ အသိအမှတ်ပြုထားသည့် 40W Supercharge နည်းပညာ၊ 3D bionic light dector၊ ကမ္ဘာ့ပထမဆုံး Dual SIM Dual VoLTE၊ ကမ္ဘာ့ပထမဆုံးသော dual-frequency GPS နှင့် အံသြဖွယ်ရာ Wi-Fi download speed 1.7 Gbps တို့ဖြင့် တုနှိုင်းမမှီသော အတွေ့အကြုံများဖြင့် ပေးစွမ်းသွားမည် ဖြစ်ပါသည်။ နောက်ဆုံးပေါ် နည်းပညာအမျိုးမျိုးနှင့် စွမ်းဆောင်ရည်မြင့်သော အဆင့်မြှင့်တင်မှုများ ပါဝင်သည့် Honor Magic2 သည် တစ်နှစ်တာလုံးအတွက် အကောင်းဆုံးဖုန်း မလွှဲမသွေ ဖြစ်လာမည်ဖြစ်ပြီး အဆင့်မြင့် နည်းပညာဈေးကွက်တွင် ထပ်တိုးအဆင့်မြှင့်တင်မှုများကို ရရှိလာမည် ဖြစ်ပါသည်။ ၎င်း၏ ဆက်လက်တိုးတက်မှုသည် ၅ နှစ်အတွင်း နိုင်ငံတကာတွင် ထိပ်ဆုံး မိုဘိုင်းဖုန်း အမှတ်တံဆိပ် သုံးခုတွင် ပါဝင်နိုင်ရမည်ဟူသော Honor ၏ ရည်မှန်းချက်အတွက် သိသာထင်ရှားသည့် ခြေလှမ်းသစ်တစ်ခုပင် ဖြစ်ပါသည်။

Honor Magic2 ကို တရုတ်နိုင်ငံတွင် Vmall၊ JD၊ Tmall၊ Suning၊ YHD နှင့် GOME တို့မှ ရောင်းချဈေးနှုန်း RMB 3,799 ဖြင့် နိုဝင်ဘာ ၅ ရက်နေ့မှစ၍ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါသည်။ တရုတ်နိုင်ငံတွင် တရားဝင်ရောင်းချမှုမှာ နိုဝင်ဘာ ၆ ရက်နေ့မှ စတင်မည်ဖြစ်သည်။

ယနေ့ညပွဲတွင် Honor သည် ၎င်း၏ပထမဦးဆုံး ဈေးကွက်ဦးဆောင် smartwatch ဖြစ်သည့် HONOR WATCH ကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။ 1.2-inch AMOLED round touchscreen နှင့် double-sided strap (နှစ်ဖက်ပါ နာရီကြိုး) တို့ ပါဝင်သည့် HONOR WATCH သည် ဈေးကွက်အတွင်း အပါးလွှာဆုံးသော smartwatch များတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ဈေးကွက်အတွင်း ပထမဦးဆုံးအနေဖြင့် dual chipset ဖြင့် တည်ဆောက်ထားသော ဤ smartwatch သည် တစ်ကြိမ်အားသွင်းထားပါက ၇ ရက်ကြာ အသုံးပြုနိုင်ပြီး အချိန်နှင့်တစ်ပြေးညီ နှလုံးခုန်နှုန်း ဖတ်ရှုတိုင်းတာခြင်း၊ တိကျစွာ နေရာရှာဖွေခြင်းနှင့် ကျန်းမာရေးဆိုင်ရာ တိုင်းတာခြင်းများကဲ့သို့သော လုပ်ဆောင်ချက်များ ပါဝင်ပါသည်။ ဤ gadget ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတကာတွင် ရောင်းချပေးရန် ရည်ရွယ်ထားပါသည်။