Zawgyi

Huawei ရဲ႕ Sub-Brand တစ္ခုျဖစ္တဲ့ Honor ဟာ နည္းပညာ အသစ္အဆန္း မ်ားစြာ ပါဝင္လာတဲ့ Magic 2 ကို ေဘက်င္းမွာ မေန႔က မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ Magic 2 ဟာ မူလ ပထမ Honor Magic ထက္ ဒီဇိုင္းပိုင္းမွာေရာ၊ စြမ္းေဆာင္ရည္ အပိုင္းမွာပါ အမ်ားႀကီး တိုးတက္ေျပာင္းလဲလာတဲ့ စမတ္ဖုန္း တစ္လုံး ျဖစ္ပါတယ္။

Honor Magic 2 Specifications
Magic 2 ရဲ႕ Operating System အပိုင္းအတြက္ Android 9.0 Pie ကို ျပန္လည္ ဆန္းသစ္ထားတဲ့ Magic UI 2.0 ကို အသုံးျပဳထားတာ ျဖစ္ပါတယ္။ Display အပိုင္းအတြက္ ၆.၃၉ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ FHD+ AMOLED Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2340 pixels ရွိပါတယ္။ DCI-P3 (108%) Colour Gamut ေထာက္ပံ့မႈ ပါရွိၿပီး Screen-to-Body Ratio ကလည္း Notchless Display ျဖစ္တာေၾကာင့္ 91.5% အထိ ရွိလာပါတယ္။

Processor အပိုင္းအတြက္ HiSilicon Kirin 980 SoC (7nm) ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 6GB ဒါမွမဟုတ္ 8GB ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ Memory Storage ကိုလည္း 128GB နဲ႔ 256GB ဆိုၿပီး ၂မ်ိဴး ထည့္သြင္းေပးထားပါတယ္။

ကင္မရာ အပိုင္းအတြက္ 16MP Primary Sensor (f/1.8) + 24MP Monochrome Sensor (f/1.8) + 16MP Super Wide-angle Lens (f/2.2) ကင္မရာ ၃လုံးကို ေနာက္ေက်ာဘက္မွာ ေဒါင္လိုက္ တပ္ဆင္ထားပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာလည္း 16MP Primary Sensor (f/2.0) + 2MP (f/2.4) + 2MP (f/2.4) ကင္မရာေတြကို Camera Slider ထဲမွာ ထည့္သြင္းတပ္ဆင္ထားၿပီး၊ အဆိုပါ ကင္မရာ ေတြကေန တစ္ဆင့္ 3D Face Unlock စနစ္ကို အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ Security အပိုင္းအတြက္ 3D Face Unlock စနစ္ပါဝင္တဲ့အျပင္ In-Display Fingerprint နည္းပညာပါ ထည့္သြင္းေပထား ပါေသးတယ္။

ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3500mAh ထည့္သြင္းထားၿပီး 40W Magic Charge အျမန္အားသြင္းစနစ္လည္း ပါဝင္ဦးမွာပါ။ Honor ရဲ႕ ေျပာၾကားခ်က္မ်ားအရ သူတို႔ရဲ႕ အျမန္အာသြင္းစနစ္က 0 to 100 အားအျပည့္သြင္းဖို႔ဆိုရင္ ၅၅မိနစ္သာ လိုအပ္တယ္လို႔ သိရပါတယ္။

Honor Magic 2 ကို တ႐ုတ္ႏိုင္ငံမွာ စတင္ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ RAM 6GB/ Storage 128GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၃,၇၉၉ (ျမန္မာေငြ ၈၇၀,၀၀၀ ဝန္းက်င္)၊ RAM 8GB/ Storage 128GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၄,၂၉၉ (ျမန္မာေငြ ၉၈၅,၀၀၀ ဝန္းက်င္)၊ RAM 8GB/ Storage 256GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၄,၇၉၉ (ျမန္မာေငြ ၁၁သိန္း ဝန္းက်င္ ) က်သင့္မွာ ျဖစ္ပါတယ္။

