Honor ဟာ စွမ်းရည်မြင့် Magic 6 Series ကို ကြေညာဖို့ ပြင်ဆင်နေပြီး Pro မော်ဒယ်ဟာ တရုတ်က 3C မှာ မှတ်ပုံတင်ထားပါတယ်။ 3C မှာ Honor Magic 6 Pro ရဲ့ မော်ဒယ်နံပါတ်က BVL-AN16 ဖြစ်ပြီး 5G ကွန်ရက်ထောက်ပံ့ထားပါတယ်။

ဒါပေမယ့် စိတ်ဝင်စားစရာ အကောင်းဆုံးက ဂြိုလ်တုဆက်သွယ်ရေး ဖြစ်ပါတယ်။ Honor ရဲ့ အထွေထွေမန်နေဂျာ Li Kun က ဂြိုလ်တု အခြေပြု ဆက်သွယ်ရေးကို ကုမ္ပဏီက တိုးတက်အောင်ပြုလုပ်နေတယ်လို့ အရင်က ပြောကြားထားပါတယ်။

Honor Magic 6 ဟာလည်း ပြီးခဲ့တဲ့လက 3C မှာ မှတ်ပုံတင်ထားပြီး မော်ဒယ်နံပါတ်က BVL-AN00 ဖြစ်ပါတယ်။ ဂြိုလ်တု ဆက်သွယ်ရေး ပါလာမယ်လို့ မဖော်ပြထားတဲ့အတွက် အဲဒီ လုပ်ဆောင်ချက်ဟာ Pro မှာပဲ ပါလာနိုင်ပါတယ်။

Honor Magic 6 Pro မှာ Resolution မြင့်မားတဲ့ OLED မျက်နှာပြင်နဲ့ အရှေ့ ကင်မရာ ၂ လုံးအတွက် ဆေးတောင့်ပုံ Cutout ပါလာနိုင်ပါတယ်။ Android 14 အခြေပြု Magic OS 8.0 မောင်းနှင်ထားနိုင်ပါတယ်။ Snapdragon 8 Gen 3 Chipset ၊ Security Chip နဲ့ AI လုပ်ဆောင်ချက်တွေ ထည့်သွင်းထားနိုင်ပါတယ်။

ဒုတိယမျိုးဆက် Qinghai Lake Battery ပါလာနိုင်ပြီး အနောက်ဘက်ကို Nano-ceramic Glass နဲ့ တည်ဆောက်ထားနိုင်ပါတယ်။ ၁ လက်မ 50MP OmniVision OV50k Main ကင်မရာနဲ့ Variable Aperture ထည့်သွင်းထားနိုင်ပါတယ်။

Honor က Magic 6 Series ကြေညာမယ့်နေ့ကို မပြောသေးပါဘူး။

Ref : gizmochina