Ref: gadgets.ndtv

Unicode

In-Display Fingerprint, Triple Camera, Notchless Display, Camera Slider တွေနဲ့ ပွဲထွက်ခဲ့တဲ့ Honor Magic 2

Huawei ရဲ့ Sub-Brand တစ်ခုဖြစ်တဲ့ Honor ဟာ နည်းပညာ အသစ်အဆန်း များစွာ ပါဝင်လာတဲ့ Magic 2 ကို ဘေကျင်းမှာ မနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Magic 2 ဟာ မူလ ပထမ Honor Magic ထက် ဒီဇိုင်းပိုင်းမှာရော၊ စွမ်းဆောင်ရည် အပိုင်းမှာပါ အများကြီး တိုးတက်ပြောင်းလဲလာတဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။

Honor Magic 2 Specifications
Magic 2 ရဲ့ Operating System အပိုင်းအတွက် Android 9.0 Pie ကို ပြန်လည် ဆန်းသစ်ထားတဲ့ Magic UI 2.0 ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Display အပိုင်းအတွက် ၆.၃၉ လက်မ မျက်နှာပြင် အကျယ်ရှိ FHD+ AMOLED Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2340 pixels ရှိပါတယ်။ DCI-P3 (108%) Colour Gamut ထောက်ပံ့မှု ပါရှိပြီး Screen-to-body ratio ကလည်း Notchless Display ဖြစ်တာကြောင့် 91.5% အထိ ရှိလာပါတယ်။

Processor အပိုင်းအတွက် HiSilicon Kirin 980 SoC (7nm) ကို အသုံးပြုထားပြီး RAM အနေနဲ့ 6GB ဒါမှမဟုတ် 8GB ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Memory Storage ကိုလည်း 128GB နဲ့ 256GB ဆိုပြီး ၂မျိူး ထည့်သွင်းပေးထားပါတယ်။

ကင်မရာ အပိုင်းအတွက် 16MP Primary Sensor (f/1.8) + 24MP Monochrome Sensor (f/1.8) + 16MP Super Wide-angle Lens (f/2.2) ကင်မရာ ၃လုံးကို နောက်ကျောဘက်မှာ ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာလည်း 16MP Primary Sensor (f/2.0) + 2MP (f/2.4) + 2MP (f/2.4) ကင်မရာတွေကို Camera Slider ထဲမှာ ထည့်သွင်းတပ်ဆင်ထားပြီး၊ အဆိုပါ ကင်မရာ တွေကနေ တစ်ဆင့် 3D Face Unlock စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Security အပိုင်းအတွက် 3D Face Unlock စနစ်ပါဝင်တဲ့အပြင် In-display Fingerprint နည်းပညာပါ ထည့်သွင်းပေထား ပါသေးတယ်။

ဘက်ထရီ သိုလှောင်မှု ပမာဏ 3500mAh ထည့်သွင်းထားပြီး 40W Magic Charge အမြန်အားသွင်းစနစ်လည်း ပါဝင်ဦးမှာပါ။ Honor ရဲ့ ပြောကြားချက်များအရ သူတို့ရဲ့ အမြန်အာသွင်းစနစ်က 0 to 100 အားအပြည့်သွင်းဖို့ဆိုရင် ၅၅မိနစ်သာ လိုအပ်တယ်လို့ သိရပါတယ်။

Honor Magic 2 ကို တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမယ့် စျေးနှုန်းကတော့ RAM 6GB/ Storage 128GB မော်ဒယ်ကို တရုတ်ငွေ ၃,၇၉၉ (မြန်မာငွေ ၈၇၀,၀၀၀ ဝန်းကျင်)၊ RAM 8GB/ Storage 128GB မော်ဒယ်ကို တရုတ်ငွေ ၄,၂၉၉ (မြန်မာငွေ ၉၈၅,၀၀၀ ဝန်းကျင်)၊ RAM 8GB/ Storage 256GB မော်ဒယ်ကို တရုတ်ငွေ ၄,၇၉၉ (မြန်မာငွေ ၁၁သိန်း ဝန်းကျင် ) ကျသင့်မှာ ဖြစ်ပါတယ်။

Ref: gadgets.ndtv